ယေဇကျေလ 47:5 - Common Language Bible5 သူသည်ထပ်မံ၍ကိုက်ငါးရာခြောက်ဆယ် တိုင်းလိုက်သောအခါ ငါဖြတ်ကူး၍မရ သောမြစ်တစ်စင်းသို့ရောက်လာ၏။ ရေအလွန် နက်သဖြင့်ငါသည်ခြေထောက်၍မမီဘဲ လက်ပစ်ကူးရလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible5 အ တောင် တစ် ထောင် ရောက် တိုင်း တာ ပြန် သော်၊ ရေ နက် ပြီ ဖြစ် သော ကြောင့်၊ မ ဖော့ မ ကူး ဘဲ ဖြတ် သွား၍ မ ရ အောင် မြစ် ဖြစ် သော ထို ရေ ကို ငါ မ ဖြတ် နိုင် ချေ၊ အခန်းကိုကြည့်ပါ။Judson Bible5 တစ်ဖန် အတောင်တစ်ထောင်စေ့အောင် တိုင်းသောအခါ မကူးနိုင်သောမြစ် ဖြစ်လေ၏။ ရေထသောကြောင့် နင်း၍မကူးနိုင်၊ ခြေထောက်၍ မမီဘဲ ကူးရသောမြစ်ဖြစ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 တစ်ဖန် အရှည်အတောင်တစ်ထောင်ကိုထပ်တိုင်းပြန်ရာ ရေအလွန်နက်သောကြောင့် ငါသည် မြစ်ကိုဖြတ်မကူးနိုင်။ မြစ်သည် ဖြတ်ကူး၍မရတော့ဘဲ လက်ပစ်ကူးရသောအနေအထားသို့ ရောက်လေ၏။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့် ဇိအုန်တောင်တော်ပေါ်၌ ဘေးအန္တရာယ်ဖြစ်စေသည့်အရာသို့မဟုတ် ဆိုးညစ်သည့်အရာတစ်စုံတစ်ခုမျှ ရှိလိမ့်မည်မဟုတ်။ ပင်လယ်များသည်ရေနှင့်ပြည့်လျက်နေသကဲ့သို့၊ ထိုပြည်တော်သည်လည်းထာဝရဘုရားအား သိကျွမ်းမှုအသိပညာနှင့်ပြည့်ဝ၍နေလိမ့် မည်။
ထိုနောက်ငါကြည့်လိုက်သောအခါ အဘယ် သူမျှမရေမတွက်နိုင်သောလူအုပ်ကြီး ကိုတွေ့ရ၏။ သူတို့သည်ဘာသာစကား အမျိုးမျိုးကိုပြောဆိုသော လူမျိုးအနွယ် ခပ်သိမ်းတို့မှလာရောက်ကြသူများဖြစ် ကြ၏။ သူတို့သည်ဝတ်လုံဖြူများကိုဝတ် လျက်စွန်ပလွန်ခက်များကိုကိုင်ကာ ပလ္လင် တော်နှင့်သိုးသူငယ်တော်၏ရှေ့တွင်ရပ် လျက်နေကြ၏။-