ယေဇကျေလ 34:18 - Common Language Bible18 သင်တို့အချို့သည်မြက်အကောင်းဆုံးကို စားရကြသော်လည်းကျေနပ်မှုမရှိ။ မိမိ တို့မစားသည့်မြက်များကိုခြေဖြင့်နင်း ကြပါသည်တကား။ သင်တို့သည်ရေကြည် ကိုသောက်၍သင်တို့မသောက်သည့်ရေကို နောက်ကျိအောင်ပြုကြပါသည်တကား။- အခန်းကိုကြည့်ပါ။Garrad Bible18 ကောင်း မွန် သော စား ကျက် တွင် ကျက် စား ခွင့် မ လုံ လောက် သည့် အ တွက် စား ကြွင်း ကို နင်း ချေ ခြင်း၊ ကြည် လင် သော ရေ သောက် ခွင့် မ လုံ လောက် သည့် အ တွက်၊ သောက် ကြွင်း ကို ခြေ ဖြင့် မွှေ နှောက် ခြင်း ပြု ကြ သေး သ လော၊ အခန်းကိုကြည့်ပါ။Judson Bible18 သင်တို့သည် ကောင်းသော ကျက်စားရာအရပ်၌ စားသည်သာမက၊ ကျန်သောမြက်ပင်ကိုနင်းသော အမှုသည် သာမညအမှုဖြစ်သည်ဟု ထင်မှတ်ကြသလော။ ကြည်သောရေကိုသောက်သည်သာမက၊ ကျန်သောရေကို ခြေနှင့် နောက်စေသောအမှုသည် သာမညအမှုဖြစ်သည်ဟု ထင်မှတ်ကြသလော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 သင်တို့သည် ကောင်းသောစားကျက်မြေ၌ ကျက်စားရသည်မှာ မလုံလောက်သေး၍ ကျန်သောစားကျက်မြေကို နင်းချေပစ်ရသလော။ ကြည်လင်သန့်ရှင်းသောရေကို သောက်ရသည်မှာ မလုံလောက်သေး၍ ကျန်သောရေကို နောက်ကျိအောင် မွှေနှောက်ပစ်ရသလော။ အခန်းကိုကြည့်ပါ။ |
အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည် အကျွန်ုပ်အား ယခင်ကထက်ပင်ပို၍ကျေးဇူး ပြုတော်မူပါသည်တကား။ လာလတ္တံ့သော ကာလ၌အကျွန်ုပ်၏သားမြေးတို့အတွက် ကတိတော်ပေးတော်မူပါပြီ။ အို အရှင် ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဤ အကြောင်းကိုလူတစ်ယောက်အားအသိ ပေးတော်မူပါသည်တကား။-
လူမိုက်သည်မိုက်မဲသည့်စကားကိုပြောဆို၍ ဆိုးညစ်သောအမှုများကိုပြုရန်ကြံစည် တတ်၏။ သူပြုသောအမှုနှင့်သူပြောသော စကားတို့သည်ဘုရားသခင်အားစော်ကား ရာရောက်၏။ သူသည်ဆာငတ်မွတ်သိပ်သူတို့ကို အဘယ်အခါ၌မျှမကျွေးမွေး။ ရေငတ်သူ တို့ကိုလည်းအဘယ်အခါ၌မျှရေမတိုက်။-