Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 22:21 - Common Language Bible

21 ငါ​သည်​အ​မှန်​ပင်​သူ​တို့​အား​ယေ​ရု​ရှ​လင် မြို့​တွင်​စု​ဝေး​စေ​၍​သူ​တို့​အောက်​တွင်​မီး​ထိုး လျက် ငါ​၏​အ​မျက်​တော်​သည်​သူ​တို့​အား အ​ရည်​ပျော်​စေ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ငါ သည် ထို သို့ စု သွင်း လျက်၊ ဒေါ သ မီး ဖြင့် ထိုး၍၊ သင် တို့ အ ရည် ပျော် ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 အ​ကယ်​စင်​စစ် စု​ထား​ပြီး​မှ ငါ့​အ​မျက်​မီး​ကို​မှုတ်၍၊ သင်​တို့​သည် မြို့​ထဲ​မှာ အ​ရည်​ကျို​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 သင်​တို့​ကို​စုထား​ပြီး သင်​တို့​အပေါ် ငါ့​အမျက်​မီး​မှုတ်​ခြင်း​ဖြင့် သင်​တို့​အရည်ပျော်​ရ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 22:21
20 ပူးပေါင်းရင်းမြစ်များ  

ဗိ​မာန်​တော်၊ နန်း​တော်​နှင့်​ယေ​ရု​ရှ​လင်​မြို့​ရှိ အ​ရေး​ပါ​အ​ရာ​ရောက်​သူ​အ​ပေါင်း​တို့​၏​နေ အိမ်​များ​ကို​မီး​ရှို့​လေ​သည်။-


သူ​ယုတ်​မာ​တို့​သည်​ဤ​အ​ခြင်း​အ​ရာ​ကို မြင်​သော​အ​ခါ​ဒေါ​သ​ထွက်​၍​အံ​သွား​ခဲ ကြိတ်​လျက် ပျောက်​ကွယ်​သွား​ကြ​လိမ့်​မည်။ သူ​တို့​၏​အ​လို​ဆန္ဒ​သည်​ပျက်​ပြား​ရ​လိမ့်​မည်။


ကိုယ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ အ​လျှံ​ထ​လျက်​နေ​သော​မီး​သ​ဖွယ် သူ​တို့​အား​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​တော်​ထွက်​၍ သူ​တို့​အား​ဖျက်​ဆီး​ပစ်​တော်​မူ​လိမ့်​မည်။ သူ​တို့​သည်​မီး​တွင်​ကျွမ်း​လောင်​ကုန်​လိမ့်​မည်။


ငါ​တို့​၏​ဘု​ရား​သည်​ကြွ​လာ​တော်​မူ​၏။ သို့​ရာ​တွင်​ဆိတ်​ဆိတ်​ကြွ​လာ​တော်​မူ​သည်​မ​ဟုတ်။ ရှေ့​တော်​တွင်​မီး​တောက်​မီး​လျှံ​ဟုန်း​ဟုန်း​ထ​လျက် ကိုယ်​တော်​၏​ပတ်​လည်​တွင်​လေ​ပြင်း​မုန်​တိုင်း တိုက်​ခတ်​လျက်​ရှိ​၏။


ကိုယ်​တော်​သည်​သူ​တို့​အား​လေ​တွင်​လွင့်​ပါ သွား​သော မီး​ခိုး​ကဲ့​သို့​လွင့်​စင်​သွား​စေ​တော်​မူ​၏။ ဖ​ယောင်း​သည်​မီး​ရှေ့​တွင်​အ​ရည်​ပျော်​သ​ကဲ့​သို့ လူ​ယုတ်​မာ​တို့​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တွင် သေ​ကျေ​ပျက်​စီး​ကြ​၏။


ရှေး​မ​ဆွ​က​ပင်​အာ​ရှု​ရိ​ဘု​ရင်​ကို​မီး​သင်္ဂြိုဟ် ရန် လောင်​တိုက်​ကို​ပြင်​ဆင်​၍​ထား​ခဲ့​၏။ ထို​လောင် တိုက်​သည်​အ​စောက်​နက်​၍​ကျယ်​ဝန်း​၏။ ထို အ​ရပ်​တွင်​မြင့်​မား​သော​ထင်း​ပုံ​ကြီး​တစ် ခု​လည်း​ရှိ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ခံ​တွင်း တော်​မှ​မီး​လျှံ​ကို​မှုတ်​ထုတ်​တော်​မူ​၍ ထို ထင်း​ပုံ​ကို​မီး​စွဲ​လောင်​စေ​တော်​မူ​လိမ့်​မည်။


သူ​တို့​သည်​မီး​ပေါ်​တွင် ဆူ​ပွက်​နေ​သည့်​ရေ​ကဲ့ သို့​တုန်​လှုပ်​ကြ​ပါ​လိမ့်​မည်။ ကြွ​လာ​တော်​မူ​၍ ရန်​သူ​တို့​အား ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော် ကို​ပြ​တော်​မူ​ပါ။ လူ​မျိုး​တ​ကာ​တို့​အား ရှေ့​တော်​၌​တုန်​လှုပ်​စေ​တော်​မူ​ပါ။-


ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​နှင့်​ထံ​တော်​သို့ တစ်​ဦး​တစ်​ယောက်​မျှ​ဆု​တောင်း​ပတ္ထ​နာ​မ ပြု​ပါ။ ``ကူ​မ​တော်​မူ​ပါ'' ဟု​လည်း​တစ်​ဦး တစ်​ယောက်​မျှ​လာ​ရောက်​ပန်​ကြား​မှု​မ​ပြု ပါ။ ကျွန်​တော်​မျိုး​တို့​အ​ပြစ်​များ​ကြောင့် ကိုယ်​တော်​ရှင်​သည်​မျက်​နှာ​တော်​ကို​လွှဲ တော်​မူ​၍​ကျွန်​တော်​မျိုး​တို့​အား​စွန့်​ပစ် တော်​မူ​ပါ​ပြီ။


``လူ​သည်​မိ​မိ​သီး​နှံ​ကို​ရိတ်​သိမ်း​သ​ကဲ့​သို့ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော် အား​ရိတ်​သိမ်း​လို​သည်။ သို့​သော်​သူ​တို့​သည် အ​ရွက်​များ​ပင်​ညှိုး​နွမ်း​လျက် အ​သီး​မ​ရှိ သည့်​စ​ပျစ်​ပင်​များ၊ အ​သီး​မ​သီး​သော​သင်္ဘော သ​ဖန်း​ပင်​များ​နှင့်​တူ​ကြ​၏။ ထို​ကြောင့်​ငါ ပေး​သော​ပြည်​တော်​ကို​တစ်​ပါး​သူ​တို့​၏ လက်​ထဲ​သို့​ရောက်​စေ​တော်​မူ​လေ​ပြီ။


ဤ​အ​ကြောင်း​ကြောင့်​အ​နန္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​ဘု​ရား​က ``ငါ​သည်​သတ္တု​ကို​အရည်​ကျို​၍​ချွတ်​သ​ကဲ့​သို့၊ ငါ့​လူ​မျိုး​တော်​ကို​သန့်​စင်​အောင်​ပြု​မည်။ သူ​တို့​အား​ငါ​ဆန်း​စစ်​၍​ကြည့်​မည်။ ငါ​၏​လူ​မျိုး​တော်​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို ကူး​လွန်​ကြ​လေ​ပြီ။ ငါ​သည်​သူ​တို့​အား​အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။


ငါ​သည်​တောက်​လောင်​နေ​သော​မီး​သ​ဖွယ် ငါ​၏​အ​မျက်​တော်​ကို သင့်​၏​အ​ပေါ်​သို့ သွန်း​လောင်း​ရ​လိမ့်​မည်။ သင့်​အား​ရက်​စက် ကြမ်း​ကြုတ်​သူ​အ​ဖျက်​ဝိဇ္ဇာ​တို့​၏​လက် သို့​ငါ​ပေး​အပ်​မည်။-


ကိုယ်​တော်​အ​မျက်​ထွက်​တော်​မူ​သော​အ​ခါ အ​ဘယ်​သူ​သည်​ခံ​ရပ်​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​၏​ကြောက်​မက်​ဖွယ်​ရာ​အ​မျက်​တော် အ​ရှိန်​ကို​အ​ဘယ်​သူ​ခံ​ရပ်​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​သည်​မီး​လျှံ​ထ​သော​အ​မျက်​တော်​ကို သွန်း​လောင်း​တော်​မူ​သ​ဖြင့်၊ ရှေ့​တော်​၌​ကျောက်​တို့​သည်​ကြေ​မွ​ကာ အ​မှုန့်​ဖြစ်​၍​သွား​ကုန်​၏။


ထာဝရဘုရားအမျက်ထွက်တော်မူရာ ထိုကာလ၌ထိုသူတို့သည် မိမိတို့၏ရွှေ ငွေရှိသမျှကိုစုပုံပေးသော်လည်းအသက် ချမ်းသာရာရကြလိမ့်မည်မဟုတ်။ ကမ္ဘာ မြေပြင်တစ်ခုလုံးသည်ကိုယ်တော်၏ အမျက်တော်မီးသင့်၍ဆုံးရှုံးပျက်စီး သွားလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာမြေ ပေါ်တွင်နေထိုင်သူမှန်သမျှကိုရုတ် တရက်အစတုံးအောင်စီရင်တော်မူ လိမ့်မည်။


ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သို့​ပြု​သော​သူ ကို​အ​ပြစ်​လွှတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​အား​ပြင်း​ထန် စွာ​အ​မျက်​တော်​ထွက်​သ​ဖြင့် သူ​သည်​ဤ ကျမ်း​တွင်​ရေး​ထား​သော​ဘေး​ဒဏ်​အ​ပေါင်း ကို​ခံ​ရ​လျက်​ဆုံး​ပါး​ပျက်​စီး​ရ​လိမ့်​မည်။-


ငါ​၏​အ​မျက်​တော်​သည်​မီး​ကဲ့​သို့​တောက်​လောင်​၍ မြေ​ကြီး​ပေါ်​တွင်​ရှိ​သ​မျှ​တို့​ကို​လောင်​ကျွမ်း စေ​မည်။ အ​မျက်​တော်​မီး​သည်​မ​ရ​ဏာ​နိုင်​ငံ တိုင်​အောင်​လည်း​ကောင်း၊ တောင်​အောက်​ခြေ​သို့​တိုင်​အောင်​လည်း​ကောင်း လောင်​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ