ယောရှု 10:38 - Common Language Bible38 ထိုနောက်ယောရှုနှင့်ဣသရေလတပ်သား တို့သည် ဒေဗိရမြို့သို့ပြန်လာ၍ထိုမြို့ကို တိုက်ခိုက်ကြသည်။- အခန်းကိုကြည့်ပါ။Garrad Bible38 ယော ရှု သည် ဣ သ ရေ လ တစ် တပ် လုံး နှင့် တ ကွ၊ ဒေ ဗိ ရ မြို့ သို့ လှည့် ချီ တိုက် ခိုက် ရာ၊ အခန်းကိုကြည့်ပါ။Judson Bible38 တစ်ဖန် ယောရှုသည် ဣသရေလလူအပေါင်းတို့နှင့်တကွ၊ ဒေဗိရမြို့သို့ ပြန်လာ၍ တိုက်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း38 ထို့နောက် ယောရှုနှင့်အစ္စရေးစစ်သည်တို့သည် ဒေဗိရမြို့သို့လှည့်၍ ထိုမြို့ကို တိုက်ခိုက်ကြ၏။ အခန်းကိုကြည့်ပါ။ |
သိမ်းပိုက်ကြလေသည်။ သူတို့သည်ဟေဗြုန် မင်းနှင့်မြို့သူမြို့သားအပေါင်းတို့ကိုလည်း ကောင်း၊ အနီးအနားမြို့များမှမြို့သူမြို့ သားအပေါင်းတို့ကိုလည်းကောင်း သတ်ဖြတ် သုတ်သင်ကြလေသည်။ ယောရှုသည်ဧဂလုန် မြို့ကိုလုံးလုံးလျားလျားဖျက်ဆီးခဲ့သည့် နည်းတူ ဟေဗြုန်မြို့ကိုလည်းဖျက်ဆီးလေ သည်။ မည်သူတစ်ယောက်မျှအသက်ရှင်၍ မကျန်ရစ်ချေ။
သူတို့သည်မင်းနှင့်တကွမြို့ကိုလည်းကောင်း၊ ပတ်ဝန်းကျင်ရှိမြို့ရှိသမျှကိုလည်းကောင်း သိမ်းပိုက်၍ ထိုမြို့များတွင်နေထိုင်သောမြို့ သူမြို့သားအားလုံးကိုသတ်ဖြတ်သုတ်သင် ကြသည်။ ယောရှုသည်ဟေဗြုန်မြို့၊ လိဗနာ မြို့နှင့်၎င်းတို့၏မင်းများကိုပြုသကဲ့သို့ ဒေဗိရမြို့နှင့်၎င်း၏မင်းကိုပြုလေသည်။