ယေဇကျေလ 38:9 - Common Language Bible9 သူနှင့်စစ်သည်ဗိုလ်ခြေတို့သည်လည်းကောင်း၊ သူနှင့်အတူလိုက်ပါလာသည့်လူမျိုးတကာ တို့သည်လည်းကောင်း၊ ထိုပြည်ကိုမုန်တိုင်း သဖွယ်တိုက်ခိုက်ကာမိုးတိမ်သဖွယ်လွှမ်းမိုး ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible9 နောင် ကာ လ ချီ ဝင် လျက်၊ ထို ပြည် ကို မုန် တိုင်း သ ဖွယ်၊ လွှမ်း မိုး သော တိမ် တိုက် သ ဖွယ်၊ တပ် သား များ၊ အ ပေါင်း အ ပါ လူ မျိုး များ နှင့် တ ကွ၊ ချီ တက် ချီ ဝင် ရ လိမ့် မည် ဟု မိန့် တော် မူ ကြောင်း၊ အခန်းကိုကြည့်ပါ။Judson Bible9 သင်သည် မိုးသက်မုန်တိုင်းကဲ့သို့ တက်လာ၍၊ သင်၌ပါသမျှသော တပ်သားအလုံးအရင်းနှင့်တကွ၊ ထိုပြည်ကို မိုးအုံ့သကဲ့သို့ ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 သင်နှင့်သင်၏စစ်သည်အပေါင်းမှစ၍ သင်နှင့်အတူရှိသောလူအုပ်ကြီးသည် လေပြင်းမုန်တိုင်းကဲ့သို့ ချီတက်လာပြီး မိုးတိမ်ကဲ့သို့ ထိုပြည်ကို ဖုံးအုပ်လိမ့်မည်’ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်သူတို့အားတိုက်ခိုက် စေရန် တန်ခိုးခွန်အားကြီးမားသူတစ်ဦး ကိုအသင့်ထားရှိတော်မူ၏။ ထိုသူသည် မိုးသီးမုန်တိုင်းကဲ့သို့လည်းကောင်း၊ အဟုန် ပြင်းသည့်မိုးကဲ့သို့လည်းကောင်း၊ ထိန်းချုပ် ၍မရနိုင်သည့်မြစ်လျှံရေကဲ့သို့လည်း ကောင်း တစ်ပြည်လုံးကိုလွှမ်းခြုံနှိမ်နင်း ပစ်လိမ့်မည်။-
ထိုနေ့သည်မှောင်မိုက်အုံ့ဆိုင်းသောနေ့၊မည်း နက်လျက် မိုးတိမ်ထူထပ်သောနေ့ဖြစ်လိမ့်မည်။ တောင်ရိုးများကိုလွှမ်းခြုံလိုက်သည့် မှောင်ရိပ်ကဲ့သို့၊ကျိုင်းကောင်အုပ်ကြီးသည်ရှေ့သို့ ချီတက်လာလေသည်။ ဤသို့အဘယ်အခါကမျှဖြစ်ပျက်ခဲ့ဘူးသည်မရှိ။ နောင်အဘယ်အခါ၌မျှလည်းဖြစ်ပျက်လိမ့်မည် မဟုတ်။
ငါ၏လူမျိုးတော်ဣသရေလအမျိုးသား တို့အားမုန်တိုင်းသဖွယ်စစ်ဆင်တိုက်ခိုက် လိမ့်မည်။ အသင်ဂေါဂအချိန်ကျသော အခါငါ၏ပြည်ကိုတိုက်ခိုက်စေရန် သင့် အားစေလွှတ်မည်။ ဤနည်းအားဖြင့်ငါ သည်အဘယ်သူဖြစ်ကြောင်းလူမျိုးတကာ တို့အားသိရှိစေလိမ့်မည်။ သင့်ကိုငါပြု စေသောအမှုများအားဖြင့်လည်း ငါ၏ သန့်ရှင်းမြင့်မြတ်သောနာမတော်ကို ပေါ်လွင်စေလိမ့်မည်။-
ဆင်းရဲသူနှင့် ခိုကိုးရာမဲ့သူတို့သည် ကိုယ်တော်ရှင်၏ထံတော်သို့ခိုလှုံကြသဖြင့် ဒုက္ခရောက်ချိန်၌ဘေးမဲ့လုံခြုံမှုကိုရရှိကြ ပါပြီ။ ကိုယ်တော်ရှင်သည်သူတို့အားမိုးသက်မုန်တိုင်းမှ အကာအကွယ်ကိုလည်းကောင်း၊ ပြင်းထန်သည့်အပူရှိန်မှခိုလှုံရန်အရိပ် အာဝါသ ကိုလည်းကောင်းပေးတော်မူပါ၏။ ရက်စက်ကြမ်းကြုတ်သူတို့၏တိုက်ခိုက်မှုသည်၊ ဆောင်းလေပြင်းနှင့်လည်းကောင်း၊
``ဆီးရီးယားဘုရင်၏နန်းသက်ကုန်ဆုံး ချိန်နီးသောအခါ အီဂျစ်ဘုရင်သည်ထို မင်းကိုစစ်ချီတိုက်ခိုက်လိမ့်မည်။ ဆီးရီး ယားဘုရင်ကလည်းမြင်းစီးသူရဲများ နှင့် သင်္ဘောအမြောက်အမြားကိုအသုံး ပြုကာအစွမ်းကုန်ပြန်လည်တိုက်ခိုက် လိမ့်မည်။ သူသည်မြစ်လျှံရေသဖွယ်နိုင်ငံ များစွာကိုချဉ်းနင်းဝင်ရောက်လိမ့်မည်။-
အီဂျစ်ပြည်၏တန်ခိုးအာဏာတည်းဟူ သောထမ်းပိုးကို ငါချိုးနှိမ်သောအခါသူ တို့ဂုဏ်ယူဝါကြွားသည့်စွမ်းရည်သတ္တိ ကိုပပျောက်စေမည်။ တာပနက်မြို့သည် မှောင်မိုက်၍နေလိမ့်မည်။ အီဂျစ်ပြည်တွင် မိုးတိမ်များအုပ်ဆိုင်းလျက်မြို့အားလုံး မှလူတို့သည်သုံ့ပန်းအဖြစ်ဖမ်းဆီး သိမ်းယူသွားခြင်းကိုခံရကြလိမ့်မည်။-