Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 23:14 - Common Language Bible

14 ငါ့အငန်းအတာကို စီရင်တော်မူ၏။ ထိုသို့သော အကြံအစည်တော်အများရှိကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 သို့ နှင့် အ ညီ၊ ငါ့ အ ငန်း အ တာ ကို ပြည့် စေ တော် မူ၍၊ ထို သို့ သော အ ရာ များ စွာ ကို စီ ရင် တော် မူ သ ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 ငါ့​အ​ငန်း​အ​တာ​ကို စီ​ရင်​တော်​မူ၏။ ထို​သို့​သော အ​ကြံ​အ​စည်​တော်​အ​များ ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ငါ့​အဖို့ ကြံရွယ်​ထား​သော​အရာ​ကို ပြု​တော်မူ​လိမ့်မည်​။ ထိုသို့ ပြု​တော်မူ​မည့်​အရာ များစွာ​ရှိ​သေး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 23:14
12 ပူးပေါင်းရင်းမြစ်များ  

ယခုရောက်သောအမှုတို့ကိုလည်း၊ နှလုံးတော်၌သိုထား၍ ကြံစည်တော်မူသည်နှင့်အညီ ရောက်ကြောင်း ကို အကျွန်ုပ်သိပါ၏။


သို့ရာတွင် သဘောတညီတည်းရှိတော်မူသော ဘုရားသခင်ကို အဘယ်သူသည် ပြောင်းလဲစေနိုင်မည် နည်း။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူလိမ့်မည်။


ထိုကြောင့်ရှေ့တော်၌ ငါထိတ်လန့်လျက်နေ၍ ဆင်ခြင်သောအခါ၊ ကိုယ်တော်ကိုကြောက်ရွံ့ရ၏။


ထိုနည်းတူငါသည် ဒုက္ခနေ့လတို့နှင့်ဆိုင်ရ၏။ ပင်ပန်းစွာခံရသော ညဉ့်တို့သည်လည်း ငါ၏အငန်း အတာ ဖြစ်၏။


ကိုယ်​တော်​ရှင်​သည်​ပင်​လယ်​ပြင်​တွင် လျှောက်​သွား​တော်​မူ​၍​နက်​ရှိုင်း​သော သ​မုဒ္ဒ​ရာ​ကို ဖြတ်​ကျော်​တော်​မူ​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​၏​ခြေ​တော်​ရာ​များ ကို​မူ မ​တွေ့​မ​မြင်​နိုင်​ပါ။


မိုး​တိမ်​များ​နှင့်​မှောင်​မိုက်​တို့​သည်​ကိုယ်​တော်​ကို ဝိုင်း​ရံ​လျက်​ရှိ​၏။ ကိုယ်​တော်​၏​အုပ်​စိုး​ခြင်း​သည်​အ​မှန်​တ​ရား​နှင့် တ​ရား​မျှ​တ​မှု​အ​ပေါ်​တွင်​အ​ခြေ​ခံ​၏။


ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သော​သူ​သည် ပညာ​ရှိ​၏။ ကိုယ်​တော်​သည်​မြို့​ကို​ဤ​သို့​ဆင့် ဆို​တော်​မူ​၏။ ``မြို့​ထဲ​ရှိ​လူ​ပ​ရိ​သတ် အ​ပေါင်း​တို့၊ နာ​ခံ​ကြ​လော့၊-


ဘု​ရား​သ​ခင်​၏​ကြွယ်​ဝ​သော​ဉာဏ်​ပ​ညာ တော်​နှင့်​အ​သိ​ပ​ညာ​တော်​သည် လွန်​စွာ​နက်​နဲ လှ​ပါ​တ​ကား။ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ချက် များ​ကို​အ​ဘယ်​သူ​ရှင်း​ပြ​နိုင်​သ​နည်း။ နည်း လမ်း​တော်​များ​ကို​အ​ဘယ်​သူ​နား​လည် နိုင်​သ​နည်း။-


ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​အ​မျက်​တော် သင့်​စေ​ရန်​ရွေး​ကောက်​တော်​မူ​သည်​မ​ဟုတ်။ အ​ရှင် သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​ကယ်​တင်​ခြင်း ခံ​ရ​ကြ​စေ​ရန်​ရွေး​ကောက်​တော်​မူ​၏။-


အ​ခြား​ကျမ်း​တစ်​ပုဒ်​တွင်၊ ``ထို​ကျောက်​သည်​လူ​တို့​အား​ခ​လုတ်​ထိ​စေ​၍ ပြို​လဲ​စေ​သော​ကျောက်​ဖြစ်​၏'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။ သူ​တို့​သည်​နှုတ်​က​ပတ်​တော် ကို မ​ယုံ​ကြည်​ကြ​သ​ဖြင့်​ခ​လုတ်​ထိ​ရ​ကြ​၏။ ဤ​ကား​ထို​သူ​တို့​အ​တွက်​ဘု​ရား​သ​ခင်​၏ အ​လို​တော်​ပင်​ဖြစ်​သ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ