ယောဘဝတ္တု။ 31:33 - Common Language Bible33 ငါသည်လူပြုတတ်သကဲ့သို့၊ ကိုယ်ဒုစရိုက်ကိုဖုံး၍၊ ကိုယ်ရင်ထဲ၌ ကိုယ်အပြစ်ကိုဝှက်ထားဘူးသဘော။ အခန်းကိုကြည့်ပါ။Garrad Bible33-34 ငါ သည် တိတ် ဆိတ် စွာ နေ၍၊ အိမ် တံ ခါး ဖြင့် မ ထွက် ဝံ့ သည့် တိုင် အောင်၊ လူ သာ မန် ပ ရိ သတ် ကို ကြောက် လျက်၊ လူ မြတ် တို့ မ ထီ မဲ့ မြင် ပြု ခြင်း ကို ရွံ့ လျက်၊ လူ့ ဘာ ဝ အ တိုင်း၊ ကိုယ့် ဒု စ ရိုက် ကို ရင် ခွင်၌ ဝှက် ထား သ ဖြင့် လွန် ကျူး မှု ကို လည်း ဖုံး ကွယ် ခဲ့ လျှင်လည်း ကောင်း၊ အခန်းကိုကြည့်ပါ။Judson Bible33 ငါသည် လူပြုတတ်သကဲ့သို့၊ ကိုယ်ဒုစရိုက်ကိုဖုံး၍၊ ကိုယ်ရင်ထဲ၌ ကိုယ်အပြစ်ကို ဝှက်ထားဖူးသလော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း33 ငါသည် အခြားသောသူတို့ပြုတတ်သကဲ့သို့ ကိုယ့်အပြစ်ကို ဖုံးကွယ်ဖူးသလော။ ကိုယ့်ဒုစရိုက်ကို စိတ်ထဲ၌ဝှက်ထားဖူးသလော။ အခန်းကိုကြည့်ပါ။ |
ထိုအခါကျွန်တော်မျိုးသည်မိမိ၏အပြစ် များကို ကိုယ်တော်၏ထံတွင်ဖော်ပြဝန်ခံပါ၏။ ကျွန်တော်မျိုးပြုမိသည့်အမှားများကို အထံတော်မှဖုံးကွယ်၍မထားပါ။ ယင်းတို့ကိုကိုယ်တော်အားဖော်ပြဝန်ခံရန် ကျွန်တော်မျိုးစိတ်ပိုင်းဖြတ်လိုက်ပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကူးလွန်မှု ရှိသမျှတို့အတွက်အပြစ်ဖြေလွှတ်တော် မူပါ၏။
ဟေရှာယက``သူတို့သည်နန်းတော်တွင်း၌ အဘယ်အရာများကိုတွေ့မြင်သွားကြ ပါသနည်း'' ဟုမေးပြန်၏။ ဟေဇကိက``သူတို့သည်နန်းတော်တွင်း၌ရှိ သမျှသောအရာတို့ကိုတွေ့မြင်ကြပါ၏။ ပစ္စည်းသိုလှောင်ခန်းများထဲမှသူတို့အား ငါ မပြသောအရာတစ်စုံတစ်ခုမျှမရှိ'' ဟု မိန့်တော်မူ၏။