Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 20:4 - Common Language Bible

4 သူ​သည်​ထို​မြို့​များ​အ​နက်​တစ်​မြို့​မြို့​သို့ ထွက်​ပြေး​၍ မြို့​တံ​ခါး​ဝ​တွင်​ရှိ​သော​တ​ရား စီ​ရင်​ရာ​ဌာ​န​သို့​သွား​ပြီး​လျှင် မြို့​၏​အ​ကြီး အ​ကဲ​တို့​အား​ဖြစ်​ပျက်​ခဲ့​သ​မျှ​ကို​ရှင်း​ပြ ရ​မည်။ ထို​နောက်​အ​ကြီး​အ​ကဲ​တို့​က ထို​သူ အား​မြို့​တွင်း​သို့​ဝင်​ခွင့်​ပြု​၍​သူ​နေ​ထိုင် ရန်​နေ​ရာ​ချ​ပေး​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4-6 မုန်း ထား ခြင်း ကင်း လျက် သူ တစ် ပါး ကို မ တော် တ ဆ သတ် မိ သော လူ သတ် သည် ထို မြို့ တစ် မြို့ သို့ ပြေး၍၊ မြို့ တံ ခါး ဝ၌ ရပ် လျက် မြို့ လူ ကြီး တို့ ထံ အ မှု ကို ဖော် ပြ လျှင်၊ တ ရား စီ ရင် ခံ ရန် လူ ပ ရိ သတ် ရှေ့ ရပ် ပိုင် ခွင့် မ ရ မ ချင်း သေ စား သေ စေ ရန် လိုက် လာ သူ့ လက် တွင်း သို့ မ အပ် ဘဲ၊ မြို့ အ တွင်း ခေါ် သွင်း၍ နေ ရာ ချ ကြ သည့် အ တိုင်း ထို ကာ လ ရှိ ပ ရော ဟိတ် မင်း မ လွန် မ ချင်း ၎င်း မြို့ တွင် နေ ထိုင် စေ။ ထို နောက် မှ ထွက် ပြေး ခဲ့ ရာ နေ ရင်း မြို့ နေ ရင်း အိမ် သို့ ပြန် ခွင့် ရ မည့် အ ကြောင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ သည့် အ တိုင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ထို​မြို့ တစ်​စုံ​တစ်​မြို့​သို့ ပြေး​သော​သူ​သည် မြို့​တံ​ခါး​ဝ၌​ရပ်၍၊ ထို​မြို့၌ အ​သက်​ကြီး​သူ​တို့​အား မိ​မိ​အ​မှု​ကို ကြား​ပြော​သော​အ​ခါ၊ သူ​တို့​သည် မြို့​ထဲ​သို့​ခေါ်၍ သူ​တို့​ထံ​မှာ နေ​ရာ​ချ​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 လူသတ်သမား​သည် ထို​မြို့​များ​ထဲမှ တစ်​မြို့​မြို့​သို့ ပြေးသွား​သောအခါ မြို့​တံခါး​အဝင်ဝ​၌​ရပ်​၍ ထို​မြို့​၏​သက်ကြီးဝါကြီး​တို့​အား မိမိ​အမှုကိစ္စ​များ​ကို ပြောပြ​ရ​မည်​။ အကြီးအကဲ​တို့​သည် လူသတ်သမား​ကို မြို့​ထဲသို့​ခေါ်သွား​၍ နေရာ​ချပေး​ရ​မည်​။ သူ​တို့​နှင့်အတူ နေထိုင်​စေ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 20:4
8 ပူးပေါင်းရင်းမြစ်များ  

ငါသည်မြို့အလယ်၌ ရှောက်၍၊ မြို့တံခါးသို့ သွားလျက်၊ လမ်း၌ ထိုင်ရာကို ပြင်ဆင်လျက်နေစဉ်တွင်၊


သူ၏သားသမီးတို့သည် ဘေးလွတ်ရာအရပ်နှင့် ဝေးကြ၏။ ရုံးတော်ရှေ့၌ ညှဉ်းဆဲခြင်းကို ခံရသောအခါ ကယ်နှုတ်သောသူ တယောက်မျှမရှိ။


ကျွန်​တော်​မျိုး​အား​အ​ပြစ်​ကူး​သူ​များ​နှင့်​တ​ကွ ဖျက်​ဆီး​ပစ်​တော်​မ​မူ​ပါ​နှင့်။ သူ​သတ်​သ​မား​တို့​၏​ကံ​ကြမ္မာ​ကို ခံ​စေ​တော်​မ​မူ​ပါ​နှင့်။


သူ၏ခင်ပွန်းသည်လည်း မြို့တံခါးတို့၌ ပြည်သား အသက်ကြီးသူတို့နှင့်ထိုင်၍၊ ထင်ရှားသောသူ ဖြစ်၏။


သို့​ရာ​တွင်​နန်း​တော်​အ​မှု​ထမ်း​ဆူ​ဒန်​အ​မျိုး သား​မိန်း​မ​စိုး​ဧ​ဗ​ဒ​မေ​လက်​သည် ဤ​သို့​ထို သူ​တို့​က​ရေ​တွင်း​ထဲ​သို့​ချ​လိုက်​ကြောင်း​ကို ကြား​သိ​သွား​လေ​သည်။ ထို​အ​ချိန်​၌​မင်း​ကြီး သည်​ဗင်္ယာ​မိန်​တံ​ခါး​အ​နီး​တွင်​ညီ​လာ​ခံ လျက်​နေ​၏။-


ထို့​ကြောင့်​ဘု​ရား​သ​ခင်​၏​က​တိ​တော်​နှင့် ကျိန်​ဆို​တော်​မူ​ခြင်း​တို့​သည် ပြန်​လည်​ရုပ်​သိမ်း ၍​မ​ရ​နိုင်​သော​အ​ရာ​နှစ်​ပါး​ဖြစ်​ကြ​၏။ ထို အ​ရာ​နှစ်​ပါး​နှင့်​ပတ်​သက်​၍​လည်း​ကိုယ်​တော် သည်​မု​သား​စ​ကား​ကို​သုံး​တော်​မ​မူ​နိုင်။ ထို့ ကြောင့်​အ​ထံ​တော်​၌​ခို​လှုံ​လျက်​ရှိ​ကြ​သော ငါ​တို့​သည်​မိ​မိ​တို့​အား​ကိုယ်​တော်​ပေး​တော် မူ​သည့်​မျှော်​လင့်​ချက်​ကို စွဲ​မြဲ​စွာ​ခံ​ယူ ထား​ရန်​စိတ်​အား​တက်​ကြွ​၍​လာ​ကြ​၏။-


တစ်​စုံ​တစ်​ယောက်​အား​မ​တော်​တ​ဆ​သတ်​မိ သော​သူ​သည် လက်​စား​ချေ​မည့်​သူ​၏​လက်​မှ လွတ်​မြောက်​ရန် ထို​မြို့​များ​သို့​ထွက်​ပြေး ခို​လှုံ​နိုင်​စေ​ရ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ