Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 29:8 - Common Language Bible

8 လူပျိုတို့သည် ငါ့ကိုမြင်သဖြင့် ပုန်းရှောင်၍ နေကြ၏။ အသက်ကြီးသူတို့သည်လည်းထ၍ မတ်တတ် နေကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ငါ့ ကို မြင် သော်၊ လူ ပျို တို့ ဆုတ် ခွာ လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 လူ​ပျို​တို့​သည် ငါ့​ကို​မြင်​သ​ဖြင့် ပုန်း​ရှောင်၍ နေ​ကြ၏။ အ​သက်​ကြီး​သူ​တို့​သည်​လည်း ထ၍ မတ်​တတ်​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 လူငယ်​တို့​သည်​လည်း ငါ့​ကို​မြင်​လျှင် ရှောင်ပေး​ကြ​၏​။ အသက်ကြီး​သူ​တို့​သည်​လည်း ထ​၍​ရပ်​ပေး​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 29:8
10 ပူးပေါင်းရင်းမြစ်များ  

ငါသည်မြို့အလယ်၌ ရှောက်၍၊ မြို့တံခါးသို့ သွားလျက်၊ လမ်း၌ ထိုင်ရာကို ပြင်ဆင်လျက်နေစဉ်တွင်၊


မင်းသားတို့သည် စကားမပြောဘဲနေ၍၊ မိမိတို့ နှုတ်ကို လက်နှင့် ပိတ်ကြ၏။


ဖြူသောဆံပင်သည် ဖြောင့်မတ်ခြင်း တရား လမ်း၌ တည်လျှင်၊ ဘုန်းကြီးသောသရဖူဖြစ်၏။


တရားပလ္လင်ပေါ်မှာထိုင်သော ရှင်ဘုရင်သည် မကောင်းသော အမှုအရာရှိသမျှတို့ကို မျက်စိတော်နှင့် ပယ် ရှင်းတတ်၏။


``အ​သက်​ကြီး​သူ​တို့​ကို​ရို​သေ​ကိုင်း​ရှိုင်း​ရ​မည်။ ငါ့​ကို​ကြောက်​ရွံ့​ရို​သေ​ရ​မည်။ ငါ​သည်​ထာ​ဝ​ရ ဘုရား​ဖြစ်​တော်​မူ​၏။


သို့​ဖြစ်​၍​အ​စိုး​ရ​မင်း​အား​သင်​တို့​ပေး​ဆောင် ထိုက်​သည်​ကို​ပေး​ဆောင်​ကြ​လော့။ ပေး​ဆောင်​စ​ရာ ရှိ​သ​မျှ​သော​အ​ခွန်​များ​ကို​ပေး​ဆောင်​ကြ​လော့။ အာ​ဏာ​ပိုင်​ရှိ​သ​မျှ​တို့​အား​ရို​သေ​လေး​စား ကြ​လော့။


တိုင်း​ပြည်​အုပ်​ချုပ်​သူ​များ​နှင့်​အာ​ဏာ​ပိုင်​များ ၏​အုပ်​စိုး​ခြင်း​ကို​ဝန်​ခံ​၍ သူ​တို့​၏​စ​ကား​ကို နား​ထောင်​ကြ​ရန်​လည်း​ကောင်း၊ ကောင်း​မြတ်​သော အ​မှု​ကိစ္စ​မှန်​သ​မျှ​ကို​ဆောင်​ရွက်​ဖို့​အ​သင့်​ရှိ ကြ​ရန်​လည်း​ကောင်း သင်​၏​လူ​စု​အား​သ​တိ ပေး​လော့။-


ခပ်​သိမ်း​သော​သူ​တို့​ကို​လေး​စား​ကြ​လော့။ ယုံ​ကြည် သူ​တို့​ကို​ချစ်​ကြ​လော့။ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့ ကြ​လော့။ ဘု​ရင်​ဧ​က​ရာဇ်​မင်း​အား​ရို​သေ​ကြ​လော့။


ထို​နည်း​တူ​စွာ​သင်​တို့​လူ​ငယ်​လူ​ရွယ်​များ​သည် လူ​ကြီး​တို့​၏​စ​ကား​ကို​နား​ထောင်​ရ​ကြ​မည်။ သင်​တို့​အား​လုံး​ပင်​နှိမ့်​ချ​သော​စိတ်​တည်း​ဟူ သော​တန်​ဆာ​ကို​ဆင်​လျက်​တစ်​ဦး​၏​အ​စေ​ကို တစ်​ဦး​ခံ​ရ​ကြ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော် ကျမ်း​စာ​တော်​တွင်``ဘု​ရား​သ​ခင်​သည်​မာ​န ကြီး​သူ​ကို​ဆီး​တား​တော်​မူ​၏။ သို့​ရာ​တွင် စိတ်​နှိမ့်​ချ​သူ​ကို​မူ​ကား​ကျေး​ဇူး​ပြု​တော် မူ​၏'' ဟု​ဖော်​ပြ​ပါ​ရှိ​သော​ကြောင့်​တည်း။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ