Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 22:24 - Common Language Bible

24 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ ပြည်​သည်​အ​မျက်​တော်​ကျ​ရောက်​သော​နေ့ ၌၊ မိုး​ရေ​မ​ရ၊ မိုး​မ​ရွာ​ဘဲ​နေ​လိမ့်​မည်​ဖြစ် ကြောင်း ထို​ပြည်​ကို​ပြော​ကြား​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 အ ချင်း လူ့ သား၊ ထို ပြည် အား ဆင့် ဆို ရ မည် မှာ၊ သင် သည် အ မျက် တော် နေ့ ရက်၌၊ မိုး ရွာ ခြင်း၊ စင် ကြယ် ခြင်း မ ခံ ရ သော ပြည် ဖြစ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 အ​ချင်း​လူ​သား၊ သင်​ဆင့်​ဆို​ရ​မည်​မှာ၊ အ​မျက်​ထွက်​သော​နေ့၌​မိုး​မ​ရွာ၊ သင်​သည် မိုး​ရေ​ကို မ​ခံ​ရ​သော​ပြည်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 “​အချင်း​လူသား​၊ ထို​မြို့​အား ‘​အမျက်ထွက်​တော်မူ​ရာ​နေ့​တွင် သင်​သည် မ​စင်ကြယ်​သော​မြို့​၊ မိုး​မ​စို​သော​မြို့ ဖြစ်​၏’​ဟု ဆင့်ဆို​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 22:24
11 ပူးပေါင်းရင်းမြစ်များ  

ဤ​သို့​အာ​ခတ်​မင်း​သည်​အ​ခြေ​အ​နေ အ​ဆိုး​ရွား​ဆုံး​အ​ချိန်​၌ ထာ​ဝရ​ဘု​ရား အား​ယ​ခင်​က​ထက်​ပို​၍​ပြစ်​မှား​လေ​သည်။-


သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဆက်​လက်​ပုန်​ကန်​လျက်​နေ​ကြ​ပါ​သ​နည်း။ ယ​ခု​ထက်​ပင်​ပို​မို​ကြီး​လေး​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​လို​ကြ​ပါ​သ​လော။ အ​ချင်း​ဣ​သ​ရေ​လ​ပြည်​သူ​တို့၊ သင်​တို့​၏​ဦး​ခေါင်း​သည်​ဒဏ်​ရာ​များ​ဖြင့်​ပြည့်​လျက်​ရှိ​၏။ သင်​တို့​၏​စိတ်​နှ​လုံး​သည်​လည်း​ညှိုး​နွမ်း​လျက်​နေ​၏။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​နောင်​တ မ​ရ​ကြ။ မိ​မိ​တို့​အား​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝရ​ဘု​ရား​သည် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ ပြီ​ဖြစ်​သော်​လည်း​သူ​တို့​သည်​အ​ထံ​တော် သို့​မ​ပြန်​ကြ။-


``ငါ​သည်​သင်​တို့​ကို​ဆုံး​မ​ပါ​သော်​လည်း အ​ကျိုး​မ​ရှိ။ သင်​တို့​သည်​ပဲ့​ပြင်​သွန်​သင်​မှု​ကို လက်​မ​ခံ​လို​ကြ။ အ​မျက်​ပြင်း​စွာ​ထွက်​သည့် ခြင်္သေ့​သ​ဖွယ် သင်​တို့​သည်​မိ​မိ​တို့​ပ​ရော​ဖက် များ​ကို​သတ်​ဖြတ်​ကြ​လေ​ပြီ။-


ထာ​ဝ​ရ​ဘု​ရား​သည်​သစ္စာ​ရှိ​မှု​ကို​အ​မှန်​ပင်​လို​လား​တော်​မူ​၏။ ကိုယ်​တော်​သည်​သင်​တို့​အား​ဒဏ်​ခတ်​တော်​မူ​သော်​လည်း​သင်​တို့​သည်​ဂ​ရု​မ​စိုက်​ကြ။ ဖျက်​ဆီး​ချေ​မှုန်း​တော်​မူ​သော်​လည်း​ပဲ့​ပြင်​ဆုံး​မ​မှု​ကို​သင်​တို့​မ​ခံ​မ​ယူ​လို​ကြ။ သင်​တို့​သည်​ကျောက်​ခဲ​ထက်​ခေါင်း​မာ​လျက်​နောင်​တ​မ​ရ​ဘဲ​နေ​ကြ​၏။


သတ္တု​ကျို​ရာ​မီး​ဖို​ကြီး​သည်​အ​ပူ​ရှိန်​ပြင်း ၍​လာ​သော်​လည်း သတ္တု​ချေး​များ​သည်​အ​ရည် မပျော်၊ စီး​မ​ထွက်​ဘဲ​နေ​သ​ဖြင့်​ငါ​၏​လူ​မျိုး တော်​အား​ချေး​ညှော်​ကို​ဆက်​လက်​၍​ချွတ် နေ​ပါ​သော်​လည်း​အ​ကျိုး​မ​ရှိ။ အ​ဘယ် ကြောင့်​ဆို​သော်​ဆိုး​ညစ်​သူ​တို့​ကို​ထုတ် ပစ်​၍​မ​ရ​သော​ကြောင့်​ဖြစ်​၏။-


တစ်​ဖန်​ထာ​ဝရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် သည်​ငါ့​ထံ​သို့​ရောက်​လာ​၏။-


အို ယေ​ရု​ရှင်​လင်​မြို့၊ သင်​သည်​အ​ကျင့်​ပျက်​မှု များ​ဖြင့် မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း​စေ​လေ​ပြီ။ ငါ သည်​သင့်​အား​သန့်​စင်​အောင်​ပြု​သော်​လည်း သင်​သည်​ညစ်​ညမ်း​၍​နေ​၏။ ငါ​၏​အ​မျက်​တော် ဒဏ်​ကို​မ​ခံ​ရ​မ​ချင်း​သင်​သည်​သန့်​စင်​လာ လိမ့်​မည်​မ​ဟုတ်။-


ထို​မြို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော် ကို​နား​မ​ထောင်။ ကိုယ်​တော်​၏​စည်း​ကမ်း​ကို မ​လိုက်​နာ။ ကိုယ်​တော်​ကို​ယုံ​ကြည်​ကိုး​စား မှု​မ​ပြု။ ကိုယ်​တော်​၏​ကူ​မ​မှု​ကို​လည်း​မ တောင်း​ခံ​ခဲ့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ