Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 18:11 - Common Language Bible

11 (လူ​သား​သည်​ပျောက်​ဆုံး​သူ​တို့​ကို​ကယ်​တင် ရန်​ကြွ​လာ​ခြင်း​ဖြစ်​၏။)

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ထို​မှ​တစ်​ပါး လူ​သား​သည် ပျောက်​သော​သူ​တို့​ကို ကယ်​တင်​အံ့​သော​ငှာ ကြွ​လာ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 [အမှန်စင်စစ် လူ့သား​သည် ပျောက်ဆုံး​သော​သူ​တို့​ကို ကယ်တင်​ရန် ကြွလာ​၏။]

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 လူသား​သည် ပျောက်သောသူ​ကို ကယ်တင်​ရန် ကြွလာခြင်း​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

11 ထို​မှ​တစ်​ပါး လူ​သား​သည် ပျောက်​သော​သူ​တို့​ကို ကယ်​တင်​အံ့​သော​ငှာ ကြွ​လာ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 18:11
12 ပူးပေါင်းရင်းမြစ်များ  

သိုး​ပျောက်​များ​ဖြစ်​သော​ဣသ​ရေ​လ​အ​မျိုး​သား တို့​ထံ​သို့​သွား​၍၊-


ထို​အ​ခါ​ကိုယ်​တော်​က ``ငါ​သည်​ပျောက်​နေ​သော သိုး​စု​ဖြစ်​သည့်​ဣသ​ရေ​လ​အ​မျိုး​သား​များ​အ​တွက် သာ​လျှင်​လာ​ရောက်​ခြင်း​ဖြစ်​သည်'' ဟု​ဖြေ​ကြား တော်​မူ​၏။


``သင်​တို့​သည်​အ​ဘယ်​သို့​ထင်​မှတ်​ကြ​သ​နည်း။ လူ​တစ်​ယောက်​သည်​မိ​မိ​မှာ​ရှိ​သည့်​သိုး​တစ်​ရာ အ​နက်​တစ်​ကောင်​ပျောက်​သွား​လျှင်​ကိုး​ဆယ် ကိုး​ကောင်​ကို​တောင်​ပေါ်​စား​ကျက်​တွင်​ထား​ခဲ့ ပြီး​လျှင်​ပျောက်​သော​သိုး​ကို​လိုက်​၍​မ​ရှာ​ဘဲ နေ​ပါ​မည်​လော။-


ယင်း​သို့​မေး​မြန်း​သည်​ကို​သ​ခင်​ယေ​ရှု​ကြား တော်​မူ​လျှင် ``ကျန်း​မာ​သူ​သည်​ဆ​ရာ​ဝန်​ကို မ​လို။ ဖျား​နာ​သူ​သာ​လျှင်​လို​၏။-


ငါ့​သား​သည်​ယ​ခင်​က​သေ​သော်​လည်း​ယ​ခု ပြန်​၍​အ​သက်​ရှင်​လာ​ပြီ။ ယ​ခင်​က​ပျောက်​ဆုံး သော်​လည်း​ယ​ခု​ပြန်​၍​တွေ့​ပြီ' ဟု​မိ​မိ​၏​လုပ် သား​တို့​အား​ဆို​၏။ ထို​နောက်​သူ​တို့​သည်​ပျော် ရွှင်​ပွဲ​ကို​ဆင်​နွှဲ​ကြ​ကုန်​၏။


သင့်​ညီ​သည်​ယ​ခင်​က​သေ​သော်​လည်း ယ​ခု​ပြန်​၍ အ​သက်​ရှင်​လာ​၏။ ယ​ခင်​က​သူ့​ကို​ပျောက်​ဆုံး​ခဲ့ သော်​လည်း ယ​ခု​ပြန်​၍​တွေ့​ရ​၏။ သို့​ဖြစ်​၍​ငါ​တို့ သည်​ဝမ်း​မြောက်​လျက်​ပျော်​ပွဲ​ကို​ဆင်​နွှဲ​ရ​ကြ ၏' ဟု​ဆို​၏'' ဟူ​၍​မိန့်​တော်​မူ​၏။


လူ​သား​သည်​ပျောက်​ဆုံး​သူ​များ​ကို​ရှာ​ရန် နှင့်​ကယ်​တင်​ရန်​ကြွ​လာ​သ​တည်း'' ဟု​ဇက္ခဲ အား​မိန့်​တော်​မူ​၏။


ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် အ​ခြား​ရွာ​တစ်​ရွာ​သို့​ထွက်​သွား​ကြ​၏။


သူ​ခိုး​သည်​ခိုး​ယူ​သတ်​ဖြတ်​ဖျက်​ဆီး​ရန်​သာ လာ​၏။ ငါ​မူ​ကား​သင်​တို့​အ​သက်​ရှင်​ကြ​စေ​ရုံ မျှ​သာ​မ​က ကြွယ်​ဝ​ပြည့်​စုံ​သော​အ​သက်​ကို ရှင်​နိုင်​ကြ​စေ​ရန်​လာ​သ​တည်း။


ငါ​ဟော​ပြော​သော​စ​ကား​ကို​ကြား​၍​မ​ခံ​မ​ယူ သူ​ကို​ငါ​သည်​တ​ရား​မ​စီ​ရင်။ လော​က​သား​တို့ ကို​တ​ရား​စီ​ရင်​ရန်​ငါ​လာ​သည်​မ​ဟုတ်။ လော​က သား​တို့​ကို​ကယ်​တင်​ရန်​ငါ​လာ​သ​တည်း။-


သား​တော်​ကို​လော​က​သို့​စေ​လွှတ်​တော်​မူ​သည် မှာ လော​က​သား​တို့​အား​အ​ပြစ်​စီ​ရင်​ရန် မ​ဟုတ်။ လော​က​သား​တို့​ကို​ကယ်​တင်​ရန် ဖြစ်​၏။


ဤ​လော​က​သို့​ခ​ရစ်​တော်​ယေ​ရှု​ကြွ​လာ​တော် မူ​သည်​မှာ​အ​ပြစ်​ကူး​သူ​တို့​အား ကယ်​တင်​ရန် ဖြစ်​၏​ဟူ​သော​စကား​သည်​သစ္စာ​စ​ကား​ဖြစ်​၍ ခြွင်း​ချက်​မ​ရှိ​လက်​ခံ​ယုံ​ကြည်​ရ​ပေ​မည်။ ငါ သည်​အ​ပြစ်​ကူး​သူ​တို့​တွင်​အ​ဆိုး​ဆုံး​ဖြစ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ