Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယော​ရှု 15:19 - Common Language Bible

19 သူ​က``ကိုယ်​တော်​လက်​ဖွဲ့​သော​မြေ​သည်​ခြောက် သွေ့​သော​အ​ရပ်​ဖြစ်​ပါ​သည်။ စမ်း​ရေ​တွင်း​များ ကို​လည်း​ပေး​ပါ'' ဟု​တောင်း​၏။ ထို​ကြောင့် ကာ​လက်​သည်​သူ​၏​သ​မီး​အား​အ​ထက်​စမ်း ရေ​တွင်း​နှင့်​အောက်​စမ်း​ရေ​တွင်း​များ​ကို​ပေး လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 ကိုယ် တော် သည် နေ ဂပ် ခ ရိုင် တွင် ကျွန် မ ကို နေ စေ သည် ဖြစ်၍၊ စမ်း ရေ တွင်း ကို ပေး ပါ ဦး ဟု တောင်း ဆို သည့် အ လျောက် အ ထက် စမ်း ရေ တွင်း နှင့် အောက် စမ်း ရေ တွင်း များ ကို ပေး လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 သ​မီး​က ကောင်​ချီး​ပေး​စေ​ချင်​ပါ၏။ ကိုယ်​တော်​သည် တောင်​မျက်​နှာ​အ​ရပ်​ကို ပေး​ပါ​ပြီ။ စမ်း​ရေ​တွင်း​တို့​ကို​လည်း ပေး​တော်​မူ​ပါ​ဦး​ဟု​တောင်း​သည်​အ​တိုင်း အ​ဘ​သည် အ​ထက်​စမ်း​ရေ​တွင်း၊ အောက်​စမ်း​ရေ​တွင်း​တို့​ကို​ပေး​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 သူ​က​လည်း “​ကောင်းချီး​တစ်​ခု တောင်း​ပါရစေ​။ ကျွန်မ​အား နေဂေ့​အရပ်​မှ​မြေ​ကို အဖေ​ပေး​ပြီ​။ စမ်းရေတွင်း​ကို​လည်း ပေး​ပါဦးလော့​”​ဟု ဆို​၏​။ ထို့ကြောင့် ကာလက်​သည် သူ​၏​သမီး​အား အထက်​စမ်းရေတွင်း​များ​နှင့်တကွ အောက်​စမ်းရေတွင်း​များ​ကို​ပါ ပေး​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 15:19
8 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​သင်​တို့​က​တိ​ပြု​ခဲ့​သည့်​အ​တိုင်း​ဤ အ​လှူ​ကို​ပြင်​ဆင်​နိုင်​ရေး​အ​တွက် ဤ​ညီ​အစ်​ကို တို့​အား​သင်​တို့​ထံ​သို့​ကြို​တင်​စေ​လွှတ်​ရန် လို​အပ်​သည်​ဟု​ငါ​ထင်​မှတ်​၏။ ငါ​ရောက်​ရှိ လာ​သော​အ​ခါ​အ​လှူ​အ​သင့်​ပြင်​ဆင်​ထား ပြီး​ဖြစ်​၍ သင်​တို့​က​ဝတ္တရား​အ​ရ​ပေး​လှူ သည်​မ​ဟုတ်​ဘဲ​စေ​တ​နာ​အ​ရ​ပေး​လှူ ကြောင်း​ပေါ်​လွင်​လိမ့်​မည်။


အ​ရှင်၊ အ​ရှင်​၏​ထံ​သို့​ကျွန်​မ​ယူ​ဆောင်​လာ သော​လက်​ဆောင်​များ​ကို​ကျေး​ဇူး​ပြု​၍ လက်​ခံ​ပြီး​လျှင် အ​ရှင်​၏​လူ​တို့​အား​ပေး တော်​မူ​ပါ။-


ယု​ဒ​အ​နွယ်​ကို​ရည်​သန်​၍​ဤ​သို့​ဖွဲ့​ဆို​လေ သည်။ ``အို ထာ​ဝရ​ဘု​ရား​ယု​ဒ​အ​နွယ်​ဝင်​တို့​အ​ကူ အ​ညီ တောင်း​လျှောက်​သံ​ကို​နား​ညောင်း​တော်​မူ​ပါ။ အ​ခြား​အ​နွယ်​ဝင်​များ​နှင့်​ပြန်​လည် ပေါင်း​စည်း​မိ​စေ​တော်​မူ​ပါ။ အို ထာ​ဝရ​ဘု​ရား၊သူ​တို့​အ​တွက်​တိုက်​ခိုက် တော်​မူ​ပါ။ သူ​တို့​ဘက်​မှ​ရန်​သူ​များ​ကို​တိုက်​ခိုက်​တော် မူ​ပါ။''


ကိုယ်​တော်​ထံ​သို့​ယ​ခု​ကျွန်​တော်​ယူ​ဆောင်​လာ သော​လက်​ဆောင်​များ​ကို​လက်​ခံ​ပါ။ ဘု​ရား​သ​ခင်​သည်​ကျွန်​တော်​လို​သ​မျှ​ကို​ပေး​သ​နား တော်​မူ​ပါ​ပြီ'' ဟု​မ​နေ​မ​နား​တိုက်​တွန်း သ​ဖြင့်​ဧ​သော​သည်​လက်​ဆောင်​များ​ကို လက်​ခံ​လိုက်​လေ​သည်။


ထို​မှ​တစ်​ဖန်​သူ​သည်​အ​ဆင့်​ဆင့်​ပြောင်း​ရွှေ့ လာ​ခဲ့​ရာ ခါ​နာန်​ပြည်​၏​တောင်​ပိုင်း​သို့​ရောက် ရှိ​လေ​သည်။


ထိမ်း​မြား​မင်္ဂ​လာ​နေ့​၌​သြ​သံ​ယေ​လ​သည် အာ​ခ​သ​အား​သူ​၏​ဖ​ခင်​ထံ​မှ​လယ်​တစ် ကွက်​တောင်း​ရန်​တိုက်​တွန်း​လေ​သည်။ အာ​ခ​သ သည်​မြည်း​ပေါ်​မှ​ဆင်း​လိုက်​၏။ ထို​အ​ခါ ကာ​လက်​က​သူ​၏​သ​မီး​အား``မည်​သည့် အ​ရာ​ကို​အ​လို​ရှိ​သ​နည်း'' ဟု​မေး​လျှင်-


ယု​ဒ​အ​နွယ်​ဝင်​မိ​သား​စု​တို့​ပိုင်​ဆိုင်​သော နယ်​မြေ​သည်​ကား​ဤ​သို့​တည်း။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ