ယောရှု 8:4 - Common Language Bible4 ``သင်တို့သည်မြို့၏အနောက်ဘက်မလှမ်း မကမ်းတွင်ပုန်းအောင်းနေလော့။ မြို့ကိုတိုက် ခိုက်ရန်အသင့်ရှိနေကြလော့။- အခန်းကိုကြည့်ပါ။Garrad Bible4 ထို မြို့ ကို တိုက် ရန် မ ဝေး မ ကွာ ဘဲ မြို့ နောက် ဖေး တပ် ပုန်း ချ လျက်၊ ရှိ သ မျှ အ သင့် နေ ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible4 သင်တို့သည် ထိုမြို့ကိုတိုက်ခြင်းငှာ မြို့နောက်မှာ ကင်းထိုးလျက်နေကြလော့။ မြို့နှင့်ဝေးဝေးခွာ၍ မသွားကြနှင့်။ တညီတညွတ်တည်း အသင့်နေကြလော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 သူတို့အား “သင်တို့သည် မြို့အနောက်ဘက် မြို့နှင့်မလှမ်းမကမ်းတွင်ကင်းပုန်းချ၍ သင်တို့အားလုံး အဆင်သင့်ရှိနေကြရမည်။ အခန်းကိုကြည့်ပါ။ |
သူတို့၏တောင်းလျှောက်ချက်ကိုမလိုက်လျော ပါနှင့်။ လမ်းတွင်လူလေးဆယ်ကျော်ပုန်းကွယ် ချောင်းမြောင်းစောင့်ဆိုင်းလျက်ရှိပါ၏။ ထိုသူ တို့သည်ပေါလုကိုမသတ်ရမချင်း မစား မသောက်ဘဲနေမည်ဟုအဋ္ဌိဋ္ဌာန်ပြုထား ကြပါ၏။ ယခုပင်သူတို့သည်ပေါလုကို သတ်ရန်အသင့်ပြင်ဆင်ကာ အရှင်၏ဆုံး ဖြတ်ချက်ကိုစောင့်ဆိုင်းလျက်ရှိနေကြပါ ပြီ'' ဟုလျှောက်၏။
ထိုအချိန်၌မိုးမလင်းသေးသော်လည်း မင်းကြီး သည်အိပ်ယာမှထ၍မှူးမတ်တို့အား``ရှုရိ အမျိုးသားတို့၏ပရိယာယ်ကိုငါပြောမည်။ ဤမြို့တွင်ငါတို့အစာငတ်လျက်နေကြ ကြောင်းသိသဖြင့်သူတို့သည် မိမိတို့တပ် စခန်းမှထွက်ခွာ၍တပ်ပုန်းချထားလေပြီ။ မြို့ပြင်သို့ငါတို့ထွက်၍အစားအစာရှာဖွေ ကြသောအခါမှ ငါတို့အားလက်ရဖမ်းဆီး ကာမြို့ကိုသိမ်းယူကြလိမ့်မည်'' ဟုဆို၏။