Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 7:13 - Common Language Bible

13 ကုန်​သွယ်​သူ​သည်​မိ​မိ​ရောင်း​လိုက်​သည့်​မြေ​ယာ ကို​ပြန်​လည်​ရ​ရှိ​ရန် အ​သက်​ရှည်​နိုင်​လိမ့်​မည် မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​လူ​တိုင်း​နှင့် ဆိုင်​သော​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို ပြန်​လည်​ပြင်​ဆင်​မည်​မ​ဟုတ်​သော​ကြောင့်​တည်း။ သူ​တို့​အ​ပြစ်​ကြောင့်​ဆိုး​ညစ်​သူ​တို့​သည် မ​သေ​ဘဲ​ကျန်​ရစ်​နိုင်​ကြ​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ဗျာ ဒိတ် ရူ ပါ ရုံ တော် သည်၊ ပြည် သား အ ပေါင်း တို့ နှင့် စပ် လျဉ်း သည့် အ လျောက် တစ် ယောက် မျှ ပြန် လာ ခွင့်၊ ဒု စ ရိုက် ပြု ရာ၌ အ သက် တည် ခွင့် မ ရ သည် နှင့် ရောင်း ချ သူ သည် အ သက် ရှင် သ မျှ ကာ လ ပတ် လုံး၊ ရောင်း ပြီး မြေ သို့ ပြန် နေ ခွင့် မ ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ရောင်း​သော​သူ​သည် အ​သက်​လွတ်​လျက် ရှိ​သော်​လည်း၊ ရောင်း​သော​မြေ​သို့ ပြန်၍​မ​လာ​ရ။ ထို​လူ​အ​စု​အ​ဝေး အ​ပေါင်း​တို့​နှင့်​ဆိုင်​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည် မ​ပြည့်​စုံ​ဘဲ​မ​နေ​ရ။ မ​တ​ရား​စွာ ကျင့်​သော​အား​ဖြင့် အ​ဘယ်​သူ​မျှ မ​တည်​နိုင်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ရောင်း​သော​သူ​သည် အသက်ရှင်​မည်​ဆို​လျှင်​လည်း မိမိ​ရောင်းလိုက်​သော​ပစ္စည်း​ကို ပြန်​ရ​မည်​မ​ဟုတ်​။ လူထု​တစ်ရပ်လုံး​နှင့်ဆိုင်သော ဗျာဒိတ်နိမိတ်​သည် ပြန်လှည့်​သွား​မည်​မ​ဟုတ်​။ လူ​တိုင်း အပြစ်​ပြု​ကြ​သောကြောင့် ဆက်၍​အသက်ရှင်​နေ​နိုင်​မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 7:13
11 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ဘု​ရင့်​အ​မည်​ဖြင့်​ရေး​၍​လက်​စွပ် တော်​တံ​ဆိပ်​ခတ်​နှိပ်​ထား​သည့်​အ​မိန့်​တော် စာ​ကို​မူ​မ​ဖျက်​မ​ပယ်​နိုင်။ သို့​သော်​လည်း သင်​တို့​အ​လို​ရှိ​သည့်​အ​တိုင်း​ယု​ဒ​အ​မျိုး သား​များ​ထံ​သို့​ငါ​၏​နာ​မည်​ဖြင့်​စာ​ရေး ၍​ဘု​ရင့်​လက်​စွပ်​တော်​တံ​ဆိပ်​ကို​ခတ်​နှိပ် လော့'' ဟု​မိန့်​တော်​မူ​၏။


အကြောင်းမူကား၊ ထိုသူသည် ဘုရားသခင်၏ အာဏာတော်ကို ဆန်လျက်၊ အနန္တတန်ခိုးရှင်တဘက် ကနေ၍ ကိုယ်ကိုခိုင်ခံ့စေ၏။


``မိ​မိ​၏​လုံ​ခြုံ​မှု​အ​တွက်​ထာ​ဝ​ရ​ဘု​ရား​ကို အား​ကိုး​မည့်​အ​စား​မိ​မိ​၏​စည်း​စိမ်​ချမ်း​သာ ကို အား​ကိုး​သူ​ကို​ကြည့်​ကြ​လော့။ သူ​သည်​ယုတ်​မာ​မှု​အား​ဖြင့်​မိ​မိ​၏​လုံ​ခြုံ​မှု​ကို ရှာ​သူ​ဖြစ်​၏'' ဟု​ဆို​ကြ​လိမ့်​မည်။


နံဝိညာဉ်ကို အစိုးရ၍ ချုပ်ထားနိုင်သော လူတ ယောက်မျှမရှိ။ သေချိန်ရောက်သောအခါ တန်ခိုးမရှိ။ ထိုစစ်မှုထဲက ထွက်စရာအခွင့်မရှိ။ ဒုစရိုက်ကို ပြုသော် လည်း၊ ဒုစရိုက်သည် ထိုအမှုထဲက မကယ်မနှုတ်နိုင်။


ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​ဗျာ​ဒိတ် ပေး​တော်​မူ​သည်​အ​တိုင်း​ပြု​ရ​မည်။ ကြန့်​ကြာ မှု​ရှိ​တော့​မည်​မ​ဟုတ်။ အ​ချင်း​ပုန်​ကန်​တတ်​သူ တို့၊ သင်​တို့​အား​ငါ​သ​တိ​ပေး​ခဲ့​သည့်​အ​တိုင်း သင်​တို့​လက်​ထက်​၌​ပင်​ငါ​ပြု​မည်။ ဤ​ကား​ငါ မိန့်​မြွက်​တော်​မူ​သည့်​စ​ကား​ဖြစ်​၏'' ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။


သို့​ဖြစ်​၍​ကြန့်​ကြာ​မှု​ရှိ​တော့​မည်​မ​ဟုတ်။ ငါ ဖော်​ပြ​ခဲ့​သည့်​အ​တိုင်း​ဖြစ်​လိမ့်​မည်​ဟု ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ​ဖြစ် ကြောင်း ထို​သူ​တို့​အား​ဆင့်​ဆို​လော့။ ဤ​ကား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မြွက်​တော်​မူ သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။


``သင်​တို့​သည် ငါ​မ​ညှိုး​ငယ်​စေ​လို​သော သူ​တော်​ကောင်း​တို့​အား​မု​သား​ကို​သုံး​၍ စိတ်​ပျက်​အား​လျော့​စေ​၏။ သင်​တို့​သည် ဆိုး​ညစ်​သူ​တို့​အား​အ​ကျင့်​ဆိုး​များ​ကို မ​စွန့်​လွှတ်​ကြ​စေ​ရန် အား​ပေး​အား​မြှောက် ပြု​၍​သူ​တို့​၏​အ​သက်​များ​ကို​ဆုံး​ရှုံး စေ​လေ​သည်။-


အ​ရောင်း​အ​ဝယ်​ပြု​လုပ်​ခဲ့​သော​ပစ္စည်း​ရှိ​သ​မျှ ကို ဤ​နှစ်​၌​မူ​လ​ပိုင်​ရှင်​လက်​သို့​ပြန်​လည်​ပေး အပ်​ရ​မည်။-


မြို့​ရိုး​မ​ရှိ​သော​ကျေး​ရွာ​များ​၌​ရှိ​သည့် အိမ်​များ​ကို​ရောင်း​ဝယ်​ရာ​တွင်​လယ်​ယာ များ​ကို​ရောင်း​ဝယ်​သည့်​နည်း​အ​တိုင်း​လိုက် နာ​ရ​မည်။ ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ နှစ်​တွင်​ထို​အိမ်​ကို​မူ​လ​ပိုင်​ရှင်​အား​ပြန် ပေး​ရ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ