ယေဇကျေလ 13:12 - Common Language Bible12 ထိုမြို့ရိုးသည်ပြိုကျလိမ့်မည်။ သို့ဖြစ်၍ သင်တို့ထုံးသုတ်ခဲ့သည့်အကျိုးကားအ ဘယ်မှာနည်းဟု လူတိုင်းပင်မေးမြန်းကြ လိမ့်မည်'' ဟူ၍ဖြစ်၏။ အခန်းကိုကြည့်ပါ။Garrad Bible12 နံ ရံ ပြို လဲ ပြီး မှ၊ သုတ် သော ထုံး အ ဘယ် မှာ နည်း ဟု၊ အ ပြောင် အ လှောင် ခံ ကြ ရ မည် မ ဟုတ် လော။ အခန်းကိုကြည့်ပါ။Judson Bible12 ထိုအုတ်ရိုးသည် ပြိုလဲပြီးမှ၊ သင်တို့မွမ်းမံသော အင်္ဂတေသည် အဘယ်မှာရှိသနည်းဟု သင်တို့အား သူတစ်ပါးမေးလိမ့်မည် မဟုတ်လော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ထိုမြို့ရိုးပြိုလဲသွားသောအခါ သင်တို့သုတ်ခဲ့သောထုံးဖြူကား ယခုအဘယ်မှာနည်းဟု သင်တို့အားမေးကြလိမ့်မည်’ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဧလိရှဲကဣသရေလဘုရင်အား``အဘယ် ကြောင့်သင့်အား ငါကူညီရပါမည်နည်း။ သင် ၏ခမည်းတော်၊ မယ်တော်တို့၏အတိုင်ပင်ခံ ပရောဖက်များထံသို့သွား၍တိုင်ပင်ပါလော့'' ဟုဆို၏။ ယောရံက``ဤသို့မဆိုပါနှင့်။ ငါတို့မင်းသုံး ပါးကို မောဘဘုရင်၏လက်သို့အပ်တော်မူ သောအရှင်မှာ ထာဝရဘုရားပင်ဖြစ်တော် မူပါ၏'' ဟုဆို၏။
ထိုအခါဇေဗုလက``သင်၏လေလုံးကြီး သမျှသည် ယခုအဘယ်သို့ရောက်ရှိသွားပြီ နည်း။ ဤသူအဘိမလက်၏အစေကို ငါတို့ အဘယ်ကြောင့်ခံပါမည်နည်းဟုပြောဆိုခဲ့ သူမှာသင်ပင်မဟုတ်ပါလော။ ထိုသူတို့သည် ကား သင်မထီမဲ့မြင်ပြောဆိုခဲ့သူများဖြစ် သည်။ ယခုသင်ထွက်၍သူတို့အားတိုက်ခိုက် ပါလော့'' ဟုဆို၏။-