ယေဇကျေလ 28:25 - Common Language Bible25 အရှင်ထာဝရဘုရားက``ကွဲလွင့်လျက် နေရာနိုင်ငံများမှ ဣသရေလအမျိုးသား တို့အားတစ်ဖန်ပြန်၍ငါစုသိမ်းမည်။ ငါ သည်သန့်ရှင်းမြင့်မြတ်တော်မူကြောင်းလူ မျိုးတကာတို့သိရှိကြလိမ့်မည်။ ဣသ ရေလအမျိုးသားတို့သည်မိမိတို့ကိုယ် ပိုင်ပြည်၊ ငါ၏အစေခံယာကုပ်အားငါ ပေးအပ်သည့်ပြည်၌နေရကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible25 ငါ အ ရှင် ထာ ဝ ရ ဘု ရား က လည်း၊ ငါ သည် ကွဲ လွင့် လျက် နေ ရာ လူ အ မျိုး မျိုး မှ၊ ဣ သ ရေ လ အ မျိုး သား တို့ ကို စု သိမ်း သ ဖြင့်၊ လူ မျိုး ခြား တို့ ရှေ့ သီး သန့် ရာ ရောက် သည့် ကာ လ၊ ငါ့ ကျွန် ယာ ကုပ် အား သ နား ခဲ့ သော ပြည် ရင်း တွင်၊ လုံ ခြုံ စွာ နေ ထိုင် ခွင့် ပေး မည့် အ လျောက်၊ အခန်းကိုကြည့်ပါ။Judson Bible25 တစ်ဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့သည် ကွဲပြားလျက်နေသော လူအမျိုးမျိုးထဲက ငါခေါ်၍စုဝေးသောအခါ၊ သူတို့အားဖြင့် လူမျိုးများရှေ့၌ ရိုသေခြင်းကိုငါခံ၍၊ ငါ့ကျွန်ယာကုပ်အား ငါအရင်ပေးသောပြည်၌ သူတို့သည် နေကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း25 တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘အစ္စရေးလူမျိုးတို့ကို ကွဲလွင့်ရာအရပ်ရပ် လူမျိုးတကာတို့ထံမှ ပြန်လည်စုဝေးစေမည်။ ငါသည် သန့်ရှင်းသောဘုရားဖြစ်ကြောင်းကို လူမျိုးတကာတို့အား သိစေမည်။ ငါ့အစေအပါးယာကုပ်အား ငါပေးခဲ့သောပြည်တွင် အစ္စရေးလူမျိုးတို့ နေထိုင်ရကြမည်။ အခန်းကိုကြည့်ပါ။ |
သူတို့သည်မိမိတို့ဘိုးဘေးများနေထိုင် ခဲ့ကြသည့်ပြည်တည်းဟူသောငါ၏အစေ ခံယာကုပ်အား ငါပေးအပ်သည့်ပြည်တွင် နေထိုင်ရကြလိမ့်မည်။ သူတို့နည်းတူသူ တို့၏သားသမီးများနှင့်အဆက်အနွယ် အပေါင်းတို့သည်ထိုပြည်တွင်အစဉ်အမြဲ နေထိုင်ရကြလိမ့်မည်။ ငါ၏အစေခံဒါဝိဒ် ကဲ့သို့သောဘုရင်သည်သူတို့ကိုအစဉ် အုပ်စိုးလိမ့်မည်။-
သူတို့သည်ယင်းသို့ကျိန်ဆိုမည့်အစား၊ ငါ့ အားဣသရေလပြည်သားတို့ကိုမြောက် ဘက်ပြည်မှလည်းကောင်း၊ သူတို့အားငါကွဲ လွင့်စေရာအခြားပြည်အပေါင်းမှလည်း ကောင်း ပြန်လည်ခေါ်ဆောင်လာသည့်အသက် ရှင်တော်မူသောဘုရားသခင်အဖြစ်ဖြင့် တိုင်တည်ကျိန်ဆိုကြလိမ့်မည်။ ထိုနောက်သူ တို့သည်မိမိတို့ကိုယ်ပိုင်ပြည်တွင်နေထိုင် ရကြလတ္တံ့'' ဟုမိန့်တော်မူ၏။
ကျွန်တော်မျိုးတို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကျွန်တော်မျိုးတို့အားကယ်မူပါ၏။ ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သည့်နာမ တော်ကို ထောမနာပြုနိုင်ကြစေရန်လည်းကောင်း၊ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းနိုင် ကြစေရန်လည်းကောင်း ကျွန်တော်မျိုးတို့အားလူမျိုးတကာတို့ အထဲမှ ပြန်လည်ခေါ်ဆောင်တော်မူပါ။
ထိုမြို့ရှိလူတို့အားငါအရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကိုဆင့်ဆိုလော့။ ဇိဒုန် မြို့၊ ငါသည်သင်၏ရန်သူဖြစ်၏။ သင့်ကိုငါ ပြုသည့်အမှုအတွက်လူတို့သည် ငါ့အား ထောမနာပြုကြလိမ့်မည်။ ငါသည်သင်၏ လူတို့အားအပြစ်ဒဏ်ပေး၍ ငါ၏သန့်ရှင်း မြင့်မြတ်မှုကိုပြသောအခါငါသည်ထာ ဝရဘုရားဖြစ်တော်မူကြောင်းသူတို့သိ ရှိကြလိမ့်မည်။-
ယုဒပြည်သားတို့နှင့်ဣသရေလပြည် သားတို့သည်ပြန်လည်ပေါင်းစည်းကြလိမ့် မည်။ သူတို့သည်သူတို့အတွက်ခေါင်းဆောင် တစ်ဦးကိုရွေးကောက်တင်မြှောက်ကြလိမ့် မည်။ သူတို့သည်မိမိတို့နိုင်ငံတွင်ကြီးပွား တိုးတက်လာကြလိမ့်မည်။ ယေဇရေလနေ့ သည်နေ့ကြီးရက်ကြီးဖြစ်လိမ့်မည်'' ဟုမိန့် တော်မူ၏။
သစ်ပင်များသည်အသီးသီးကြလျက်လယ် ပြင်တို့သည် အသီးအနှံထွက်ကြလိမ့်မည်။ လူ အပေါင်းတို့သည်မိမိတို့ပြည်တွင်ဘေးမဲ့ လုံခြုံစွာနေထိုင်ရကြလိမ့်မည်။ ငါသည်မိမိ လူမျိုးတော်အားချည်နှောင်ထားသောထမ်း ပိုးများကိုဖြတ်တောက်၍ သူတို့အားကျွန် ဘဝမှလွတ်မြောက်စေသောအခါ ငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်းသူတို့ သိရှိကြလိမ့်မည်။-
ထာဝရဘုရားက``ငါ၏လူမျိုးတော်ဣသရေလ အမျိုးသားတို့အား ငါအမွေပေးအပ်ခဲ့သည့် ပြည်တော်ကိုပျက်စီးယိုယွင်းစေသော ဣသရေလ ပြည်၏အိမ်နီးချင်းနိုင်ငံတို့နှင့်ပတ်သက်၍ငါ ပြောစရာရှိ၏။ ငါသည်ထိုသူယုတ်မာတို့အား အမြစ်ပြုတ်သည့်အပင်ငယ်ကဲ့သို့သူတို့ပြည် မှဆွဲထုတ်မည်။ ယုဒပြည်ကိုသူတို့လက်မှ ဆွဲထုတ်ကယ်ဆယ်မည်။-