Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 6:7 - Common Language Bible

7 ရှေ့​ဆုံး​မှ​တပ်​သား​များ၊ ထို​နောက်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်၊ နောက်​ဆုံး တွင်​လူ​တို့​လိုက်​ပါ​လျက် မြို့​ကို​ပတ်​၍​ချီ တက်​ရန်​ယော​ရှု​အ​မိန့်​ပေး​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 တပ် သား တို့ အား လည်း လက် နက် ကိုင် တို့ သည် ထာ ဝ ရ ဘု ရား၏ သေ တ္တာ တော် ရှေ့ ချီ လျက်၊ မြို့ ကို လှည့် ပတ် ကြ လော့ ဟု မိန့် ဆို လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 လူ​များ​တို့​အား​လည်း၊ သင်​တို့​သွား၍ မြို့​ကို​လှည့်​ပတ်​ကြ​လော့။ လက်​နက်​ကိုင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့​မှာ သွား​ကြ​လော့​ဟူ၍​လည်း​ကောင်း မှာ​ထား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 လူ​တို့​ကို​လည်း “​သွား​၍ မြို့​ကို​လှည့်ပတ်​ကြ​လော့​။ လက်နက်ကိုင်စွဲ​သော​သူ​တို့​သည် ထာဝရဘုရား​၏​သေတ္တာ​တော်​ရှေ့​မှ သွား​ရ​မည်​”​ဟု မှာကြား​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 6:7
5 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​၏​သား​မယား၊ သိုး၊ နွား၊ ဆိတ်​စ​သော တိ​ရစ္ဆာန်​များ​သည်​ဤ​အ​ရပ်​တွင်​နေ​ရစ်​၍၊ သူ တို့​အ​နက်​လက်​နက်​ကိုင်​နိုင်​သူ​အ​မျိုး​သား မှန်​သ​မျှ​သည် အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး သား​ချင်း​တို့​၏​တပ်​ဦး​အ​ဖြစ်​မြစ်​ကို အ​လျင်​အ​မြန်​ဖြတ်​ကူး​ရ​မည်။-


သူ​တို့​သည်​လူ​အင်​အား​လေး​သောင်း​ခန့်​ရှိ​၍ တိုက်​ပွဲ​ဝင်​ရန် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌ မြစ်​ကို​ဖြတ်​လျက် ယေ​ရိ​ခေါ​မြို့​အ​နီး​ရှိ လွင်​ပြင်​သို့​ချီ​တက်​ကြ​လေ​သည်။-


သင်​နှင့်​သင်​၏​စစ်​သည်​တို့​သည်​တစ်​နေ့​လျှင် တစ်​ကြိမ်​ကျ​ဖြင့် ခြောက်​ရက်​တိုင်​မြို့​ကို​ပတ် ၍​ချီ​တက်​ရ​ကြ​မည်။-


ယော​ရှု​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ကို​ခေါ်​ပြီး လျှင်``ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​ကြ လော့။ သင်​တို့​အ​နက်​ခု​နစ်​ယောက်​တို့​သည် တံ​ပိုး​ခ​ရာ​များ​ကို​ကိုင်​လျက် ပ​ဋိ​ညာဉ် သေတ္တာ​တော်​ရှေ့​က​သွား​ကြ​လော့'' ဟု​မှာ ကြား​၏။-


ယော​ရှု​အ​မိန့်​ပေး​သည့်​အ​တိုင်း​တံပိုး​ခရာ​မှုတ် သော​ယဇ်​ပု​ရော​ဟိတ်​များ​ရှေ့​က လက်​နက်​ကိုင် တပ်​သား​များ​စ​တင်​ချီ​တက်​လေ​သည်။ သူ​တို့ နောက်​တွင်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင် သော​ယဇ်​ပု​ရော​ဟိတ်​များ၊ သူ​တို့​နောက်​တွင် တပ်​သား​များ​လိုက်​ပါ​ချီ​တက်​ကြ​သည်။ သူ တို့​ချီ​တက်​နေ​စဉ်​ယဇ်​ပု​ရော​ဟိတ်​များ​က တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​ကြ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ