Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 7:7 - Common Language Bible

7 ယော​ရှု​က``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် တို့​ကို​အ​ဘယ်​ကြောင့်​ယော်​ဒန်​မြစ်​ကို​ဖြတ် ကူး​စေ​တော်​မူ​ပါ​သ​နည်း။ အာ​မော​ရိ​အ​မျိုး သား​တို့​လက်​သို့​အပ်​ရန်​လော။ သေ​ကြေ​ပျက်​စီး စေ​ရန်​လော။ အ​ကျွန်ုပ်​တို့​သည်​ယော်ဒန်​မြစ်​တစ် ဘက်​ကမ်း​၌​သာ​နေ​ထိုင်​ခဲ့​လျှင်​ကောင်း​ပါ မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ယော ရှု က၊ အို အ ရှင် ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် တို့ သည် ယော် ဒန် မြစ် တစ် ဘက် နှင့် ရောင့် ရဲ နေ ရ သော်၊ ကောင်း လေ စွ။ ဤ လူ မျိုး ကို အာ မော ရိ လက် တွင်း သို့ အပ် နှင်း၍ ပျက် စီး စေ ခြင်း ငှာ၊ ယော် ဒန် မြစ် ဤ ဘက် သို့ အ ဘယ် ကြောင့် ဆောင် ခဲ့ တော် မူ ပါ သ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ယော​ရှု​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဤ​လူ​အ​ပေါင်း​တို့​ကို အာ​မော​ရိ​လူ​တို့​လက်​သို့​အပ်၍ ဖျက်​ဆီး​စေ​ခြင်း​ငှာ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ အ​ဘယ်​ကြောင့်​ဆောင်​ခဲ့​တော်​မူ​သ​နည်း။ အ​ကျွန်ုပ်​တို့​သည် ရောင့်​ရဲ​သော​စိတ်​ရှိ၍ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၌ နေ​ကြ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ယောရှု​က “​အို အကျွန်ုပ်​၏​ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ဤ​လူမျိုး​တို့​အား ဂျော်ဒန်​မြစ်​ကို​ဖြတ်ကူး​စေ​ပြီး အာမောရိ​လူမျိုး​တို့​လက်​သို့​အပ်​၍ ဖျက်ဆီး​စေရန် အဘယ်ကြောင့် ဆောင်​ခဲ့​သနည်း​။ အကျွန်ုပ်​တို့​သည် ဂျော်ဒန်​မြစ်​တစ်ဖက်​၌ နေ​ခဲ့​သင့်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 7:7
19 ပူးပေါင်းရင်းမြစ်များ  

ယော​ရံ​မင်း​က``ငါ​တို့​အ​ခက်​ကြုံ​ပြီ။ ထာ​ဝ​ရ ဘု​ရား​သည် ငါ​တို့​မင်း​သုံး​ပါး​ကို​မော​ဘ​ဘု​ရင် ၏​လက်​သို့​အပ်​တော်​မူ​လေ​ပြီ​တ​ကား'' ဟု​ဆို​၏။


``ထာ​ဝ​ရ​ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​ကို အီ​ဂျစ်​ပြည်​၌ သေ​စေ​ခဲ့​လျှင်​သာ​၍​ကောင်း မည်။ ထို​ပြည်​တွင်​အ​ကျွန်ုပ်​တို့​သည်​အ​မဲ ဟင်း​နှင့်​မုန့်​ကို​ဝ​အောင်​စား​ရ​ကြ​၏။ ယ​ခု မှာ​မူ​အ​ကျွန်ုပ်​တို့​အား​လုံး​အ​စာ​ငတ်​၍ သေ​စေ​ခြင်း​ငှာ၊ ဤ​တော​ကန္တာ​ရ​သို့​ပို့​ဆောင် ခဲ့​ပါ​သည်​တ​ကား'' ဟု​ညည်း​ညူ​အ​ပြစ် တင်​ကြ​၏။


သို့​ရာ​တွင်​လူ​တို့​သည်​အ​လွန်​ရေ​ငတ်​သ​ဖြင့် မော​ရှေ​အား​ညည်း​ညူ​လျက်``အ​ကျွန်ုပ်​တို့​နှင့် အ​ကျွန်ုပ်​တို့​၏​သား​သ​မီး​များ၊ တိ​ရစ္ဆာန်​များ ကို​ရေ​ငတ်​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့်​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ခဲ့​ပါ​သ​နည်း'' ဟု​ဆို ကြ​၏။


ကိုယ်​တော်​သည်​ပေး​မည်​ဟု​က​တိ​ထား​တော်​မူ သော​ပြည်​သို့​မ​ပို့​ဆောင်​နိုင်​သော​ကြောင့် ဤ​သူ တို့​ကို​တော​ကန္တာ​ရ​၌​အ​ဆုံး​စီ​ရင်​တော်​မူ သည်​ဟု​ပြော​ကြ​ပါ​လိမ့်​မည်။-


ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဘယ်​ကြောင့်​ငါ​တို့ ကို​ထို​ပြည်​သို့​ပို့​ဆောင်​ရ​ပါ​သ​နည်း။ ငါ​တို့ သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​ပါ​လိမ့်​မည်။ ငါ တို့​၏​သား​မ​ယား​တို့​သည်​လည်း​ရန်​သူ​ဖမ်း သွား​ခြင်း​ခံ​ရ​ပါ​လိမ့်​မည်။ အီ​ဂျစ်​ပြည်​သို့ ပြန်​လျှင်​ကောင်း​မည်'' ဟု​ညည်း​ညူ​ကြ​လေ သည်။-


သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ယုံ​ကြည်​ခြင်း​ကင်း​၍ လွန်​စွာ​ဖောက်​ပြန်​ကြ​ပါ​တ​ကား။ ငါ​သည်​သင်​တို့​နှင့် မည်​မျှ​ကြာ​အောင်​နေ​ရ​မည်​နည်း။ မည်​မျှ​ကြာ​အောင် သင်​တို့​အား​သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို​ငါ့​ထံ သို့​ခေါ်​ခဲ့​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။-


ကိုယ်​တော်​က ``သင်​တို့​တွင်​ယုံ​ကြည်​ခြင်း​နည်း​သော ကြောင့်​ဖြစ်​၏။ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည် ကား၊ သင်​တို့​တွင်​မုန်​ညင်း​စေ့​ပ​မာ​ဏ​မျှ​ယုံ​ကြည် ခြင်း​ရှိ​ပါ​မူ​ဤ​တောင်​အား `ဤ​နေ​ရာ​မှ​ထို​နေ​ရာ သို့​ပြောင်း​ရွှေ့​လော့' ဟု​ဆို​လျှင်​ပြောင်း​ရွှေ့​လိမ့်​မည်။ ယုံ​ကြည်​ခြင်း​ရှိ​လျှင်​သင်​တို့​မ​တတ်​နိုင်​သည့် အ​ရာ​မ​ရှိ။-


ကျမ်း​စာ​တော်​တွင်​ဘု​ရား​သ​ခင်​က၊ ``ငါ့​သား၊ထာ​ဝ​ရ​ဘု​ရား​ပဲ့​ပြင်​တော်​မူ​သည်​ကို ဂ​ရု​ပြု​လော့။ ဆုံး​မ​တော်​မူ​သော​အ​ခါ​စိတ် မ​ပျက်​နှင့်။


ယော​ရှု​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း ဆောင်​တို့​သည်​ဝမ်း​နည်း​စိတ်​ပျက်​လျက် မိ​မိ တို့​၏​အ​ဝတ်​များ​ကို​ဆုတ်​ဖြဲ​၍ ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင်​ဝမ်း နည်း​သည့်​အ​နေ​ဖြင့် မိ​မိ​တို့​၏​ဦး​ခေါင်း ပေါ်​မှာ​မြေ​မှုန့်​တင်​လျက်​ညဦး​တိုင်​အောင် ပျပ်​ဝပ်​လျက်​နေ​ကြ​၏။-


အို ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်​ရန်​သူ​များ​ထံ​မှ​နောက်​သို့ ဆုတ်​ပြေး​လာ​ရ​ပြီ​ဖြစ်​ခြင်း​ကြောင့် အ​ကျွန်ုပ် သည်​မည်​သို့​ပြော​ရ​ပါ​မည်​နည်း။-


မ​သေ​ဘဲ​ကျန်​ရှိ​နေ​သော​တပ်​သား​တို့​သည် တပ်​စ​ခန်း​သို့​ပြန်​လည်​ရောက်​ရှိ​လာ​သော​အ​ခါ ဣ​သ​ရေ​လ​ခေါင်း​ဆောင်​များ​က``ထာ​ဝ​ရ ဘု​ရား​သည်​အ​ဘယ်​ကြောင့်​ငါ​တို့​အား​ဖိ​လိတ္တိ အ​မျိုး​သား​တို့​လက်​တွင် ယ​နေ့​အ​ရေး​ရှုံး​နိမ့် စေ​တော်​မူ​ပါ​သ​နည်း။ ငါ​တို့​သည်​သွား​၍ ရှိ​လော​မြို့​မှ​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို​ယူ​ဆောင်​လာ​ကြ​ကုန်​အံ့။ သို့ မှ​သာ​လျှင်​ကိုယ်​တော်​သည်​ငါ​တို့​နှင့်​အ​တူ ချီ​တက်​တော်​မူ​၍ ငါ​တို့​အား​ရန်​သူ​တို့​လက် မှ​ကယ်​တင်​တော်​မူ​လိမ့်​မည်'' ဟု​ဆို​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ