ယေဇကျေလ 20:1 - Common Language Bible1 ပြည်နှင်ဒဏ်ခံရသည့်သတ္တမနှစ်မြောက်၊ ပဉ္စမလ၊ လဆန်းငါးရက်နေ့၌ဣသရေလခေါင်းဆောင် အချို့တို့သည် ထာဝရဘုရား၏အလိုတော် ကိုစုံစမ်းမေးမြန်းရန် ငါ့ထံသို့လာရောက်ကြ ၏။ ထိုသူတို့ငါ၏ရှေ့တွင်ထိုင်ကြသောအခါ၊- အခန်းကိုကြည့်ပါ။Garrad Bible1 ၎င်း ပြင်၊ ခု နစ် နှစ် ပ ဥ္စ မ လ ဆယ် ရက် တွင်၊ ဣ သ ရေ လ လူ ကြီး အ ချို့ တို့ သည်၊ ထာ ဝ ရ ဘု ရား ထံ မေး လျှောက် ရန် လာ၍၊ ငါ့ ရှေ့ ထိုင် နေ ကြ စဉ်၊ အခန်းကိုကြည့်ပါ။Judson Bible1 သက္ကရာဇ် ခုနစ်ခု၊ ပဥ္စမလဆယ်ရက်နေ့တွင်၊ ဣသရေလအမျိုး အသက်ကြီးသူတို့သည် ထာဝရဘုရားကို မေးလျှောက်ခြင်းငှာလာ၍ ငါ့ရှေ့မှာထိုင်နေကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 သတ္တမနှစ်၊ ပဉ္စမလ၊ ဆယ်ရက်နေ့၌ အစ္စရေးတို့၏သက်ကြီးဝါကြီးအချို့တို့သည် ထာဝရဘုရားထံ မေးလျှောက်ရန် ရောက်လာပြီး ငါရှေ့၌ထိုင်နေကြစဉ် အခန်းကိုကြည့်ပါ။ |
နေ့ရက်ကားငါတို့ပြည်နှင်ဒဏ်ခံရပြီးနောက်နှစ်ဆယ့်ငါးနှစ်မြောက်၊ ပထမလ၊ လဆန်းဆယ်ရက်နေ့၊ ယေရုရှလင်မြို့အသိမ်းခံရချိန်တစ်ဆယ့်လေးနှစ်စေ့သောနေ့ဖြစ်၏။ ထိုနေ့၌ငါသည်ထာဝရဘုရား၏တန်ခိုးတော်လွှမ်းမိုးခြင်းခံရပြီးလျှင် ကိုယ်တော်သည်ငါ့အားဆောင်ယူသွားတော်မူ၏။-
ပေါလုကဆက်လက်၍ ``အကျွန်ုပ်သည်ကိလိကိ ပြည်၊ တာရှုမြို့တွင်မွေးဖွားသူယုဒအမျိုးသား ဖြစ်ပါ၏။ ယေရုရှလင်မြို့တွင်ကြီးပြင်း၍ဘိုး ဘေးတို့လိုက်လျှောက်ကျင့်သုံးသည့်ပညတ်တရား တော်ကို ဂါမလျေလ၏ခြေရင်း၌တိကျစွာ ဆည်းပူးခဲ့ပါ၏။ ယခုသင်တို့သည်ဘုရား သခင်၏အမှုတော်ကိုထမ်းဆောင်ရန်စိတ်အား ထက်သန်သကဲ့သို့ အကျွန်ုပ်သည်လည်းစိတ် အားထက်သန်ခဲ့ပါ၏။-
သူတို့သည်မိမိတို့၏တပည့်များကိုဟေရုဒ် ၏ပါတီဝင်အချို့နှင့်အတူအထံတော်သို့ စေလွှတ်ပြီးလျှင် ``ဆရာတော်၊ အရှင်သည်သစ္စာ ရှိတော်မူ၍ဘုရားသခင်၏တရားလမ်းကို ဟုတ်မှန်သည်အတိုင်းသွန်သင်တော်မူပါ၏။ လူ တို့အဘယ်သို့ထင်မြင်ကြသည်ကိုအမှုမ ထားပါ။ လူ့မျက်နှာကိုလည်းထောက်တော်မမူပါ။-
သူတို့သည်ငါ၏တရားတော်ကိုလိုက်လျှောက် ကျင့်သုံးပါသည်ဟူ၍လည်ကောင်း၊ မှန်ကန်ရာ ကိုပြုကျင့်ပါသည်ဟူ၍လည်းကောင်းပြော ဆိုကာ ငါ့အားနေ့စဉ်ဝတ်ပြုကိုးကွယ်ကြ၏။ ငါ၏သွန်သင်ချက်များကိုသိရှိလိုကြ၏။ သူတို့သည်ငါ့ကိုကိုးကွယ်ဝတ်ပြုလိုကြ လျက် ငါ၏ထံတွင်တရားမျှတသည့်စည်း မျဉ်းဥပဒေသများကိုတောင်းခံကြ၏။
ထာဝရဘုရားက``ဤသူတို့သည်ငါ့အား နှုတ်ဖြင့် ဝတ်ပြုကိုးကွယ်ပါသည်ဟုဆိုသော် လည်းသူတို့၏စကားများသည်အဋ္ဌိပ္ပါယ် မရှိ။ သူတို့၏စိတ်သည်လည်းအရပ်တစ်ပါး သို့ရောက်၍နေ၏။ သူတို့၏ဘာသာတရား သည် မိမိတို့အလွတ်ကျက်မှတ်ထားသည့်လူ့ ထုံးတမ်းစဉ်လာနှင့်နည်းဥပဒေများသာ လျှင်ဖြစ်ပေသည်။-
ဧလိရှဲကဣသရေလဘုရင်အား``အဘယ် ကြောင့်သင့်အား ငါကူညီရပါမည်နည်း။ သင် ၏ခမည်းတော်၊ မယ်တော်တို့၏အတိုင်ပင်ခံ ပရောဖက်များထံသို့သွား၍တိုင်ပင်ပါလော့'' ဟုဆို၏။ ယောရံက``ဤသို့မဆိုပါနှင့်။ ငါတို့မင်းသုံး ပါးကို မောဘဘုရင်၏လက်သို့အပ်တော်မူ သောအရှင်မှာ ထာဝရဘုရားပင်ဖြစ်တော် မူပါ၏'' ဟုဆို၏။
ဧလိရှဲအားဖမ်းဆီးရန်လူတစ်ယောက်ကို စေလွှတ်တော်မူ၏။ ဤအတောအတွင်း၌ဧလိရှဲသည်မိမိထံသို့ အလည်အပတ်လာသောအမျိုးသားအကြီး အကဲများနှင့်အတူ မိမိ၏အိမ်တွင်ရှိလေ သည်။ မင်းကြီး၏စေတမန်မရောက်လာမီ ဧလိရှဲက ထိုအကြီးအကဲတို့အား``လူသတ် သမားသည် ငါ့အားသတ်ရန်လူတစ်ယောက် ကိုစေလွှတ်လေပြီ။ သို့ဖြစ်၍ထိုသူရောက်လာ သောအခါတံခါးကိုပိတ်ထားကြလော့။ သူ့ အားအထဲသို့ဝင်ခွင့်မပြုကြနှင့်။ မင်းကြီး ကိုယ်တိုင်ပင်လျှင်သူ၏နောက်မှလိုက်လာ လိမ့်မည်'' ဟုပြော၏။-
``ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာနှင့်သူ၏ တပ်မတော်သည် မြို့ကိုတိုက်ခိုက်ရန်ဝိုင်းရံ လျက်ရှိသည်ဖြစ်၍ ထာဝရဘုရားအား ငါတို့အတွက်လျှောက်ထားပေးပါ။ ထာဝရ ဘုရားသည်ငါတို့အတွက်ထူးဆန်းသည့် နိမိတ်လက္ခဏာကိုပြတော်မူ၍ နေဗုခဒ် နေဇာမင်းအားပြန်လည်ဆုတ်ခွာကောင်း ဆုတ်ခွာစေတော်မူပါလိမ့်မည်'' ဟုပြော ကြားလာ၏။