ယောဘဝတ္တု။ 31:28 - Common Language Bible28 ရာဇဝတ်ခံထိုက်သော အပြစ်ရှိ၏။ အထက်အရပ်၌ ရှိတော်မူသောဘုရားသခင်ကို ငြင်းပယ်ရာ ရောက်၏။ အခန်းကိုကြည့်ပါ။Garrad Bible28 အ ထက်၌ စံ နေ တော် မူ သော ဘု ရား သ ခင် အား၊ ငြင်း ဆန် ရာ ရောက် သည့် အ တိုင်း ထို အ မှု လည်း သ မာ ဓိ တို့ ထံ အ ပြစ် ဒဏ် ခံ ထိုက် ရာ၏။ အခန်းကိုကြည့်ပါ။Judson Bible28 ရာဇဝတ်ခံထိုက်သော အပြစ်ရှိ၏။ အထက်အရပ်၌ ရှိတော်မူသောဘုရားသခင်ကို ငြင်းပယ်ရာရောက်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း28 ဤသို့ပြုခြင်းသည်လည်း အထက်အရပ်ရှိဘုရားသခင်ကို ငြင်းဆန်ရာရောက်သဖြင့် ဒဏ်ခံထိုက်သောအပြစ် ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည်အပြစ်မဲ့သူများကို အပြစ်ရှိ သူတို့နှင့်ရော၍သုတ်သင်ပစ်မည်လော။ ထိုသို့ မဖြစ်နိုင်ပါ။ ကိုယ်တော်သည်ထိုသို့မပြုနိုင် ပါ။ ကိုယ်တော်သည်ထိုသို့ပြုလျှင် အပြစ်မဲ့သူ တို့သည်အပြစ်ရှိသူတို့နှင့်အတူဒဏ်ခံရ ကြပါမည်။ ထိုသို့မဖြစ်ပါစေနှင့်။ ကမ္ဘာမြေ ကြီးတစ်ခုလုံးကိုတရားစီရင်သောအရှင် သည် တရားမျှတစွာစီရင်တော်မူမည်မဟုတ် ပါလော'' ဟုလျှောက်လေ၏။
အဘယ်ကြောင့်ဆိုသော်တရားမဲ့သူလူ အချို့တို့သည် သင်တို့အထဲသို့အမှတ် မထင်ဝင်ရောက်လျက်ရှိနေကြသောကြောင့် ပင်ဖြစ်၏။ သူတို့သည်ဘုရားမရှိသူများ ဖြစ်၍ ငါတို့ဘုရားသခင်၏ကျေးဇူးတော် ကိုမိမိတို့၏အပျော်အပါးလိုက်စားမှု များအတွက်အလွဲသုံးစားပြုလုပ်ကြ လျက် ငါတို့၏တစ်ပါးတည်းသောအရှင် သခင်ဖြစ်တော်မူသည့်သခင်ယေရှုခရစ် ကိုပစ်ပယ်ကြလေသည်။ ထိုသူတို့ကား ရှေးမဆွကပင်လျှင် အပြစ်ဒဏ်စီရင်ရန် သတ်မှတ်ထားခြင်းခံရကြသူများ ဖြစ်သတည်း။
ဣသရေလလူမျိုးတွင်မိစ္ဆာပရောဖက်များ ပေါ်ပေါက်ခဲ့သည်နည်းတူ သင်တို့တွင်လည်း မိစ္ဆာဆရာများပေါ်ပေါက်လာကြလိမ့်မည်။ သူ တို့သည်အကျိုးယုတ်စေသောမှားယွင်းသည့် အယူဝါဒများကိုသင်တို့ထံသို့ယူဆောင် လာပြီးလျှင် မိမိတို့အားရွေးနှုတ်ကယ်တင် တော်မူသောအရှင်ကိုပင်လျှင်ပစ်ပယ်ကြ လိမ့်မည်။ ဤနည်းအားဖြင့်သူတို့သည်မိမိ တို့အပေါ်တွင် ပျက်စီးခြင်းဘေးလျင်မြန် စွာရောက်စေကြလိမ့်မည်။-
သင်တို့သည်ကောင်းကင်ဘုံစာရင်းဝင်သား ဦးများပျော်ရွှင်စွာစုဝေးရာသို့ရောက်ရှိ နေကြ၏။ သင်တို့သည်လူအပေါင်းတို့ကို တရားစီရင်တော်မူသောအရှင်ဘုရား သခင်၏ထံတော်သို့လည်းကောင်း၊ အြုပစ် ဆိုဖွယ်မရှိသောသူတော်ကောင်းတို့၏ ဝိညာဉ်များထံသို့လည်းကောင်းရောက်ရှိ နေကြ၏။-
ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ကိုပုန်ကန် ကြပါ၏။ ကိုယ်တော်ရှင်ကိုပစ်ပယ်ကာနောက် တော်သို့လိုက်ရန်ငြင်းဆန်ခဲ့ကြပါ၏။ ကျွန် တော်မျိုးတို့သည်သူတစ်ပါးတို့အားနှိပ်စက် ညှင်းဆဲ၍ကိုယ်တော်ရှင်ကိုလည်းပုန်ကန်ကြ ပါပြီ။ ကျွန်တော်မျိုးတို့၏အကြံအစည် များသည်မူမမှန်ပါ။ ကျွန်တော်မျိုးတို့၏ စကားများသည်လည်းမုသားဖြစ်ပါ၏။-