ယေဇကျေလ 26:18 - Common Language Bible18 ယင်းမြို့ပြိုလဲသောနေ့၌ကမ်းခြေဒေသ တို့သည် တုန်လှုပ်ကြကုန်၏။ ပင်လယ်ထဲရှိကျွန်းများတို့သည်လည်းဤမြို့ ပျက်စီးရပုံကိုမြင်၍ကြောက်လန့်ကြ၏။'' ဟူ၍တည်း။ အခန်းကိုကြည့်ပါ။Garrad Bible18 သင် ပြို လဲ သည့် ကာ လ၊ သ မု ဒ္ဒ ရာ ကမ်း ခြေ တုန် လှုပ် ခြင်း၊ ကွယ် လွန် သ ဖြင့်၊ သ မု ဒ္ဒ ရာ ရှိ ကျွန်း များ ထိတ် လန့် ခြင်း၊ ခံ ရ ကြ လ တ္တံ့ ဟု မိန့် ဆို ၏။ အခန်းကိုကြည့်ပါ။Judson Bible18 သင်ပြိုလဲသောနေ့တွင် တစ်ကျွန်းတစ်နိုင်ငံအရပ်တို့သည် တုန်လှုပ်၍၊ သင်ကွယ်ပျောက်သောကြောင့် ပင်လယ်၌ရှိသော ကျွန်းများတို့သည် ထိတ်လန့်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 ယခု သင်ပြိုလဲသောနေ့တွင် ကမ်းရိုးတန်းဒေသတို့သည် ကြောက်ရွံ့တုန်လှုပ်ကြလေပြီ။ သင်ကွယ်ပျောက်သွားသောနေ့တွင် ပင်လယ်ကမ်းရိုးတန်းဒေသတို့သည် ထိတ်လန့်ကြလေပြီဟု သင့်အား ဆိုကြလိမ့်မည်’ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား``မရ ဏာနိုင်ငံသို့အာရစ်ပင်သက်ဆင်းသောနေ့၌ ငါသည်မြေအောက်ရှိမြစ်များကိုငိုကြွေး မြည်တမ်းသည့်လက္ခဏာဖြင့်ဖုံးလွှမ်းစေမည်။ ငါသည်မြစ်များကိုရပ်တန့်စေ၍ချောင်း များကိုရေမစီးစေဘဲထားမည်။ ထိုအာရစ် ပင်သေပြီဖြစ်သောကြောင့် ငါသည်လေဗနုန် တောင်တွင်မှောင်မိုက်ကျစေ၍ တောအတွင်း ရှိသစ်ပင်အပေါင်းကိုညှိုးနွမ်းခြောက်သွေ့ သွားစေမည်။-