ယာကုပ် 2:16 - Common Language Bible16 သင်တို့က``သင်တို့ကိုဘုရားသခင်ကောင်းချီး ပေးတော်မူပါစေ။ နွေးနွေးနေကြလော့။ ဝစွာ စားကြလော့'' ဟုဆိုလျက်သူတို့လိုအပ်သည့် အသုံးအဆောင်ကိုမပေးဘဲနေပါမူ အဘယ်အကျိုးရှိပါမည်နည်း။- အခန်းကိုကြည့်ပါ။Garrad Bible16 သင် တို့ တစ် ဦး ဦး က အ ချမ်း လုံ လျက်၊ ရောင့် ရဲ လျက်၊ စိတ် အေး စွာ သွား လေ တော့ ဟု ကိုယ် ခ န္ဓာ လို ရာ ကို မ ပေး ဘဲ ဆို လျှင် မည် သည့် အ ကျိုး ရှိ အံ့ နည်း။ အခန်းကိုကြည့်ပါ။Judson Bible16 သင်တို့တွင် တစ်စုံတစ်ယောက်သောသူက၊ ငြိမ်ဝပ်စွာသွားကြလော့။ နွေးကြလော့။ ဝကြလော့ဟု ပြောလျက်၊ သူတို့ကိုယ်နှင့်တော်လျော်သော အသုံးအဆောင်ကို မပေးဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 သင်တို့ထဲမှ တစ်စုံတစ်ယောက်က “ငြိမ်းချမ်းစွာသွားကြလော့။ နွေးထွေးစွာနေ၍ ဝလင်စွာစားကြလော့”ဟု သူတို့အားဆိုလျက် သူတို့၏ကိုယ်ခန္ဓာအတွက် လိုအပ်သောအရာများကို မပေးဘဲနေလျှင် မည်သည့်အကျိုးရှိမည်နည်း။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း16 သင်တို့ထဲမှ တစ်စုံတစ်ယောက်က “ငြိမ်းချမ်းစွာ သွားကြလော့။ နွေးထွေးစွာ နေ၍ ဝလင်စွာ စားကြလော့” ဟု ဆိုသော်လည်း သူတို့လိုအပ်သော အဝတ်အစားနှင့် စားစရာတို့ကို မပေးဘဲနေလျှင် မည်သည့်အကျိုး ရှိမည်နည်း။ အခန်းကိုကြည့်ပါ။ |
သခင်ယေရှုသည်တပည့်တော်တို့အားအထံ တော်သို့ခေါ်ဆောင်တော်မူပြီးလျှင် ``ဤလူ အပေါင်းတို့သည်ငါနှင့်အတူသုံးရက်တိုင်တိုင် နေခဲ့ကြ၏။ သူတို့မှာအစားအစာမရှိကြ တော့သဖြင့်သူတို့ကိုငါသနား၏။ လမ်းတွင် အားပြတ်မည်စိုးရိမ်ရသဖြင့်သူတို့အား အစားအစာမကျွေးဘဲအိမ်သို့မပြန်စေ လို'' ဟုမိန့်တော်မူ၏။