ယောရှု 7:8 - Common Language Bible8 အို ထာဝရဘုရား၊ ဣသရေလအမျိုး သားတို့သည်ရန်သူများထံမှနောက်သို့ ဆုတ်ပြေးလာရပြီဖြစ်ခြင်းကြောင့် အကျွန်ုပ် သည်မည်သို့ပြောရပါမည်နည်း။- အခန်းကိုကြည့်ပါ။Garrad Bible8 အို အ ရှင် ဘု ရား၊ ဣ သ ရေ လ အ မျိုး သား တို့ သည် ရန် သူ့ ရှေ့ ကျော ခိုင်း ရ ပြီ ဖြစ်၍၊ အ ကျွန်ုပ် မည် သို့ ပြော နိုင် တော့ အံ့ နည်း။ အခန်းကိုကြည့်ပါ။Judson Bible8 အိုဘုရားရှင်၊ ဣသရေလအမျိုးသားတို့သည် ရန်သူတို့ရှေ့မှာ ကျောကိုလှည့်ရကြသည်ဖြစ်၍ အကျွန်ုပ်သည် အဘယ်သို့ ပြောရပါမည်နည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 အို အကျွန်ုပ်ဘုရားရှင်၊ အစ္စရေးလူမျိုးတို့သည် ရန်သူတို့ရှေ့မှ လှည့်ပြေးခဲ့ရပြီဖြစ်၍ အကျွန်ုပ် မည်သို့လျှောက်ဆိုနိုင်ဦးမည်နည်း။ အခန်းကိုကြည့်ပါ။ |
``သို့ရာတွင် အို ဘုရားသခင်၊ ထိုသို့ကျေးဇူး တော်ကိုခံစားရပြီးမှ အကျွန်ုပ်တို့သည် အဘယ်သို့လျှောက်ထားနိုင်ကြပါမည်နည်း။ ကိုယ်တော်က`သင်တို့သိမ်းပိုက်လတ္တံ့သောပြည် သည်ညစ်ညမ်းသည်။ ပြည်သူပြည်သားတို့သည် ပြည်တစ်စွန်းမှတစ်စွန်းတိုင်အောင် စက်ဆုတ် ရွံရှာဖွယ်ကောင်းသည့်အကျင့်ဆိုးများဖြင့် ပြည့်နှက်စေလေပြီ။ သင်တို့သည်ထိုပြည် ထွက်အသီးအနှံများကိုဝစွာစားသုံးကာ ထိုပြည်ကိုလည်းမိမိတို့သားမြေးများ လက်သို့ထာဝစဉ်အပ်နှံလိုကြပါက ထို ပြည်သူပြည်သားတို့နှင့်အဘယ်အခါ၌ မျှထိမ်းမြားစုံဖက်မှုမပြုကြနှင့်။ သူတို့ ၏ကြီးပွားတိုးတက်ရေးအတွက်အဘယ် အခါ၌မျှ အကူအညီမပေးကြနှင့်' ဟုကိုယ်တော်၏အစေခံပရောဖက်များ အားဖြင့် ပေးတော်မူသောအမိန့်တော်တို့ကို အကျွန်ုပ်တို့မနာခံကြပါ။-
ခါနာန်အမျိုးသားမှစ၍ဤပြည်ရှိလူ အပေါင်းတို့သည် ထိုသတင်းကိုကြားသဖြင့် အကျွန်ုပ်တို့ကိုဝိုင်း၍ တစ်ယောက်မျှမကျန် အောင်သတ်ဖြတ်ကြပါလိမ့်မည်။ ထိုအခါ ကိုယ်တော်၏ဘုန်းတန်ခိုးတော်ကို လူတို့ အထင်မသေးကြစေခြင်းငှာမည်သို့ ပြုတော်မူပါမည်နည်း'' ဟုလျှောက်ထား လေ၏။
မသေဘဲကျန်ရှိနေသောတပ်သားတို့သည် တပ်စခန်းသို့ပြန်လည်ရောက်ရှိလာသောအခါ ဣသရေလခေါင်းဆောင်များက``ထာဝရ ဘုရားသည်အဘယ်ကြောင့်ငါတို့အားဖိလိတ္တိ အမျိုးသားတို့လက်တွင် ယနေ့အရေးရှုံးနိမ့် စေတော်မူပါသနည်း။ ငါတို့သည်သွား၍ ရှိလောမြို့မှထာဝရဘုရား၏ပဋိညာဉ် သေတ္တာတော်ကိုယူဆောင်လာကြကုန်အံ့။ သို့ မှသာလျှင်ကိုယ်တော်သည်ငါတို့နှင့်အတူ ချီတက်တော်မူ၍ ငါတို့အားရန်သူတို့လက် မှကယ်တင်တော်မူလိမ့်မည်'' ဟုဆိုကြ၏။-