မဿဲ 8:8 - Common Language Bible8 စစ်ဗိုလ်က ``အရှင်၊ အကျွန်ုပ်သည်မထိုက်မတန်သူ ဖြစ်သဖြင့်အကျွန်ုပ်၏အိမ်မိုးအောက်သို့အရှင် ဝင်တော်မူရန်မသင့်လျော်ပါ။ အမိန့်တော်သာ ပေးတော်မူပါလျှင်အကျွန်ုပ်၏အစေခံသည် ကျန်းမာလာပါလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible8 တပ် မှူး က လည်း အ ရှင် ဘု ရား အ ကျွန်ုပ်၏ အိမ် တွင်း သို့ ကြွ ဝင် တော် မူ ခြင်း ကို မ ခံ ထိုက် ပါ။ အ မိန့် တော် ရှိ ရုံ မျှ ပင် ထို လု လင် ချမ်း သာ ပါ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible8 တပ်မှူးက၊ သခင်၊ ကျွန်တော်၏ အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို ကျွန်တော်မခံထိုက်ပါ။ အမိန့်တော်တစ်ခွန်းရှိလျှင် ကျွန်တော်၏ငယ်သားသည် ချမ်းသာရပါလိမ့်မည်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 တပ်မှူးက “သခင်ဘုရား၊ အကျွန်ုပ်၏အိမ်ခေါင်မိုးအောက်သို့ ကိုယ်တော်ကြွဝင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မခံထိုက်ပါ။ အမိန့်တော်ကိုသာ ပေးတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်၏ငယ်သားသည် ကျန်းမာပါလိမ့်မည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း8 သို့သော် တပ်မှူးက “သခင်… အကျွန်ုပ်သည် ထိုက်တန်သောသူ မဟုတ်သောကြောင့် အကျွန်ုပ်၏အိမ်မိုး အောက်သို့ သခင်ကြွလာတော်မူရန် မသင့်လျော်ပါ။ သခင်ရှိသည့်နေရာမှ အမိန့်တော်ကိုသာ ပေးတော်မူလျှင် အကျွန်ုပ်၏အစေခံသည် ပြန်လည်ကျန်းမာပါလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ8 တပ်မှူးက၊ သခင်၊ ကျွန်တော်၏ အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို ကျွန်တော်မခံထိုက်ပါ။ အမိန့်တော်တစ်ခွန်းရှိလျှင် ကျွန်တော်၏ငယ်သားသည် ချမ်းသာရပါလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
သင်တို့နောင်တရသည့်အတွက် ငါသည်သင်တို့ အားရေဖြင့်ဗတ္တိဇံမင်္ဂလာကိုပေး၏။ ငါ၏နောက် တွင်ကြွလာမည့်အရှင်သည်ကား သန့်ရှင်းသော ဝိညာဉ်တော်ဖြင့်လည်းကောင်း၊ မီးဖြင့်လည်းကောင်း၊ ဗတ္တိဇံမင်္ဂလာကိုပေးတော်မူလတ္တံ့။ ထိုအရှင်သည် ငါ့ထက်ကြီးမြတ်၏။ ငါသည်ထိုအရှင်၏ဖိနပ် ကိုမျှမကိုင်ဆောင်ထိုက်။-
``ပဋိညာဉ်သေတ္တာတော်ရှေ့တွင် ရှိသောတောင်ဝှေး ကိုယူလော့။ ထိုနောက်သင်နှင့်အာရုန်တို့သည် ဣသ ရေလအမျိုးသားအပေါင်းတို့အားစုဝေးစေရန် ဆင့်ဆိုလော့။ သူတို့ရှေ့တွင်ထိုအရပ်၌ရှိသော ကျောက်ဆောင်ကို ရေထွက်စေရန်အမိန့်ပေးလော့။ သူတို့နှင့်သူတို့၏တိရစ္ဆာန်များသောက်ရန် ကျောက်တုံးမှရေပန်းထွက်လိမ့်မည်'' ဟုမိန့် တော်မူ၏။-
အကျွန်ုပ်သည်အထက်အာဏာကိုနာခံရသူ ဖြစ်ပါ၏။ အကျွန်ုပ်၏လက်အောက်တွင်လည်းစစ် သားများရှိပါ၏။ စစ်သားတစ်ယောက်ကိုသွား ချေဟုအကျွန်ုပ်ဆိုလျှင်သူသည်သွားပါ၏။ အခြားတစ်ယောက်ကိုလာခဲ့ဟုဆိုလျှင်လာ ပါ၏။ ထို့အပြင်အကျွန်ုပ်၏ကျွန်အားဤအမှု ကိုပြုလော့ဟုဆိုလျှင်သူသည်ပြုပါ၏'' ဟု လျှောက်၏။