ယေဇကျေလ 1:21 - Common Language Bible21 ဝိညာဉ်သည်မိမိတို့လိုရာအရပ်သို့သွားကြသောအခါ ဘီးတို့သည်လည်းသတ္တဝါများပြုသည့်အတိုင်းအထက်သို့တက်ကြ၏။ အဘယ်ကြောင့်ဆိုသော်သတ္တဝါများ၏ဝိညာဉ်သည်ဘီးတို့အားထိန်းချုပ်ထားသောကြောင့်ဖြစ်သည်။ သို့ဖြစ်၍သတ္တဝါများလှုပ်ရှားသွားလာသောအခါ ရပ်ဆိုင်းသည့်အခါလေထဲသို့တက်ကြသည့်အခါ၌ ဘီးတို့သည်ထပ်တူထပ်မျှလိုက်၍ပြုကြ၏။ အဘယ်ကြောင့်ဆိုသော်ယင်းတို့အားသတ္တဝါတို့၏ဝိညာဉ်တို့က ထိန်းချုပ်ထားသောကြောင့်ဖြစ်၏။ အခန်းကိုကြည့်ပါ။Garrad Bible21 သ တ္တ ဝါ တို့၏ ဝိ ညာဉ် သည်၊ စက် များ၌ ပါ ရှိ သော ကြောင့်၊ သ တ္တ ဝါ တို့ သွား ကြ သော် စက် များ လည်း သွား ခြင်း၊ ရပ် ကြ သော် ရပ် ခြင်း၊ မြေ ပေါ် မှ တက် ကြ သော် တက် ခြင်း ပြု ရ၏။ အခန်းကိုကြည့်ပါ။Judson Bible21 သူတို့သွားသောအခါ ဘီးတို့သည် သွားကြ၏။ သူတို့ရပ်သောအခါ ဘီးတို့သည် ရပ်ကြ၏။ သူတို့သည် မြေကြီးနှင့်ကွာ၍ တက်သောအခါ၊ ဘီးတို့သည်လည်း သူတို့နှင့် ထက်ကြပ်တက်၍ လိုက်ကြ၏။ အကြောင်းမူကား၊ သတ္တဝါတို့၏ ဝိညာဉ်သည် ဘီးတို့၌ရှိ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 သူတို့သွားသောအခါ ဘီးတို့သည်သွားကြ၏။ သူတို့ရပ်သောအခါ ဘီးတို့သည်ရပ်ကြ၏။ သတ္တဝါတို့၏ဝိညာဉ်သည် ဘီး၌တည်သောကြောင့် သတ္တဝါတို့ မြေမှကြွသောအခါ ဘီးတို့လည်း သူတို့နှင့်အတူ ကြွကြ၏။ အခန်းကိုကြည့်ပါ။ |