ယာကုပ် 5:20 - Common Language Bible20 ယင်းသို့အပြစ်ကူးသူတစ်ဦးအားလမ်းမှား မှပြန်လည်ခေါ်ဆောင်ကာသူသည် ထိုသူ၏ ဝိညာဉ်ကိုသေခြင်းမှကယ်တင်၍သူ့အား များစွာသောအပြစ်တို့မှပြေလွှတ်ခွင့်ရ စေရန်ဆောင်ရွက်ပေးသူဖြစ်လိမ့်မည်။ ရှင်ယာကုပ်သြဝါဒစာပြီး၏။ အခန်းကိုကြည့်ပါ။Garrad Bible20 အ ပြစ် သား ကို လမ်း လွဲ ရာ မှ ပြန် လာ စေ သော သူ သည် လူ ကို သေ ဘေး မှ ကယ် ဆယ် လျက် များ ပြား သော အ ပြစ် ဖုံး အုပ် သူ ဖြစ် လိမ့် မည် ဟု သိ မှတ် ကြ ကုန်။ အခန်းကိုကြည့်ပါ။Judson Bible20 အပြစ်ရှိသောသူကို မှားယွင်းသောလမ်းမှ ပြန်စေသောသူသည်၊ ဝိညာဉ်ကို သေခြင်းမှကယ်တင်၍ များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်သည်ဟု ထိုသူသည် သိမှတ်စေ။ ရှင်ယာကုပ်ဩဝါဒစာပြီး၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 အပြစ်သားကို သူ၏မှားယွင်းသောလမ်းမှ ပြန်လည်ခေါ်ဆောင်လာသောထိုသူသည် လမ်းလွဲခဲ့သူ၏စိတ်ဝိညာဉ်ကို သေခြင်းမှကယ်တင်၍ များစွာသောအပြစ်တို့ကိုဖုံးအုပ်ပေးမည်ဖြစ်ကြောင်း သိမှတ်ပါစေ။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း20 အပြစ်ရှိသောသူကို မှားယွင်းသောလမ်းမှ ပြန်လည်ခေါ်ဆောင်လာသောသူသည် ထိုအပြစ်သား၏ စိတ်ဝိညာဉ်ကို သေခြင်းမှ ကယ်တင်၍ သူ၏ အပြစ်များစွာကို သခင်ဘုရားခွင့်လွှတ်ပေးတော်မူစေရန် ဆောင်ရွက်သူဖြစ်ကြောင်း သူသိမှတ်ပါစေ။ ရှင်ယာကုပ်ဩဝါဒစာ ပြီးပါပြီ။ အခန်းကိုကြည့်ပါ။ |
လူသည်မိမိကိုယ်ပိုင်ဉာဏ်ဖြင့်ဘုရားသခင် အားမသိနိုင်စေရန် ကိုယ်တော်သည်ရွှေဉာဏ် တော်ဖြင့်စီမံထားတော်မူ၏။ အချည်းနှီးသော တရားဖြစ်သည်ဟုလူတို့ထင်မှတ်သောငါ တို့ကြေညာသည့်သတင်းကောင်းအားဖြင့် ဘုရားသခင်သည်မိမိကိုယုံကြည်သူတို့ အားကယ်တင်တော်မူရန်စီမံတော်မူပေသည်။-
ယင်းသို့ပထမအကြိမ်ရှင်ပြန်ထမြောက်ခြင်း တွင်ပါဝင်သူတို့သည်မင်္ဂလာရှိ၍ကောင်းချီး ကြွယ်ဝစွာခံစားရကြ၏။ ဒုတိယသေခြင်း သည်သူတို့အားအစိုးမရနိုင်ရာ။ သူတို့သည် ဘုရားသခင်နှင့်ခရစ်တော်၏ယဇ်ပုရော ဟိတ်များဖြစ်၍ခရစ်တော်နှင့်အတူအနှစ် တစ်ထောင်စိုးစံကြရလိမ့်မည်။