မဿဲ 19:16 - Common Language Bible16 လူတစ်ယောက်သည်အထံတော်သို့လာ၍ ``ဆရာ တော်၊ ထာဝရအသက်ကိုရအံ့သောငှာအကျွန်ုပ် သည်အဘယ်ကောင်းမြတ်သည့်အမှုကိုပြုရ ပါမည်နည်း'' ဟုမေးလျှောက်၏။ အခန်းကိုကြည့်ပါ။Garrad Bible16 ထို အ ခါ လူ တစ် ယောက် သည် ချဉ်း လာ၍ ဆ ရာ ထာ ဝ ရ အ သက် ရ ခြင်း ငှာ မည် သည့် ကောင်း မှု ကို ပြု ရ ပါ မည် နည်း ဟု မေး သော် အခန်းကိုကြည့်ပါ။Judson Bible16 ထိုနောက်လူတစ်ယောက်သည် ချဉ်းကပ်၍၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို ရအံ့သောငှာ အကျွန်ုပ်သည် အဘယ်ကောင်းမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 ထို့နောက် လူတစ်ဦးသည် အထံတော်သို့ချဉ်းကပ်လာ၍ “ဆရာ၊ ထာဝရအသက်ကိုရရှိရန် အကျွန်ုပ်သည် မည်သည့်ကောင်းမြတ်သောအမှုကို ပြုရပါမည်နည်း”ဟု မေးလျှောက်လေ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း16 ထိုအခါ လူတစ်ဦးသည် ယေရှုထံသို့ လာ၍ “ဆရာတော်… ထာဝရအသက်ကို ရရှိရန် အကျွန်ုပ်သည် မည်သည့်ကောင်းမှုကို ပြုရပါမည်နည်း” ဟု မေးလျှောက်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ16 ထိုနောက်လူတစ်ယောက်သည် ချဉ်းကပ်၍၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို ရအံ့သောငှာ အကျွန်ုပ်သည် အဘယ်ကောင်းမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊- အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ဘုရားသခင်သည်ငါ့ကိုကရုဏာ ထားတော်မူ၏။ ယင်းသို့ထားတော်မူခြင်းမှာ နောင်အခါ၌ခရစ်တော်ကိုယုံကြည်ကာ ထာဝရအသက်ရရှိကြမည့်သူတို့ အတွက်ပုံစံဖြစ်စေရန် ခရစ်တော်ယေရှု သည်ခပ်သိမ်းသောခန္တီတော်ကိုအပြစ်ကူး သူတို့တွင် အဆိုးဆုံးဖြစ်သူငါ့အား ပြတော်မူသောကြောင့်ပင်ဖြစ်သတည်း။-
ဘုရားသခင်၏သားတော်သည်လောကသို့ကြွ လာတော်မူ၍ ငါတို့အားဘုရားစစ်ဘုရားမှန် ကိုသိရှိနိုင်သည့်ဉာဏ်ကိုပေးတော်မူကြောင်း ငါတို့သိကြ၏။ ငါတို့သည်ကိုယ်တော်၏သားတော် ယေရှုခရစ်နှင့်လည်းကောင်း၊ ဘုရားစစ်ဘုရားမှန် ဖြစ်တော်မူသောဘုရားသခင်နှင့်လည်းကောင်း တစ်လုံးတစ်ဝတည်းရှိကြ၏။ ကိုယ်တော်သည် ဘုရားစစ်ဘုရားမှန်ဖြစ်တော်မူ၏။ ထာဝရ အသက်လည်းဖြစ်တော်မူ၏။