ယောရှု 6:18 - Common Language Bible18 သို့ရာတွင်သင်တို့သည်ဖျက်ဆီးပစ်ရမည့် အရာများမှမည်သည့်ပစ္စည်းမျှမယူရ။ အကယ်၍ယူမိလျှင်ဣသရေလအမျိုး သားတို့၏စခန်းတွင်ဘေးဒုက္ခဆိုက်ရောက် လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible18 မြေ လှန် ရာ ပါ ဥစ္စာ ကို သင် တို့ ယူ မိ လျှင်၊ ဣ သ ရေ လ တစ် တပ် လုံး ဒု က္ခ ရောက်၍ မြေ လှန် ခံ ရ ကြ မည် စိုး ရိမ် ရန် ရှိ သော ကြောင့် ထို ဥစ္စာ ကို သတိ နှင့် ကြဉ် ရှောင် ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible18 သင်တို့သည် ကျိန်အပ်သောအရာကို သတိနှင့်ရှောင်ကြလော့။ သို့မဟုတ် ထိုအရာကိုသိမ်းယူလျှင် မိမိတို့ကိုလည်းကောင်း၊ ဣသရေလတပ်ကိုလည်းကောင်း အကျိန်ခံစေ၍၊ နှောင့်ယှက်မည်ကို စိုးရိမ်စရာရှိ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 ကျိန်ခြင်းခံရသောအရာတို့ကို သတိထားရှောင်ရမည်။ ထိုကျိန်ခြင်းခံရသောအရာတို့ကို သင်တို့ယူမိလျှင် သင်တို့ကိုယ်သင်တို့ အကျိန်ခံစေရာရောက်လိမ့်မည်။ အစ္စရေးတပ်စခန်းကိုလည်း အကျိန်ခံစေရာရောက်လိမ့်မည်။ ဒုက္ခပေးရာရောက်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသားတို့သည်ဖျက်ဆီးရ မည့်ပစ္စည်းတစ်စုံတစ်ခုကိုမျှမယူရဟူ သော ထာဝရဘုရား၏တားမြစ်ချက်ကို အာခန်ဆိုသူသည်မနာခံသဖြင့် ထာဝရ ဘုရားသည်ဣသရေလအမျိုးသားတို့ အားပြင်းစွာသောအမျက်တော်ထွက်တော် မူ၏။ (အာခန်သည်ယုဒအနွယ်ဝင်ဇေရ မိသားစုထဲမှဇာဗဒိ၏မြေး၊ ကာမိ၏ သားဖြစ်သည်။)
ယောရှုကအာခန်အား``သင်သည်အဘယ် ကြောင့်ငါတို့အားဒုက္ခရောက်စေသနည်း။ ယခုထာဝရဘုရားသည်သင့်အားဒုက္ခ ရောက်စေတော်မူမည်'' ဟုဆိုလေ၏။ ထိုနောက် ဣသရေလအမျိုးသားအပေါင်းတို့သည် အာခန်ကိုကျောက်ခဲဖြင့်ပစ်၍သတ်ကြ၏။ သူ၏မိသားစုကိုလည်းကျောက်ခဲဖြင့်ပစ် ၍သတ်ပြီးလျှင် သူ၏ပစ္စည်းများနှင့်အတူ မီးရှို့လိုက်ကြ၏။-
ဒါဝိဒ်နန်းစံချိန်အတွင်း၌သုံးနှစ်ပတ်လုံး အစာငတ်မွတ်ခေါင်းပါးခြင်းဘေးကြီးဆိုက် ရောက်လာ၏။ သို့ဖြစ်၍ဒါဝိဒ်သည်ထာဝရ ဘုရားထံစုံစမ်းလျှောက်ထားရာထာဝရ ဘုရားက``ရှောလုသည်ဂိဗောင်မြို့မှလူတို့ အားကွပ်မျက်ခဲ့သည့်အတွက် သူနှင့်သူ၏ မိသားစုတွင်လူသတ်မှုအပြစ်ရှိသဖြင့် ဤဘေးဆိုးကျရောက်လာခြင်းဖြစ်၏'' ဟု မိန့်တော်မူ၏။-
ထိုနောက်ဖျက်ဆီးရမည့်ပစ္စည်းခိုးသူဟု မဲကျသူသည် ငါ၏ပဋိညာဉ်ကိုချိုးဖျက် ၍ဣသရေလအမျိုးသားတို့အား အရှက် တကွဲအကျိုးနည်းဖြစ်စေသောကြောင့်သူ နှင့်တကွသူ၏မိသားစုကိုလည်းကောင်း၊ သူပိုင်သမျှသောပစ္စည်းများကိုလည်းကောင်း မီးရှို့ဖျက်ဆီးပစ်ရမည်' '' ဟုမိန့်ကြား တော်မူ၏။
ဖျက်ဆီးပစ်ရမည့်အရာတစ်စုံတစ်ခုကို မျှ သင်တို့အတွက်သိမ်းဆည်းမထားရ။ ထို အတိုင်းဆောင်ရွက်လျှင် ထာဝရဘုရားသည် အမျက်တော်ပြေလျက် သင်တို့အားသနား ကြင်နာတော်မူလိမ့်မည်။ ငါယနေ့သင်တို့ အားမှာကြားသည့်ပညတ်ရှိသမျှတို့ကို စောင့်ထိန်းလျက် ကိုယ်တော်၏အလိုတော် အတိုင်းဆောင်ရွက်လျှင် သင်တို့၏ဘိုးဘေး တို့အားကတိတော်ရှိသည့်အတိုင်း ကိုယ် တော်သည်သင်တို့ကိုသနားကြင်နာ၍ သင်တို့၏လူမျိုးကိုတိုးပွားများပြား စေတော်မူလိမ့်မည်။''
ထလော့၊ လူတို့ကိုသန့်စင်ခြင်းဝတ်ပြုစေ ပြီးလျှင် နက်ဖြန်နေ့၌ငါ၏ရှေ့တော်သို့ ဝင်ရန်အသင့်ရှိကြစေ။ ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရား ဤသို့မိန့်တော်မူကြောင်းပြောကြား လော့။ `ဣသရေလအမျိုးသားအပေါင်း တို့၊ ဖျက်ဆီးပစ်ရမည်ဟုငါပညတ်ထား သောပစ္စည်းအချို့သင်တို့တွင်ရှိ၏။ ထိုပစ္စည်း များကိုသင်တို့မဖျက်ဆီးသမျှကာလ ပတ်လုံးသင်တို့သည်ရန်သူများကိုမခံ မရပ်နိုင်။-
သို့ရာတွင်ရှောလုနှင့်သူ၏တပ်သားတို့သည် အာဂတ်ကို အသက်ချမ်းသာပေး၍အဆူဖြိုး ဆုံးသောသိုးနွားများ၊ အလှဆုံးသောနွား သူငယ်သိုးသူငယ်များနှင့် ကောင်းမွန်သည့် အရာရှိသမျှတို့ကိုမဖျက်မဆီးကြ။ အသုံးမဝင်သောအရာ၊ တန်ဖိုးမရှိသော အရာများကိုသာလျှင်ဖျက်ဆီးပစ်ကြ လေသည်။