မြည်တမ်းစကား 4:13 - Common Language Bible13 သို့ရာတွင်ယင်းသို့ချင်းနင်းဝင်ရောက်မှုကား ဖြစ်ပွားခဲ့ပြီ။ ထိုမြို့၏ပရောဖက်များနှင့်ယဇ်ပုရောဟိတ် များသည် အပြစ်ကူးကြသဖြင့်အပြစ်မဲ့သူတို့သည် သေရကြလေပြီ။ အခန်းကိုကြည့်ပါ။Garrad Bible13 မြို့ အ တွင်း တွင်၊ ဖြောင့် မတ် သူ တို့ အ သွေး ကို သွန်း ခဲ့ သော ပ ရော ဖက် နှင့် ပ ရော ဟိတ် တို့ အ ပြစ် ဒု စ ရိုက် များ ကြောင့်၊ ထို သို့ ဖြစ် ရ သည် တ ကား။ အခန်းကိုကြည့်ပါ။Judson Bible13 ယေရုရှလင်မြို့အလယ်၌ ဖြောင့်မတ်သောသူတို့ကို သတ်တတ်သော မြို့သားပရောဖက်တို့၏ဒုစရိုက်များနှင့်၊ ယဇ်ပုရောဟိတ်တို့၏ အပြစ်များကြောင့် ဤအမှုသည် ရောက်လေပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ဖြောင့်မတ်သောသူတို့၏သွေးကို မြို့လယ်ခေါင်၌ သွန်းခဲ့သော ပရောဖက်တို့၏အပြစ်၊ ယဇ်ပုရောဟိတ်တို့၏ဒုစရိုက်များကြောင့် ဤသို့ဖြစ်ရလေပြီ။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်ထာဝရဘုရားက``ပရောဖက်တို့ သည် ငါ၏နာမတော်ကိုအမှီပြု၍ လိမ်လည် ပြောဆိုနေကြခြင်းဖြစ်သည်။ ငါသည်သူတို့ ကိုမစေလွှတ်ခဲ့။ သူတို့အားအဘယ်သို့မျှ လည်းမမှာကြား။ အဘယ်ဗျာဒိတ်ကိုမျှ လည်းငါမပေးခဲ့။ သူတို့ဖော်ပြသည့်ဗျာဒိတ် ရူပါရုံတို့သည်ငါပြသည့်ရူပါရုံများ မဟုတ်။ သူတို့ကြိုတင်ဟောပြောမှုများ သည်အချည်းနှီးဟောပြောမှုများသာ လျှင်ဖြစ်၏။-
အို ဣသရေလ၊သင်သည်ရှေးအခါကပင်ငါ၏ ထမ်းပိုးကိုချိုး၍ငါ၏နှောင်ကြိုးများကိုဖြတ် ခဲ့၏။ သင်သည်ငါ၏စကားကိုနားမထောင်ငါ့အား ဝတ်မပြုမကိုးကွယ်။ တောင်မြင့်ရှိသမျှအပေါ်၌လည်းကောင်း၊စိမ်း လန်းသည့် သစ်ပင်ရှိသမျှအောက်၌လည်းကောင်း၊ သင်သည်ပြည့်တန်ဆာကဲ့သို့ပြုမူခဲ့လေသည်။
သူတို့၏ခေါင်းဆောင်များထဲတွင်ပူးပေါင်း ကြံစည်မှုရှိ၏။ သူတို့သည်သားကောင်များ ကိုကိုက်သတ်ဆွဲဖြတ်ပြီးနောက် ဟောက်နေ သောခြင်္သေ့များနှင့်တူကြ၏။ သူတို့သည် လူများကိုသတ်၍ရနိုင်သမျှသောငွေ နှင့်ဥစ္စာပစ္စည်းတို့ကိုယူကြ၏။ ယင်းသို့သတ် ဖြတ်မှုဖြင့်သူတို့သည်အမျိုးသမီးမြောက် မြားစွာကိုမုဆိုးမဘဝသို့ရောက်စေ ကြ၏။-