ယောရှု 22:25 - Common Language Bible25 ကိုယ်တော်သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင် များဖြစ်ကြသောသင်တို့နှင့်ငါတို့ကို ယော်ဒန်မြစ်အားဖြင့် ခွဲခြားထားတော်မူ သည်။ သင်တို့သည်ထာဝရဘုရားနှင့်မည် သို့မျှမသက်ဆိုင်' ဟုဆိုသဖြင့်သင်တို့ ၏အဆက်အနွယ်တို့သည် ငါတို့၏အဆက် အနွယ်တို့အားထာဝရဘုရားကိုမကိုး ကွယ်ဘဲနေရန်တားမြစ်မည်ကိုစိုးရိမ်သော ကြောင့်ယဇ်ပလ္လင်ကိုတည်ရခြင်းဖြစ်ပါသည်။- အခန်းကိုကြည့်ပါ။Judson Bible25 ထာဝရဘုရားသည် ငါတို့နှင့် သင်တို့စပ်ကြား၌ပိုင်းခြားလျက် ယော်ဒန်မြစ်ကို ထားတော်မူပြီ။ သင်တို့သည် ထာဝရဘုရားနှင့် အလျှင်းမဆိုင်ကြဟု ငါတို့သားမြေးတို့အား ပြောဆိုသဖြင့်၊ ငါတို့သားမြေးတို့သည် ထာဝရဘုရားကို မကြောက်ရွံ့ဘဲနေစေမည်အကြောင်း၊ သင်တို့သားမြေးတို့သည် ပြုကြမည်ဟုစိုးရိမ်၍ ဤအမှုကို ပြုပြီမဟုတ်လော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း25 အို ရုဗင်သားမြေးနှင့်ဂဒ်သားမြေးတို့၊ ထာဝရဘုရားသည် သင်တို့နှင့်ငါတို့ကြား၌ ဂျော်ဒန်မြစ်ကို နယ်နိမိတ်အဖြစ်ခြားထားတော်မူပြီ။ ထာဝရဘုရားထံ၌ သင်တို့အဖို့ဝေစုမရှိ’ဟု ဆိုလျက် သင်တို့၏သားမြေးတို့က ငါတို့၏သားမြေးတို့အား ထာဝရဘုရားကိုကြောက်ရွံ့ရိုသေခြင်းမရှိအောင် ပြုကြမည်ကို ငါတို့စိုးရိမ်သောကြောင့် ဤအမှုကို ပြုခြင်းဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါငါက``ကောင်းကင်ဘုံရှင်ဘုရားသခင်သည် ငါတို့အားအောင်မြင်ခွင့်ကို ပေးတော်မူလိမ့်မည်။ ငါတို့သည်ကိုယ်တော်၏ အစေခံများဖြစ်၍ဗိမာန်တော်တည်ဆောက် မှုကိုအစပြုကြမည်။ သင်တို့မူကားယေရု ရှလင်မြို့တွင်ဘာမျှမပိုင်။ ဤမြို့တွင်သင် တို့နှင့်ဆိုင်သောမှတ်သားဖွယ်ရာဘာမျှ မရှိ'' ဟုပြန်ပြော၏။
မိမိတို့၏ပန်ကြားချက်ကို မင်းကြီးနားထောင် တော့မည်မဟုတ်ကြောင်းသိရှိကြသောအခါ လူ တို့က``ဒါဝိဒ်၌ငါတို့လူမျိုးတော်မရှိ။ ယေရှဲ ၏သား၌ငါတို့အမွေမရှိ။ အို ဣသရေလပြည် သူတို့၊ ငါတို့နေရပ်သို့ပြန်ကြကုန်အံ့။ အို ဒါဝိဒ်၊ သင်၏အိမ်ကိုပြန်ကြည့်လော့'' ဟုဟစ်အော်ကြ ကုန်၏။ သို့ဖြစ်၍ဣသရေလပြည်သူတို့သည်ပုန်ကန် ကြ၏။-
အရှင်မင်းကြီး၊ အကျွန်ုပ်လျှောက်ထားသည်ကို နားညောင်းတော်မူပါ။ အရှင့်အားအကျွန်ုပ်နှင့် ရန်သူဖြစ်အောင်ပြုသူသည် ထာဝရဘုရား ဖြစ်ခဲ့သော်အမျက်တော်ပြေစေရန်ပူဇော် သကာကိုဆက်သနိုင်ပါသည်။ အကယ်၍ ယင်းသို့ရန်သူဖြစ်အောင်ပြုသောသူတို့မှာ လူသားများဖြစ်ပါမူ သူတို့သည်ထာဝရ ဘုရား၏ကျိန်စာသင့်ကြပါစေသတည်း။ ဣသရေလအမျိုးသားတို့အားထာဝရ ဘုရားပေးတော်မူသောနယ်မြေမှ လူမျိုး ခြားတို့၏ဘုရားများကိုသာကိုးကွယ် နိုင်သောနယ်မြေသို့အကျွန်ုပ်အားသူတို့ နှင်ထုတ်ကြပါ၏။-
ငါတို့၏လူစုအတွက်သော်လည်းကောင်း၊ သင် တို့၏လူစုနှင့်နောင်လာနောက်သားများအတွက် သော်လည်းကောင်း သက်သေအထိမ်းအမှတ်ဖြစ် စေရန်သာဖြစ်၏။ ငါတို့သည်ယဇ်နှင့်ပူဇော် သကာများကိုမီးရှို့ရာသကာမှစ၍သကာ အမျိုးမျိုးဖြင့် တဲတော်ရှေ့၌သာထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်မည်ဖြစ်ကြောင်း ဤယဇ်ပလ္လင်ကသက်သေဖြစ်လိမ့်မည်။ ဤနည်း အားဖြင့်သင်တို့၏အဆက်အနွယ်တို့က ငါတို့၏အဆက်အနွယ်တို့အား`သင်တို့ သည်ထာဝရဘုရားနှင့်မည်သို့မျှမသက် ဆိုင်' ဟုပြောနိုင်ကြလိမ့်မည်မဟုတ်ပါ။-