ယောရှု 17:5 - Common Language Bible5 သို့ဖြစ်၍မနာရှေအနွယ်သည်ယော်ဒန်မြစ် အရှေ့ဘက်တွင် ဂိလဒ်နယ်နှင့်ဗာရှန်နယ် များအပြင်ဝေစုဆယ်စုကိုရရှိလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible5-6 ထို သို့ မ နာ ရှေ့ အ ဆက် မိန်း မ တို့ သည် ဆွေ မျိုး သား ချင်း တို့ အ တွင်း အ ပိုင် ရ ကြ သော ကြောင့်၊ ယော် ဒန် မြစ် တစ် ဖက် မ နာ ရှေ၏ သား စဉ် မြေး ဆက် တို့ ပိုင် ရ သော ဂိ လဒ်၊ ဗာ ရှန် နယ် များ မှ တစ် ပါး၊ ဆယ် ပိုင်း ကို မ နာ ရှေ့ အ နွယ် သား တို့ ရ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible5-6 ထိုသို့ မနာရှေ၏သမီးတို့သည် သားတို့နှင့်အတူ အမွေကိုခံရ၍၊ မနာရှေ၏သားအချို့တို့သည် ဂိလဒ်ပြည်ကို ရသောကြောင့်၊ ယော်ဒန်မြစ်အရှေ့ဘက် ဂိလဒ်ပြည်နှင့် ဗာရှန်ပြည်မှတစ်ပါး၊ မနာရှေအမျိုးသည် ဆယ်ဖို့ကို ရသေး၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 မနာရှေအမျိုးအနွယ်သည် ဂျော်ဒန်မြစ်အရှေ့ဘက်ရှိ ဂိလဒ်ပြည်နှင့် ဗာရှန်ပြည်အပါအဝင် အခြားအမွေမြေဝေစုဆယ်စုကိုလည်း ရသေး၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည်ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏ သားယောရှုနှင့်ခေါင်းဆောင်တို့ထံသို့ချဉ်း ကပ်၍``ကျွန်မတို့အားလည်းကောင်း၊ ကျွန်မ တို့၏ဆွေမျိုးသားချင်းဖြစ်သူအမျိုးသား တို့အားလည်းကောင်း ပိုင်ဆိုင်ရန်မြေပေးရ မည်ဟုထာဝရဘုရားသည်မောရှေကို မိန့်မှာခဲ့ပါသည်'' ဟုလျှောက်ထားသဖြင့် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း သူတို့သည်သူတို့၏ဆွေမျိုးသားချင်းဖြစ် သူအမျိုးသားများနည်းတူမြေကိုရရှိ ကြသည်။-