Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 17:25 - Common Language Bible

25 ပေ​တ​ရု​က ``ပေး​ဆောင်​ပါ​သည်'' ဟု​ဆို​၏။ ထို​နောက်​အိမ်​ထဲ​သို့​ပေ​တ​ရု​ဝင်​လာ​သော​အ​ခါ သ​ခင်​ယေ​ရှု​သည်​ပေ​တ​ရု​မ​ပြော​မီ ``ရှိ​မုန်၊ သင် အ​ဘယ်​သို့​ထင်​မြင်​ပါ​သ​နည်း။ လော​ကီ​ဘု​ရင် တို့​သည်​မည်​သူ့​ထံ​မှ​အ​ခွန်​အ​ကောက်​များ​ကို ကောက်​ခံ​ကြ​သ​နည်း။ တိုင်း​ရင်း​သား​များ​ထံ​မှ လော။ နိုင်​ငံ​ခြား​သား​များ​ထံ​မှ​လော'' ဟု မေး​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 ထို နောက် ပေ တ ရု သည် အိမ် သို့ ဝင် လာ သော အ ခါ ယေ ရှု က အို ရှိ မုန်၊ မည် သို့ ထင် သ နည်း။ ပြည့် ရှင် မင်း တို့ သည် အ ခွန် အ ကောက် များ ကို မည် သူ့ ထံ မှ ကောက် ခံ ကြ သ နည်း။ သား ရင်း တို့ ထံ မှ လော။ သူ တစ် ထူး တို့ ထံ မှ လော ဟု ကြို တင် မေး တော် မူ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 ပေ​တ​ရု​သည် အိမ်​သို့​ဝင်​သော​အ​ခါ၊ ယေ​ရှု​သည် တင်​ကူး၍၊ အ​ချင်း​ရှိ​မုန်၊ သင်​သည်​အ​ဘယ်​သို့ ထင်​သ​နည်း။ လော​ကီ​ရှင်​ဘု​ရင်​တို့​သည် အ​ဘယ်​သူ​မှာ အ​ခွန်​ကို​ခံ​ကြ​သ​နည်း။ မိ​မိ​သား​မှာ ခံ​ကြ​သ​လော။ သူ​တစ်​ပါး​မှာ ခံ​ကြ​သ​လော၊ ဟု​မေး​တော်​မူ​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 ပေတရု​က “ပေးဆောင်​ပါ​သည်”​ဟု ဖြေ​ပြီးမှ အိမ်​ထဲသို့​ဝင်​လာ​ရာ ယေရှု​က“ရှိမုန်၊ သင်​မည်သို့​ထင်မြင်​သနည်း။ ကမ္ဘာ​မြေကြီး​၏​ရှင်ဘုရင်​တို့​သည် မည်သူ့​ထံမှ အခွန်​အကောက်​များ​ကို ကောက်ခံ​ကြ​သနည်း။ မိမိ​တို့​၏​သား​များ​ထံမှ​လော​၊သို့မဟုတ် သူတစ်ပါး​တို့​ထံမှ​လော”​ဟု ပေတရု​ကို ဆီး​၍​မေး​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

25 ပေတရု​က “ပေးဆောင်ပါသည်” ဟု ဖြေ​ကာ အိမ်​သို့​ဝင်လေ၏။ ထိုအခါ ပေတရု​မလျှောက်​မီ ယေရှု​က ကြိုတင်​၍ “ပေတရု… ဤ​အကြောင်း​ကို သင်​မည်သို့​ထင်သနည်း။ လောကီ​ရှင်ဘုရင်တို့​သည် အခွန်အကောက်များ​ကို မည်သူ့​ထံမှ ကောက်ခံကြသနည်း။ မိမိတို့​၏​နိုင်ငံသား​ထံမှလော၊ သို့မဟုတ် အခြားသူများ​ထံမှလော” ဟု မေးတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

25 ပေ​တ​ရု​သည် အိမ်​သို့​ဝင်​သော​အ​ခါ၊ ယေ​ရှု​သည် တင်​ကူး၍၊ အ​ချင်း​ရှိ​မုန်၊ သင်​သည်​အ​ဘယ်​သို့ ထင်​သ​နည်း။ လော​ကီ​ရှင်​ဘု​ရင်​တို့​သည် အ​ဘယ်​သူ​မှာ အ​ခွန်​ကို​ခံ​ကြ​သ​နည်း။ မိ​မိ​သား​မှာ ခံ​ကြ​သ​လော။ သူ​တစ်​ပါး​မှာ ခံ​ကြ​သ​လော၊ ဟု​မေး​တော်​မူ​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 17:25
8 ပူးပေါင်းရင်းမြစ်များ  

ပေ​တ​ရု​က ``နိုင်​ငံ​ခြား​သား​များ​ထံ​မှ​ကောက်​ခံ သည်'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ထို​သို့​ဖြစ် လျှင်​တိုင်း​ရင်း​သား​တို့​သည်​လွတ်​ငြိမ်း​ခွင့်​ရ ကြ​၏။-


သို့​ဖြစ်​၍​အ​ရှင်​အ​ဘယ်​သို့​ထင်​မြင်​သည်​ကို အ​ကျွန်ုပ်​တို့​အား​မိန့်​တော်​မူ​ပါ။ ရော​မ​ဧ​က​ရာဇ် ဘု​ရင်​အား​အ​ခွန်​ဆက်​အပ်​ပါ​သ​လော၊ မ​ဆက် အပ်​ပါ​သ​လော'' ဟု​မေး​လျှောက်​ကြ​၏။


အ​ခွန်​တော်​ပေး​ဆောင်​ရန်​ငွေ​ဒင်္ဂါး​တစ်​ပြား​ကို ငါ့​အား​ပြ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ သူ​တို့​သည်​ဒေ​နာ​ရိ​တစ်​ပြား​ကို​ယူ​ခဲ့​ကြ​၏။-


သူ​တို့​က ``ဧက​ရာဇ်​၏​ရုပ်​ပုံ၊ ဧ​က​ရာဇ်​ဘု​ရင်​ကမ္ပည်း လိပ်​စာ​ဖြစ်​ပါ​သည်'' ဟု​ပြန်​လျှောက်​ကြ​၏။ ထို​အ​ခါ​ကိုယ်​တော်​က ``ဧ​က​ရာဇ်​ဘု​ရင်​ပိုင်​သည့် အ​ရာ​ကို​ဧ​က​ရာဇ်​ဘု​ရင်​အား​ဆက်​ကြ​လော့။ ဘု​ရား​သ​ခင်​ပိုင်​သည့်​အ​ရာ​ကို​ဘု​ရား​သခင် အား​ဆက်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။


သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​ပြ​ဋ္ဌာန်း​တော်​မူ သ​မျှ​သော​အ​မှု​တို့​ကို​လိုက်​နာ​ဆောင်​ရွက်​သင့် သည်​ဖြစ်​၍ ယ​ခု​ငါ့​အား​ဗတ္တိ​ဇံ​မင်္ဂ​လာ​ပေး​ပါ လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​ယော​ဟန်​သည် သ​ဘော​တူ​လေ​၏။


အ​ကျွန်ုပ်​တို့​သည်​ကဲ​သာ​ဘု​ရင်​အား​အ​ခွန် ဆက်​အပ်​သ​လော၊ မ​ဆက်​အပ်​သ​လော'' ဟု မေး​လျှောက်​ကြ​၏။


``သူ့​အား​ကြည့်​ကြ​လော့။ သူ​ကြိမ်း​ဝါး​သည် ကို​လည်း​နား​ထောင်​ကြ​လော့။ ရှော​လု​မင်း သည်​ထို​သူ့​ကို​သတ်​ဖြတ်​နိုင်​သူ​အား​ဆု တော်​လာဘ်​တော်​ကို​ပေး​တော်​မူ​မည်​ဟု​က​တိ ပြု​ထား​၏။ မင်း​ကြီး​သည်​ထို​သူ​အား သ​မီး တော်​နှင့်​လည်း​ထိမ်း​မြား​စုံ​ဖက်​တော်​မူ​ပါ လိမ့်​မည်။ ထို့​ပြင်​သူ့​ဖ​ခင်​၏​အိမ်​ထောင်​စု​ကို အ​ခွန်​တော်​များ​လွတ်​ငြိမ်း​ခွင့်​ပြု​တော်​မူ လိမ့်​မည်'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​နေ ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ