Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 24:23 - Common Language Bible

23 ယော​ရှု​က``သို့​ဖြစ်​လျှင်​သင်​တို့​တွင်​ရှိ​သော အ​ခြား​ဘု​ရား​များ​ကို​စွန့်​ပယ်​၍ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ဆည်း​ကပ်​ကိုး​ကွယ်​ကြ​လော့'' ဟု​ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 သို့ ဖြစ် လျှင်၊ ပါ ရှိ သော လူ မျိုး ခြား တို့ ဘု ရား များ ကို စွန့် ပယ် လျက် ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ စိတ် ညွှတ် ကြ လော့ ဟု ယော ရှု မိန့် ဆို လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ယော​ရှု​က၊ သို့​ဖြစ်​လျှင်၊ သင်​တို့​တွင်​ရှိ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​ဘု​ရား​တို့​ကို​ပယ်၍ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဘက်​သို့ စိတ်​နှ​လုံး​ကို​ညွှတ်​ကြ​လော့​ဟု ဆို​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ယောရှု​က​လည်း “​သို့ဖြစ်လျှင် သင်​တို့​တွင်​ရှိ​သော တိုင်းတစ်ပါးသား​တို့​၏​ဘုရား​များ​ကို ဖယ်ရှား​ပြီး သင်​တို့​၏​စိတ်နှလုံး​ကို အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင် ထာဝရဘုရား​ထံ တိမ်းညွတ်​ကြ​လော့​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 24:23
16 ပူးပေါင်းရင်းမြစ်များ  

ယော​ရှု​က​ဆက်​လက်​၍``ယ​ခု​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍ ကိုယ် တော်​၏​အ​မှု​တော်​ကို​စိတ်​ထက်​သန်​စွာ​သစ္စာ ဖြင့်​ဆောင်​ရွက်​ကြ​လော့။ မက်​ဆို​ပို​တေး​မီး​ယား ပြည်​နှင့်​အီ​ဂျစ်​ပြည်​တွင်​သင်​တို့​၏​ဘိုး​ဘေး များ​ကိုး​ကွယ်​ခဲ့​သော​ဘု​ရား​များ​ကို​စွန့်​ပယ် ၍​ထာ​ဝ​ရ​ဘု​ရား​ကို​သာ​ကိုး​ကွယ်​ကြ​လော့။-


စေတနာစိတ်နှင့်ဥာဏ်ကို ရှာဖွေသည်တိုင်အောင်၊ ငါ့စကားကို နားခံ၍၊ ငါ့ပညတ်တို့ကို ကိုယ်အထဲ၌ သွင်းမိလျှင်၎င်း၊


မ​ကောင်း​မှု​ကို​သော်​လည်း​ကောင်း၊ ဆိုး​ညစ်​သူ​တို့​နှင့်​အ​တူ ယုတ်​မာ​မှု​များ​ကို​သော်​လည်း​ကောင်း ပြု​ကျင့်​လို​သော​စိတ်​ဆန္ဒ​နှင့်​ကျွန်​တော်​မျိုး​အား ကင်း​ဝေး​စေ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ထို​သူ​တို့​၏​စား​သောက်​ပွဲ များ​ကို အ​စဉ်​အ​မြဲ​ရှောင်​ရှား​နိုင်​ပါ​စေ​သော။


စည်း​စိမ်​ဥစ္စာ​ခမ်း​သာ​ကြွယ်​ဝ​လို​စိတ်​အ​စား ကိုယ်​တော်​ရှင်​၏​ဆုံး​မ​သွန်​သင်​ခက်​တို့​ကို လိုက်​နာ​စိတ်​ကွန်​တော်​မျိုး​အား​ပေး​တော်​မူ​ပါ။


သင်​တို့​သည်​ငါ့​ကို​သာ​ကိုး​ကွယ်​ရ​မည်။ ငွေ ရုပ်​တု၊ ရွှေ​ရုပ်​တု​ဘု​ရား​များ​ကို​ပြု​လုပ်​၍ မ​ကိုး​ကွယ်​နှင့်။-


ဣ​သ​ရေ​လ​ပြည်​သား​တို့​သည်​ရုပ်​တု​များ​နှင့် အ​ပြီး​အ​ပိုင်​အ​ဆက်​ဖြတ်​ကြ​လိမ့်​မည်။ ငါ​သည်​သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​ကို​နား ညောင်း​၍ သူ​တို့​ကို​စောင့်​ရှောက်​မည်။ ငါ​သည်​အ​မြဲ​စိမ်း​လန်း​သော​အ​ပင်​ကဲ့​သို့ သူ​တို့​ကို​ကာ​ကွယ်​ထား​မည်။ ငါ​သည်​သူ​တို့​အ​တွက်​ကောင်း​ချီး​မင်္ဂ​လာ အ​ဖြာ​ဖြာ စီး​ဆင်း​ရာ​ဖြစ်​တော်​မူ​မည်။


အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း အ​သက်​ရှင်​နိုင်​ကြ​စေ​ရန်​လည်း​ကောင်း၊ ဘိုး​ဘေး တို့​အား​ပေး​တော်​မူ​ခဲ့​သည့်​ပ​ညတ်​တော်​များ​နှင့် အ​မိန့်​တော်​တို့​ကို​လိုက်​နာ​ကြ​စေ​ရန်​လည်း​ကောင်း အ​ကျွန်ုပ်​တို့​အား​အ​မိန့်​တော်​ကို​နာ​ခံ​သူ​များ ဖြစ်​အောင်​ပြု​ပြင်​တော်​မူ​ပါ​စေ​သော။-


အ​ကျွန်ုပ်​တို့​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘုရား​သည် ဘိုး​ဘေး​များ​နှင့်​အ​တူ​နေ​တော်​မူ​ခဲ့​သည့်​နည်း တူ အ​ကျွန်ုပ်​အား​အ​ဘယ်​အ​ခါ​၌​မျှ​မ​စွန့် မ​ခွာ​ဘဲ​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ ပါ​စေ​သော။-


ငါ​သည်​သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် ခဲ့​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​တို့​ခံ​တွင်း​ကို​ဖွင့်​ဟ​ကြ​လော့။ ငါ​သည်​သင်​တို့​အား​ကျွေး​မွေး​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ