| ယောလ 3:5 - Common Language Bible5 သင်တို့သည်ငါ၏ရွှေငွေဥစ္စာဘဏ္ဍာများကို မိမိတို့၏ဘုံဗိမာန်များသို့ယူဆောင် သွားခဲ့ကြ၏။-အခန်းကိုကြည့်ပါ။ Garrad Bible5 ငါ့ ရွှေ ငွေ ကို လု ယူ လျက်။ အ ဘိုး ထိုက် သော ငါ့ ရ တ နာ များ ကို၊ ကိုယ့် ဘုံ ဗိ မာန် များ အ တွင်း သို့ သွင်း မှု ပြု ကြ သည့် ပြင်။ နေ ရင်း ပြည် မှ ဝေး ကွာ စေ သော အ ကြံ နှင့်။အခန်းကိုကြည့်ပါ။ Judson Bible5 သင်တို့သည် ငါ့ရွှေငွေကိုယူ၍၊ ငါနှစ်သက်ဖွယ်သော ဥစ္စာမြတ်တို့ကို သင်တို့ဘုံဗိမာန်ထဲသို့ သွင်းသောကြောင့်လည်းကောင်း၊အခန်းကိုကြည့်ပါ။ မြန်မာ့စံမီသမ္မာကျမ်း5 သင်တို့သည် ငါ့ရွှေငွေတို့ကို သိမ်းယူပြီး အဖိုးတန်ရတနာတို့ကိုလည်း သင်တို့၏ဗိမာန်များထဲသို့ သွင်းကြပြီ။အခန်းကိုကြည့်ပါ။ | 
ယုဒဘုရင်ယောရှသည်မိမိ၏အလျင် အုပ်စိုးခဲ့ကြသောယောရှဖတ်မင်း၊ ယဟောရံ မင်းနှင့်အာခဇိမင်းတို့ထာဝရဘုရားအား ဆက်ကပ်လှူဒါန်းခဲ့သည့်ပူဇော်သကာများနှင့် မိမိကိုယ်တိုင်ပေးလှူထားသည့်ပူဇော်သကာ များကိုလည်းကောင်း၊ ဗိမာန်တော်နှင့်နန်းတော် ဘဏ္ဍာတိုက်များတွင်ရှိသမျှသောရွှေကိုလည်း ကောင်းယူ၍ လက်ဆောင်ပဏ္ဏာအဖြစ်ဟာဇေလ မင်းထံပေးပို့လိုက်၏။ ထိုအခါဟာဇေလ သည်မိမိ၏တပ်မတော်ကို ယေရုရှလင်မြို့ မှရုပ်သိမ်းသွားလေ၏။
ထာဝရဘုရားသည်ဗာဗုလုန်မြို့ကိုသုတ် သင်ဖျက်ဆီးပစ်ရန်အကြံရှိတော်မူသဖြင့် မေဒိဘုရင်တို့ကိုလှုံ့ဆော်ပေးတော်မူလေ ပြီ။ ထိုနည်းအားဖြင့်ထာဝရဘုရားသည် ကိုယ်တော်၏ဗိမာန်တော်ဖျက်ဆီးခံခဲ့ ရခြင်းအတွက်လက်စားချေတော်မူမည်။ တိုက်ခိုက်နေသူတပ်မတော်အရာရှိများ က``သင်တို့၏မြားများကိုချွန်ကြလော့။ ဒိုင်းလွှားများကိုကိုင်ဆောင်ကြလော့။-
ထိုနေ့ရက်ကာလကျရောက်လာသောအခါ ထာဝရဘုရားသည် မိမိတန်ခိုးတော်ကို အသုံးပြုတော်မူလျက်အာရှုရိပြည်၊ အီဂျစ် ပြည်၊ ပါသရုပြည်၊ ဆူဒန်ပြည်၊ ဧလံပြည်၊ ဗာဗုလုန်ပြည်၊ ဟာမတ်ပြည်၊ ပင်လယ်ကမ်း ခြေဒေသများနှင့်ကျွန်းများတွင် ကျန်ရှိ နေသေးသောဣသရေလအမျိုးသားတို့ အားမိမိတို့ဌာနေသို့ပြန်လည်ပို့ဆောင် တော်မူလိမ့်မည်။-