ယောဘဝတ္တု။ 24:15 - Common Language Bible15 သူ့မယားကို ခိုးသောသူသည် ညဦးယံအချိန်ကို မြော်လင့်၍၊ မိမိမျက်နှာကိုဖုံးလျက် အဘယ်သူမျှ မမြင်ရ ဟု ဆိုတတ်၏။ အခန်းကိုကြည့်ပါ။Garrad Bible15 မ ယာ ခိုး က လည်း၊ မည် သူ မျှ ငါ့ ကို မ မြင် ရ ဟု ဆို လျက်၊ မျက် နှာ ဖုံး အုပ်၍၊ ဆည်း ဆာ အ ချိန် တိုင် ဆိုင်း လင့် ၏။ အခန်းကိုကြည့်ပါ။Judson Bible15 သူ့မယားကို ခိုးသောသူသည် ညဉ့်ဦးယံအချိန်ကိုမျှော်လင့်၍၊ မိမိမျက်နှာကိုဖုံးလျက် အဘယ်သူမျှမမြင်ရဟု ဆိုတတ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း15 အိမ်ထောင်ရေးဖောက်ပြန်သောသူသည်လည်း ‘မည်သူမျှ ငါ့ကို မမြင်’ဟု တွေးထင်လျက် မျက်နှာကိုဖုံးကာ မှောင်ရီပျိုးချိန်ကို စောင့်မျှော်နေတတ်၏။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်ကငါ့အား``အချင်းလူသား၊ ဣသရေလအမျိုးသားခေါင်းဆောင်များလျှို့ဝှက်စွာပြုလျက်နေကြသောအမှုကိုသင်မြင်သလော။ သူတို့သည်မိမိတို့ကိုယ်ပိုင်ရုပ်တုများရှိသောအခန်းထဲ၌ကိုးကွယ်ဝတ်ပြုနေကြ၏။ သူတို့က`ထာဝရဘုရားသည်ငါတို့ကိုမမြင်။ ကိုယ်တော်သည်ငါတို့ပြည်ကိုစွန့်တော်မူလေပြီ' ဟုဆင်ခြေပေးကြ၏'' ဟုမိန့်တော်မူ၏။
ဘုရားသခင်က``ဣသရေလနှင့်ယုဒပြည် သူပြည်သားတို့၏အပြစ်များသည်အကယ် ပင်ကြီးလေး၏။ သူတို့သည်ပြည်တွင်းနေရာ တကာတွင်လူသတ်မှုများ၊ ပြစ်မှုများဖြင့် ပြည့်နှက်စေကြလျက်`ထာဝရဘုရားသည် ငါတို့ပြည်ကိုစွန့်တော်မူလေပြီ။ ထာဝရ ဘုရားသည်ငါတို့ကိုမြင်တော်မမူ' ဟု ဆိုကြ၏။-