Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 15:1 - Common Language Bible

1 ယု​ဒ​အ​နွယ်​ဝင်​မိ​သား​စု​တို့​ရ​ရှိ​သော နယ်​မြေ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ယု​ဒ​အ​နွယ်​ဝင်​တို့​၏​နယ်​မြေ​သည်​တောင် ဘက်​သို့​လား​သော် ဧ​ဒုံ​ပြည်​နယ်​စပ်​ရှိ​ဇိ​န တော​ကန္တာ​ရ​၏​တောင်​ဘက်​စွန်း​သို့​ရောက် သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 အိမ် ထောင် အ လိုက် ယု ဒ အ နွယ် သား တို့ မဲ ကျ၍ ရ သော နယ် သည် တောင် ပိုင်း အ စွန်း ရှိ ဇိ န တော တစ် လျှောက်၊ ဧ ဒုံ နယ် စပ် တိုင် အောင် မီ သည် နှင့်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ယု​ဒ​အ​မျိုး​သား​တို့​သည် စာ​ရေး​တံ​ပြု၍ အ​ဆွေ​အ​မျိုး​အ​လိုက် အ​မွေ​ခံ​ရ​သော​မြေ​ဟူ​မူ​ကား၊ တောင်​မျက်​နှာ၌ ဧ​ဒုံ​ပြည်​နယ်​နှင့် နီး​စပ်​လျက်၊ တေ​မန်​ပြည်​စွန်း​မှ​စ၍ ဇိ​န​တော​ဖြစ်​သော၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ယုဒ​အမျိုးအနွယ်​သည် မဲချ​၍​မျိုးနွယ်စု​အလိုက် ရ​သော​အမွေမြေ​မှာ ဤသို့​ဖြစ်​၏​။ တောင်ဘက်​စွန်း​ရှိ ဇိန​တောကန္တာရ​မှ ဧဒုံ​နယ်နိမိတ်​အထိ​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 15:1
13 ပူးပေါင်းရင်းမြစ်များ  

လေ​အာ​မှ​ဖွား​မြင်​သော​သား​များ​မှာ​ရု​ဗင် (ယာ​ကုပ်​၏​သား​ဦး) ရှိ​မောင်၊ လေ​ဝိ၊ ယု​ဒ၊ ဣ​သ​ခါ​နှင့်​ဇာ​ဗု​လုန်​တို့​ဖြစ်​သည်။


ဗိ​မာန်​တော်​တွင်​ရှော​လ​မုန်​နှင့်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ​နေ ပွဲ​တော်​ကို​ခု​နစ်​ရက်​တိုင်​တိုင်​ကျင်း​ပ​ကြ​လေ သည်။ လူ​အုပ်​ကြီး​မှာ​မြောက်​ဘက်​ဟာ​မတ်​တောင် ကြား​လမ်း​မှ​သည် တောင်​ဘက်​အီ​ဂျစ်​ပြည်​နယ် စပ်​တိုင်​အောင်​အ​နှံ့​အ​ပြား​အ​ရပ်​ရပ်​မှ​လာ ရောက်​သူ​များ​ဖြစ်​သတည်း။-


``တောင်​ဘက်​နယ်​နိ​မိတ်​သည်​တာ​မာ​မြို့​မှ အ​နောက်​တောင်​ဘက်​ရှိ​ကာ​ဒေ​ရှ​မေ​ရိ​ဘ စိမ့်​စမ်း​သို့​လည်း​ကောင်း၊ ထို​နောက်​အ​နောက် မြောက်​ဘက်​ရှိ​အီ​ဂျစ်​ပြည်​နယ်​စပ်​ကို​လိုက် ၍​မြေ​ထဲ​ပင်​လယ်​သို့​လည်း​ကောင်း​ရောက် ရှိ​၏။


အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​အ​ကူ အ​ညီ​တောင်း​ခံ​လျှောက်​ထား​သော​အ​ခါ ကိုယ် တော်​သည်​နား​ညောင်း​တော်​မူ​၍​ကောင်း​ကင် တ​မန်​ကို​စေ​လွှတ်​လျက် ကျွန်ုပ်​တို့​အား​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​ခဲ့​၏။ ယ​ခု​အ​ကျွန်ုပ် တို့​သည်​ကိုယ်​တော်​၏​နယ်​စပ်​တွင်​တည်​ရှိ သော​ကာ​ဒေ​ရှ​မြို့​သို့​ရောက်​ရှိ​နေ​ပါ​သည်။-


အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​နှစ်​ဦး​စ​လုံး သည် ဇိ​န​တော​ကန္တာ​ရ​ရှိ​ကာ​ဒေ​ရှ​မြို့​အ​နီး မေ​ရိ​ဘ​စမ်း​သို့​ရောက်​စဉ်​အ​ခါ​က ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ရှေ့​တွင် ငါ့​အား​မ​ရို မ​သေ​ပြု​ကြ​သော​ကြောင့်​ဖြစ်​၏။-


ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​မိန့်​မှာ တော်​မူ​သည့်​အ​တိုင်း ယော်​ဒန်​မြစ်​အ​နောက် ဘက်​ရှိ​နယ်​မြေ​ကို​ဣ​သ​ရေ​လ​အ​နွယ်​ကိုး နွယ်​နှင့်​အ​နွယ်​တစ်​ဝက်​တို့​အား​မဲ​ချ ၍​ခွဲ​ဝေ​ပေး​လေ​သည်။-


တောင်​ဘက်​နယ်​နိ​မိတ်​သည်​ပင်လယ်​သေ​တောင် ဘက်​စွန်း​မှ​စ​၍ တောင်​ဘက်​ရှိ​အ​က​ရဗ္ဗိမ် တောင်​ကြား​ကို​ဖြတ်​ပြီး​လျှင်​ဇိ​န​မြို့​အ​ထိ ရောက်​သည်။ ထို​မှ​တစ်​ဖန်​ကာ​ဒေ​ရှ​ဗာ​နာ​မြို့ ၏​တောင်​ဘက်​သို့​သွား​၍​ဟေ​ဇ​ရုန်​မြို့​ကို​ဖြတ် လျက်​အာ​ဒါ​မြို့​ဘက်​သို့​တက်​ပြီး​လျှင် ကာ ကာ​မြို့​ဘက်​သို့​ကွေ့​ပြီး​နောက်​အ​ဇ​မုန်​မြို့ သို့​ရောက်​လေ​သည်။ ထို​နောက်​အီ​ဂျစ်​ပြည်​နယ် စပ်​ရှိ​ချောင်း​ကို​လိုက်​၍​မြေ​ထဲ​ပင်​လယ်​တွင် အ​ဆုံး​သတ်​သည်။ ဤ​ကား​ယု​ဒ​နယ်​မြေ​၏ တောင်​ဘက်​နယ်​နိ​မိတ်​ဖြစ်​သ​တည်း။


ထို​ပြည်​ကို​ခု​နစ်​ပိုင်း​ပိုင်း​ခြား​ရ​မည်။ ယု​ဒ အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​၏​တောင်​ဘက်​နယ် မြေ​၌​လည်း​ကောင်း၊ ယော​သပ်​အ​နွယ်​ဝင်​တို့ သည်​မိ​မိ​တို့​၏​မြောက်​ဘက်​နယ်​မြေ​၌​လည်း ကောင်း​နေ​ထိုင်​ရ​ကြ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ