ယောရှု 20:3 - Common Language Bible3 တစ်စုံတစ်ယောက်အားမတော်တဆသတ်မိ သောသူသည် လက်စားချေမည့်သူ၏လက်မှ လွတ်မြောက်ရန် ထိုမြို့များသို့ထွက်ပြေး ခိုလှုံနိုင်စေရမည်။- အခန်းကိုကြည့်ပါ။Judson Bible3 လူအသက်ကို သတ်မည်ဟု အကြံမရှိဘဲ အမှတ်တမဲ့သတ်မိသောသူသည် ပြေး၍ မှီခိုရာမြို့တို့ကို ရွေးထားကြလော့။ သေစားသေစေသောသူလက်နှင့် လွတ်၍ မှီခိုရာမြို့ ဖြစ်ရသတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 မရည်ရွယ်ဘဲ မတော်တဆလူသတ်မိသောလူသတ်သမားသည် ထိုမြို့တို့သို့ပြေးသွားနိုင်၏။ ထိုမြို့တို့သည် လက်စားချေမည့်သူ၏လက်မှ လွတ်မြောက်ရန် သင်တို့ခိုလှုံနိုင်သောမြို့ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သူသည်ထိုမြို့များအနက်တစ်မြို့မြို့သို့ ထွက်ပြေး၍ မြို့တံခါးဝတွင်ရှိသောတရား စီရင်ရာဌာနသို့သွားပြီးလျှင် မြို့၏အကြီး အကဲတို့အားဖြစ်ပျက်ခဲ့သမျှကိုရှင်းပြ ရမည်။ ထိုနောက်အကြီးအကဲတို့က ထိုသူ အားမြို့တွင်းသို့ဝင်ခွင့်ပြု၍သူနေထိုင် ရန်နေရာချပေးရမည်။-
အမျိုးသမီးကလည်း``အရှင်မင်းကြီး၊ ကျွန် တော်မ၏သားကြီးအတွက်လက်စားချေရန် ကြံစည်နေကြသောဆွေမျိုးတို့သည် ကျွန်တော် မ၏သားငယ်ကိုသတ်ခြင်းအားဖြင့် ပိုမိုကြီး လေးသည့်ရာဇဝတ်မှုကိုမပြုကြစေရန် အရှင်၏ဘုရားသခင်ထာဝရဘုရားအား ဆုတောင်းပတ္ထနာပြုတော်မူပါ'' ဟုလျှောက်၏။ ထိုအခါဒါဝိဒ်က``သင်၏သားငယ်သည်စိုး စဉ်းမျှဘေးဥပဒ်မဖြစ်စေရန် အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည်၍ ငါကတိပြု၏'' ဟုဆို၏။
ထို့ကြောင့်ဘုရားသခင်၏ကတိတော်နှင့် ကျိန်ဆိုတော်မူခြင်းတို့သည် ပြန်လည်ရုပ်သိမ်း ၍မရနိုင်သောအရာနှစ်ပါးဖြစ်ကြ၏။ ထို အရာနှစ်ပါးနှင့်ပတ်သက်၍လည်းကိုယ်တော် သည်မုသားစကားကိုသုံးတော်မမူနိုင်။ ထို့ ကြောင့်အထံတော်၌ခိုလှုံလျက်ရှိကြသော ငါတို့သည်မိမိတို့အားကိုယ်တော်ပေးတော် မူသည့်မျှော်လင့်ချက်ကို စွဲမြဲစွာခံယူ ထားရန်စိတ်အားတက်ကြွ၍လာကြ၏။-