Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 20:12 - Common Language Bible

12 `ဤ​သူ​တို့​ကား​တစ်​နာ​ရီ​မျှ​သာ​အ​လုပ်​လုပ်​ကြ ရ​၏။ အ​ကျွန်ုပ်​တို့​မှာ​မူ​တစ်​နေ​ကုန်​နေ​ပူ​ကြဲ​ကြဲ တွင်​ပင်​ပန်း​စွာ​လုပ်​ကိုင်​ကြ​ရ​ပါ​၏။ သို့​ပါ​လျက် အ​ရှင်​သည်​အ​ကျွန်ုပ်​တို့​အား​ထို​သူ​တို့​နှင့်​ညီ တူ​မျှ​တူ​လုပ်​အား​ခ​ပေး​ပါ​သည်​တ​ကား' ဟု အ​လုပ်​ရှင်​အား​ညည်း​ညူ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 နောက်​ဝင်​သော​သူ​တို့​သည် တစ်​နာ​ရီ​ခန့်​မျှ​သာ လုပ်​ဆောင်​သော်​လည်း၊ တစ်​နေ့​လုံး​အ​မှု​ဝန်​ကို ထမ်း​ရွက်၍ နေ​ပူ​ဆင်း​ရဲ​ခံ​ရ​သော အ​ကျွန်ုပ်​တို့​နှင့် အ​ညီ​အ​မျှ ကိုယ်​တော်​စီ​ရင်​ပါ​ပြီ​တ​ကား​ဟု ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ‘နောက်ဆုံး​လာ​သော​ဤ​သူ​တို့​သည် တစ်​နာရီ​မျှသာ​အလုပ်​လုပ်​ခဲ့​ကြ​သော်လည်း အရှင်​သည်​သူ​တို့​ကို တစ်နေကုန်​နေပူ​ထဲတွင်​အပင်ပန်း​ခံရ​သည့်​အကျွန်ုပ်​တို့​နှင့်​တန်းတူ ဖြစ်​စေ​ပါ​သည်​တကား’​ဟု ခြံ​ပိုင်ရှင်​အား မကျေမနပ်​ပြောဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

12 ‘နောက်​မှ အလုပ်​ဝင်သော ဤ​သူတို့​သည် တစ်နာရီ​သာ လုပ်ဆောင်ကြ၏။ ကျွန်ုပ်တို့​သည် တစ်နေ့လုံး နေပူ​ထဲတွင် ပင်ပန်း​စွာ လုပ်ဆောင်ကြရပါ၏။ သို့သော် အရှင်​သည် သူတို့​အား ကျွန်ုပ်တို့​နှင့် ညီတူညီမျှ​ပေးလေပြီ’ ဟု ပြောဆိုကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

12 နောက်​ဝင်​သော​သူ​တို့​သည် တစ်​နာ​ရီ​ခန့်​မျှ​သာ လုပ်​ဆောင်​သော်​လည်း၊ တစ်​နေ့​လုံး​အ​မှု​ဝန်​ကို ထမ်း​ရွက်၍ နေ​ပူ​ဆင်း​ရဲ​ခံ​ရ​သော အ​ကျွန်ုပ်​တို့​နှင့် အ​ညီ​အ​မျှ ကိုယ်​တော်​စီ​ရင်​ပါ​ပြီ​တ​ကား​ဟု ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 20:12
20 ပူးပေါင်းရင်းမြစ်များ  

နေ​ထွက်​လာ​ပြီး​နောက်​ဘု​ရား​သ​ခင်​သည် အ​ရှေ့​လေ​ပူ​ကို​တိုက်​ခတ်​စေ​တော်​မူ​၏။ ယော​န သည်​မိ​မိ​ဦး​ခေါင်း​ပေါ်​သို့​ကျ​ရောက်​လာ​သည့် အ​ပူ​ရှိန်​ကြောင့် မေ့​လု​မ​တတ်​ဖြစ်​ပြီး​လျှင် သေ​ချင်​စိတ်​ပေါက်​လာ​၏။ သို့​ဖြစ်​၍​ယော​န က``ငါ့​အ​ဖို့​မှာ​အ​သက်​ရှင်​နေ​ရ​ခြင်း​ထက် သေ​ရ​ခြင်း​က​ပို​၍​ကောင်း​လိမ့်​ဦး​မည်'' ဟု မြည်​တမ်း​၏။


သင်​တို့​က`ဤ​အ​မှု​များ​ပြု​ရ​သည်​ကို​ငါ တို့​ငြီး​ငွေ့​လှ​ပါ​ပြီ' ဟု​ဆို​ကာ​နှာ​ခေါင်း ရှုတ်​၍​ငါ့​အား​မ​လေး​မ​ခန့်​ပြု​ကြ​၏။ သင် တို့​သည်​မိ​မိ​တို့​ခိုး​ယူ​ရ​ရှိ​သည့်​ယဇ်​ကောင် ကို​သော်​လည်း​ကောင်း၊ ခြေ​ကျိုး​သို့​မ​ဟုတ် ဖျား​နာ​သည့်​ယဇ်​ကောင်​ကို​သော်​လည်း​ကောင်း ငါ​၏​အ​တွက်​ပူ​ဇော်​သ​ကာ​အ​ဖြစ်​နှင့်​ယူ ဆောင်​ခဲ့​ကြ​၏။ ငါ​သည်​ဤ​ပူ​ဇော်​သ​ကာ များ​ကို​လက်​ခံ​လိမ့်​မည်​ဟု​သင်​တို့​ထင် မှတ်​ကြ​ပါ​သ​လော။-''


သင်​တို့​သည်`ဘု​ရား​သ​ခင်​အား​ဝတ်​ပြု ကိုး​ကွယ်​ရ​သည်​မှာ​အ​ချည်း​နှီး​ပင်​ဖြစ်​၏။ ကိုယ်​တော်​မိန့်​တော်​မူ​သည့်​အ​တိုင်း​လိုက်​နာ ဆောင်​ရွက်​သော်​လည်း​ကောင်း၊ ငါ​တို့​သည် မိ​မိ​တို့​ပြု​မိ​သည့်​အ​ပြစ်​များ​အ​တွက် ဝမ်း​နည်း​ကြောင်း​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​အား​ကြိုး​စား​ဖော်​ပြ​၍​သော်​လည်း ကောင်း​အ​ဘယ်​အ​ကျိုး​ရှိ​ပါ​မည်​နည်း။-


သို့​ရာ​တွင်​သူ​တို့​သည်​လည်း​ဒေ​နာ​ရိ​ဒင်္ဂါး​တစ် ပြား​စီ​ပင်​ရ​ရှိ​ကြ​သ​ဖြင့်၊-


တောင်​လေ​လာ​သည်​ကို​မြင်​သော်​နေ​ပူ​လိမ့်​မည် ဟု​ပြော​တတ်​ကြ​၏။ သင်​တို့​ပြော​သည့်​အ​တိုင်း လည်း​ဖြစ်​တတ်​၏။-


သို့​ဖြစ်​၍​ငါ​တို့​ဝါ​ကြွား​စ​ရာ​အ​ကြောင်း အ​ဘယ်​မှာ​ရှိ​တော့​အံ့​နည်း။ ငါ​တို့​ဝါ​ကြွား စ​ရာ​အ​ကြောင်း​မ​ရှိ။ အ​ဘယ်​ကြောင့်​နည်း။ ပ​ညတ်​တ​ရား​ကို​ငါ​တို့​လိုက်​နာ​ကျင့်​သုံး ကြ​သည့်​အ​တွက်​ကြောင့်​လော။ မ​ဟုတ်​ပါ။ ယုံ​ကြည်​သည့်​အ​တွက်​ကြောင့်​ဖြစ်​၏။-


ဘု​ရား​သ​ခင်​သည်​တစ်​ဆူ​တည်း​ဖြစ်​တော်​မူ ၏။ ကိုယ်​တော်​သည်​ယုံ​ကြည်​ခြင်း​ကြောင့်​ယု​ဒ အ​မျိုး​သား​တို့​ကို မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက် သွယ်​စေ​တော်​မူ​၏။-


ယ​ခု​အ​ချိန်​အ​ထိ​ငါ​တို့​သည်​အ​စာ​ရေ စာ​ငတ်​မွတ်​လျက်​ရှိ​ကြ​၏။ အ​ဝတ်​အ​စား နွမ်း​ပါး​ကြ​၏။ ရိုက်​ပုတ်​ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ကြ​ရ​၏။ အိမ်​ခြေ​ရာ​ခြေ​မဲ့​လှည့်​လည် ကြ​ရ​၏။-


ထို​နက်​နဲ​သော​အ​ရာ​ကား​သ​တင်း​ကောင်း အား​ဖြင့် လူ​မျိုး​ခြား​တို့​သည်​ယု​ဒ​အ​မျိုး သား​များ​နှင့်​အ​တူ ဘု​ရား​သ​ခင်​၏​ကောင်း ချီး​မင်္ဂ​လာ​ကို​ခံ​စား​ခွင့်​ရ​ရှိ​ကြ​၏။ သူ​တို့ သည်​ခန္ဓာ​တော်​၏​အင်္ဂါ​များ​ဖြစ်​၍​ခ​ရစ်​တော် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ သော​က​တိ​တော်​ကို​ပါ​ဝင်​ခံ​စား​ခွင့်​ရ​ရှိ ကြ​၏။


နေ​ပူ​ရှိန်​သည်​အ​ပင်​ကို​ခြောက်​သွေ့​စေ​၍ အ​ပွင့်​ကို​ကြွေ​ကျ​စေ​၏။ သို့​ဖြစ်​၍​ယင်း​၏ တင့်​တယ်​လှ​ပ​မှု​သည်​ပျက်​စီး​ရ​သ​ကဲ့​သို့ ချမ်း​သာ​ကြွယ်​ဝ​သူ​သည် မိ​မိ​၏​အ​လုပ် အ​ကိုင်​ကို​ဆောင်​ရွက်​လျက်​နေ​စဉ်​ပျောက် ကွယ်​ရ​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ