Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 23:18 - Common Language Bible

18 သူ​သည်​အ​များ​ပြည်​သူ​တို့​ရှေ့​၌​အ​ဝတ် အ​ချည်း​စည်း​နှင့်​နေ​၍ လူ​တိုင်း​အား​မိ​မိ သည်​ပြည့်​တန်​ဆာ​ဖြစ်​ကြောင်း​ကို​သိ​စေ​၏။ ငါ​သည်​သူ​၏​အစ်​မ​ကို​စက်​ဆုပ်​သ​ကဲ့​သို့ သူ့​ကို​လည်း​စက်​ဆုပ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 အစ် မ ကို ငါ မေ တ္တာ ကုန် သည့် နည်း တူ၊ ရှက် ဖွယ် ရာ ပြည့် တန် ဆာ မှု များ ကို ဖော် ပြ သ ဖြင့်၊ မေ တ္တာ ကုန် စေ သော ညီ မ သည်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ထို​သို့ မ​တ​ရား​သော မေ​ထုန်​ကို​ပြု​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း​ကို ထင်​ရှား​ဖော်​ပြ​သော​ကြောင့်၊ ငါ​သည် သူ​အစ်​မ​ကို ရွံ​ရှာ​သ​ကဲ့​သို့၊ သူ့​ကို​လည်း​ရွံ​ရှာ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 သူ​သည် ပေါ်ပေါ်ထင်ထင်​ဖောက်ပြန်မှားယွင်း​၏​။ အဝတ်အချည်းစည်း​နေ​၏​။ ထို့ကြောင့် ငါ​သည် သူ့​အစ်မ​ကို စွန့်ထား​ခဲ့​သကဲ့သို့ သူ့​ကို​လည်း စွန့်ထား​ခဲ့​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 23:18
20 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု တော်​အား အ​မျက်​ထွက်​တော်​မူ​၏။ သူ​တို့​အား​စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​၏။


မိ​မိ​၏​လူ​စု​တော်​ယင်း​သို့​ပြု​ကြ​သည်​ကို တွေ့​မြင်​တော်​မူ​သော​အ​ခါ ကိုယ်​တော်​သည်​အ​မျက်​ထွက်​လျက်​သူ​တို့​အား လုံး​လုံး​စွန့်​ပစ်​တော်​မူ​၏။


သူ​တို့​၏​မျက်​နှာ​အ​မူ​အ​ရာ​က​သူ​တို့​တွင် အ​ပြစ်​ရှိ​ကြောင်း​ဖော်​ပြ​သက်​သေ​ခံ​လျက် ရှိ​ပေ​သည်။ သော​ဒုံ​မြို့​မှ​လူ​များ​ကဲ့​သို့​သူ တို့​သည်​အ​ပြစ်​ကို​ပေါ်​လွင်​ထင်​ရှား​စွာ​ပြု ကြ​၏။ သူ​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ မိ​မိ တို့​ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​ကို​သူ​တို့ ကိုယ်​တိုင်​ပင်​ဖန်​တီး​ပေး​ကြ​လေ​ပြီ။


မိ​မိ​တို့​၏​ရုပ်​တု​များ​ကို​အိမ်​တံ​ခါး​နှင့် တံ​ခါး​တိုင်​အ​တွင်း​ဘက်​တွင်​ကပ်​၍​ထား ကြ​၏။ သင်​တို့​သည်​ငါ့​ကို​စွန့်​ပစ်​ကြ​၏။ မိ​မိ တို့​၏​အ​ဝတ်​ဖုံး​များ​ကို​ဖယ်​ရှား​ပြီး​လျှင် အိပ်​ရာ​ကြီး​များ​ပေါ်​သို့​ချစ်​သူ​များ​နှင့် အ​တူ​တက်​၍​မိ​မိ​တို့​၏​ရာ​ဂ​စိတ်​ကို ရောင့်​ရဲ​စေ​ကြ​၏။ သင်​တို့​သည်​ထို​သူ​တို့ နှင့်​အိပ်​စက်​ရန်​အ​ခ​ကြေး​ငွေ​ကို​လည်း ပေး​ရ​ကြ​၏။-


ငါ​ရွေး​ချယ်​ထား​သည့်​ငါ​၏​အ​မွေ​ခံ​တို့​သည် တော​တွင်း​မှ​ခြင်္သေ့​ကဲ့​သို့​ငါ့​ကို​တော်​လှန်​ကြ လေ​ပြီ။ သူ​တို့​သည်​ငါ့​ကို​ဟိန်း​ဟောက်​ကြ​သ​ဖြင့် ငါ​သည်​သူ​တို့​ကို​မုန်း​၏။


ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား``အ​ကယ် ၍​မော​ရှေ​နှင့်​ရှ​မွေ​လ​တို့​ဤ​တွင်​ရပ်​လျက် ငါ့ အား​တောင်း​ပန်​လျှောက်​လဲ​ကြ​စေ​ကာ​မူ ငါ သည်​ဤ​သူ​တို့​အား​က​ရု​ဏာ​ပြ​လိမ့်​မည် မ​ဟုတ်။ သူ​တို့​အား​ငါ​၏​ရှေ့​မှောက်​မှ​ထွက် ခွာ​သွား​စေ​ရန်​နှင်​ထုတ်​လော့။-


အို ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​သည်​ဤ အ​မှု​အ​ရာ​များ​မှ​သင်​ခန်း​စာ​ယူ​ကြ​လော့။ သို့​မ​ဟုတ်​ပါ​မူ​ငါ​သည်​သင်​တို့​အား​အ​စဉ် စွန့်​ပစ်​မည်။ သင်​တို့​မြို့​ကို​လူ​သူ​ကင်း​မဲ့​ရာ သွေ့​ခြောက်​သော​ဒေ​သ​အ​ဖြစ်​သို့​ငါ​ပြောင်း လဲ​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။


ငါ​၏​လူ​မျိုး​တော်​သည်​ငါ​စက်​ဆုတ်​သည့် အ​မှု​အ​ရာ​တို့​ကို​ပြု​ကျင့်​သည့်​အ​တွက်​ရှက် ကြောက်​ကြ​သ​လော။ သင်​တို့​အ​လျှင်း​မ​ရှက် မ​ကြောက်​ကြ။ သင်​တို့​သည်​ရှက်​သွေး​ပင်​မ​သန်း တတ်​ကြ။ သို့​ဖြစ်​၍​သင်​တို့​သည်​အ​ခြား​သူ များ​နည်း​တူ​ပြို​လဲ​ရ​ကြ​လိမ့်​မည်။ ငါ​အ​ပြစ် ဒဏ်​ခတ်​သော​အ​ခါ​သင်​တို့​နာ​လန်​ထူ​နိုင် ကြ​တော့​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘုရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။


ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​ယဇ်​ပလ္လင်​တော်​ကို​လည်း​ကောင်း၊သန့်​ရှင်း မြင့်​မြတ်​သည့်​ဗိ​မာန်​တော်​ကို​လည်း​ကောင်း ပစ်​ပယ်​တော်​မူ​၍​ရန်​သူ​တို့​အား​ဗိ​မာန်​တော် နံ​ရံ​များ​ကို​ဖြို​ချ​ခွင့်​ပေး​တော်​မူ​၏။ သူ​တို့​သည်​လည်း​ငါ​တို့​ရွှင်​လန်း​ဝမ်း​မြောက်​စွာ ကိုး​ကွယ်​ဝတ်​ပြု​ခဲ့​ကြ​သည့်​ဌာ​န​တော်​တွင် အောင်​သံ​ပေး​၍​ကြွေး​ကြော်​ကြ​၏။


အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``သင်​သည်​ကာ​မ​ရာ​ဂ​ကြီး​လျက်​အ​ဝတ် များ​ကို​ချွတ်​၍ ပြည့်​တန်​ဆာ​ကဲ့​သို့​မိ​မိ ကိုယ်​ကို​ချစ်​သူ​များ​သို့​လည်း​ကောင်း၊ စက် ဆုပ်​ဖွယ်​ကောင်း​သည့်​ရုပ်​တု​များ​သို့​လည်း ကောင်း​ပေး​အပ်​ကာ မိ​မိ​၏​သား​သ​မီး​များ အား​ရုပ်​တု​များ​ကို​ပူ​ဇော်​ရာ​ယဇ်​ကောင် များ​အ​ဖြစ်​ဖြင့်​သတ်​၏။-


သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာဝရ​ဘု​ရား​မိန့်​တော်​မူ သည်​ကား သင်​တို့​၏​ပုန်​ကန်​မှု​ကြောင့်​သင်​တို့ ၏​အ​ပြစ်​များ​ကို​အ​မှတ်​ရ​စေ​ပြီ။ သင်​တို့​၏ အ​ကျင့်​အ​ကြံ​ဟူ​သ​မျှ​က သင်​တို့​၏​အ​ပြစ် များ​ကို​ပေါ်​လွင်​လာ​စေ​၏။ သင်​တို့​ဤ​သို့ ပြု​သည်​ဖြစ်​၍ ငါ​သည်​သင်​တို့​ကို​ရန်​သူ များ​၏​လက်​သို့​ပေး​အပ်​မည်။


သူ​တို့​သည်​သူ့​အား​အ​ဝတ်​အ​ချည်း​စည်း ဖြစ်​စေ​လျက် သူ​၏​သား​သ​မီး​များ​ကို​ဖမ်း ဆီး​ကြ​၏။ ထို​နောက်​သူ့​ကို​ဋ္ဌား​နှင့်​ခုတ်​သတ် ကြ​၏။ သူ​၏​ဖြစ်​ရပ်​ကို​နေ​ရာ​တ​ကာ​တွင် အ​မျိုး​သ​မီး​တို့​အ​တင်း​ပြော​ဆို​ကြ​၏။


သူ​သည်​အီ​ဂျစ်​ပြည်​တွင်​သူ​ငယ်​မ​အ​ရွယ် မှ​စ​၍​ပြု​ကျင့်​ခဲ့​သည့်​အ​တိုင်း ယ​ခု​လည်း ပြု​ကျင့်​ကာ​ပို​မို​ဆိုး​ရွား​သော​ပြည့်​တန် ဆာ​ဖြစ်​လာ​၏။-


သို့​ဖြစ်​၍​သူ​မြတ်​နိုး​လှ​သည့်​အာ​ရှု​ရိ အ​မျိုး​သား​ချစ်​သူ​တို့​လက်​သို့ သူ့​အား ငါ​အပ်​လိုက်​၏။-


ငါ​၏​သား​သမီး​တို့​သင်​တို့​၏​မိ​ခင်​အား​မေတ္တာ ရပ်​ခံ​လော့။ သူ​သည်​ငါ​၏​ဇ​နီး​မ​ဟုတ်​တော့ ပြီ။ ငါ​သည်​လည်း​သူ​၏​ခင်​ပွန်း​မ​ဟုတ်​တော့ ပြီ၊ သို့​ရာ​တွင်​မျောက်​မ​ထား​သော​အ​ကျင့် နှင့်​ပြည့်​တန်​ဆာ​အ​လုပ်​ကို​စွန့်​ရန် သင်​တို့ ၏​မိ​ခင်​အား​မေတ္တာ​ရပ်​ခံ​လော့။-


ငါ​၏​လူ​တို့​အား​တစ်​ဖန်​ကြီး​ပွား​လာ​စေ​၍ ``ဣ​သ​ရေ​လ​ပြည်​သား​တို့​၏​ရော​ဂါ​ကို​ပျောက် ကင်း​စေ​လို​သည့်​အ​ခါ​တိုင်း ငါ​သည်​သူ​တို့​၏ ဆိုး​ယုတ်​မှု​နှင့်​အ​ပြစ်​ဒု​စ​ရိုက်​ကို​သာ​တွေ့ နေ​ရ​၏။ သူ​တို့​သည်​အ​ချင်း​ချင်း​လိမ်​လည် လှည့်​ဖြား​ကြ​၏။ အိမ်​များ​ထဲ​သို့​ဖောက်​ထွင်း ဝင်​ရောက်​၍​ဥစ္စာ​ပစ္စည်း​များ​ကို​ခိုး​ယူ​ကြ​၏။ လမ်း​သွား​လမ်း​လာ​များ​ကို​လု​ယက်​ကြ​၏။-


ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​၏​ဘု​ရား​ပွဲ များ​ကို​ငါ​မုန်း​၏။ ထို​ပွဲ​များ​ကို​မ​ခံ​နိုင် လောက်​အောင်​ပင်​ရွံ​ရှာ​၏။-


ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​က``ဣ​သ​ရေ​လ​၏​မာ​န​ကို​ငါ​ရွံ​ရှာ ၏။ သူ​တို့​စည်း​စိမ်​ခံ​ရာ​အိမ်​ကြီး​များ​ကို လည်း​ငါ​စက်​ဆုတ်​၏။ သူ​တို့​မြို့​တော်​နှင့်​မြို့ တွင်း​ရှိ​အ​ရာ​အား​လုံး​ကို ရန်​သူ့​လက်​သို့ ငါ​ပေး​အပ်​လိုက်​မည်'' ဟု​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​အ​လေး​အ​နက်​ကျိန်​ဆို​သ​တိ ပေး​တော်​မူ​ပြီ။


ငါ​သည်​မိ​မိ​အား​မုန်း​သည့်​သိုး​ထိန်း​သုံး ယောက်​ကို​သည်း​မ​ခံ​နိုင်​သ​ဖြင့် သူ​တို့ အား​တစ်​လ​တည်း​တွင်​ဖယ်​ရှား​ပစ်​လိုက်​၏။-


``ထာ​ဝရ​ဘု​ရား​သည်​ထို​အ​မှု​အ​ရာ​ကို မြင်​သော​အ​ခါ​အ​မျက်​တော်​ထွက်​၍၊ မိ​မိ​၏​သား​သ​မီး​တို့​ကို​စွန့်​ပယ်​တော်​မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ