Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 19:26 - Common Language Bible

26 ငါ့အရေကုန်ပြီးမှ ဤကိုယ်ကိုပင် ဖျက်ဆီးသော်လည်း၊ ငါသည်ကိုယ်ခန္ဓာ၌ ဘုရားသခင်ကိုမြင်မည်ဟူ၍ ၎င်း ငါသိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 ငါ့​အ​ရေ​ကုန်​ပြီး​မှ ဤ​ကိုယ်​ကို​ပင် ဖျက်​ဆီး​သော်​လည်း၊ ငါ​သည်​ကိုယ်​ခ​န္ဓာ၌ ဘု​ရား​သ​ခင်​ကို​မြင်​မည်​ဟူ၍​လည်း​ကောင်း ငါ​သိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 ငါ့​အရေပြား​များ ပျက်စီး​သွား​သော်လည်း ဤ​ကိုယ်ခန္ဓာ​ဖြင့် ဘုရားသခင်​အား ဖူးမြင်​ရ​မည်​ကို ငါ​သိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 19:26
9 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​အ​သက်​ရှင်​ရာ လမ်း​ကို​ပြ​ညွှန်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​အ​နီး​တွင် ရှိ​တော်​မူ​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​သည်​ရွှင်​လန်း​ဝမ်း​မြောက်​၍ ထာ​ဝ​စဉ်​ပျော်​မွေ့​လျက်​ရှိ​ပါ​၏။


သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​ရွှင်​လန်း​ဝမ်း​မြောက် ပါ​၏။ ကျွန်​တော်​မျိုး​သည်​ဘေး​ကင်း​လုံ​ခြုံ​လျက်​ရှိ​ပါ​၏။


ကျွန်​တော်​မျိုး​သည်​အ​ပြစ်​မ​ကူး​လွန်​ခဲ့​သ​ဖြင့် ကိုယ်​တော်​ရှင်​ကို​ဖူး​မြင်​ရ​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​အိပ်​ရာ​မှ​နိုး​ထ​သော​အ​ခါ​၌ ကိုယ်​တော်​ရှင်​ကျွန်​တော်​မျိုး​နှင့်​အ​တူ​ရှိ​တော် မူ​သ​ဖြင့် ရွှင်​လန်း​ဝမ်း​မြောက်​ရ​ပါ​လိမ့်​မည်။


``စိတ်​နှ​လုံး​ဖြူ​စင်​သော​သူ​တို့​သည်​မင်္ဂ​လာ ရှိ​ကြ​၏။ ထို​သူ​တို့​သည်​ဘု​ရား​သ​ခင်​ကို​ဖူး​မြင်​ရ​ကြ​လတ္တံ့။


ယ​ခု​အ​ခါ​ငါ​တို့​သည်​ကြေး​မုံ​တွင်​ပေါ်​လာ သည့်​ပုံ​သဏ္ဌာန်​ကို​မြင်​ရ​သ​ကဲ့​သို့​မ​ထင်​မ​ရှား တွေ့​မြင်​ရ​ကြ​၏။ ထို​အ​ခါ​၌​မူ​ကား​မျက်​ဝါး ထင်​ထင်​တွေ့​မြင်​ရ​လတ္တံ့။ ယ​ခု​အ​ခါ​ငါ​သည် စုံ​လင်​စွာ​မ​သိ​မ​မြင်​ရ။ ထို​အ​ခါ​၌​ကား ဘု​ရား​သ​ခင်​သည်​ငါ့​ကို​စုံ​လင်​စွာ​သိ​မြင် တော်​မူ​သ​ကဲ့​သို့​ငါ​သည်​စုံ​လင်​စွာ​သိ မြင်​ရ​လိမ့်​မည်။


အ​ဘယ်​ကြောင့်​ဆို​သော်​ပုပ်​ပျက်​တတ်​သော အ​ရာ​သည်​မ​ပုပ်​မ​ပျက်​နိုင်​သော​အ​ဖြစ်​သို့ ပြောင်း​လဲ​ရ​မည်။ သေ​တတ်​သော​အ​ရာ​သည် မ​သေ​နိုင်​သော​အ​ဖြစ်​သို့​ပြောင်း​လဲ​ရ​မည်။-


ကိုယ်​တော်​သည်​အ​ရာ​ခပ်​သိမ်း​ကို​မိ​မိ​၏​အာ​ဏာ စက်​အောက်​တွင်​ရောက်​စေ​တော်​မူ​သော​တန်​ခိုး​တော် အား​ဖြင့် ငါ​တို့​၏​သေ​ကြေ​ပျက်​စီး​တတ်​သော​ကိုယ် ခန္ဓာ​ကို​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော​ကိုယ်​ခန္ဓာ တော်​နှင့်​တူ​အောင် ပြောင်း​လဲ​စေ​တော်​မူ​လိမ့်​မည်။


ချစ်​ဆွေ​တို့၊ ယ​ခု​အ​ခါ​ငါ​တို့​သည်​ဘု​ရား သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​ကြ​၏။ သို့​ရာ တွင်​နောင်​အ​ခါ​အ​ဘယ်​သို့​သော​သူ​များ​ဖြစ် မည်​ကို​သေ​ချာ​စွာ​မ​သိ​ရ​ကြ​သော်​လည်း ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ​ကိုယ် တော်​ဖြစ်​တော်​မူ​သည်​အ​တိုင်း​ဖူး​မြင်​ရ​ကြ မည်​ဖြစ်​၍ ငါ​တို့​သည်​ကိုယ်​တော်​နှင့်​တူ​ကြ မည်​ကို​သိ​ကြ​၏။-


ကြည့်​ရှု​လော့။ ကိုယ်​တော်​သည်​မိုး​တိမ်​စီး​၍​ကြွ လာ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​အား​လှံ​ဖြင့် ထိုး​ဖောက်​ခဲ့​သူ​များ​ပါ​မ​ကျန် လူ​အ​ပေါင်း တို့​သည်​ကိုယ်​တော်​ကို​ဖူး​မြင်​ကြ​ရ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​ရှိ​သ​မျှ​တို့​သည်​ဝမ်း နည်း​ကြေ​ကွဲ​ကြ​လိမ့်​မည်။ ထို​အ​တိုင်း ဖြစ်​ပါ​စေ​သော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ