မြည်တမ်းစကား 3:40 - Common Language Bible40 ငါတို့သည်မိမိတို့လမ်းစဉ်ကိုစစ်ဆေးကာ ထာဝရဘုရားထံတော်သို့ပြန်လာကြ ကုန်အံ့။ အခန်းကိုကြည့်ပါ။Garrad Bible40 ကိုယ့် အ လေ့ အ လာ များ ကို စူး စမ်း စိ စစ် လျက်၊ ထာ ဝ ရ ဘု ရား ထံ ပြန် လာ ခြင်း၊ အခန်းကိုကြည့်ပါ။Judson Bible40 ငါတို့သည် ကိုယ်လိုက်သောလမ်းတို့ကို စစ်ကြောစုံစမ်း၍၊ ထာဝရဘုရားထံတော်သို့ ပြန်သွားကြကုန်အံ့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း40 ကိုယ့်အကျင့်အကြံများကို ဆင်ခြင်သုံးသပ်၍ ထာဝရဘုရားထံ ပြန်လှည့်ကြစို့။ အခန်းကိုကြည့်ပါ။ |
မင်းကြီးနှင့်မှူးမတ်များ၏အမိန့်အရ စေတမန်တို့သည် ဖိတ်စာများယူဆောင် လျက်ယုဒပြည်နှင့်ဣသရေလပြည် တစ်လျှောက်လုံးသို့သွားရောက်ကြ၏။ ဖိတ်စာတွင်``အို ဣသရေလအမျိုးသားတို့၊ သင်တို့သည်အာရှုရိမင်း၏လက်မှလွတ် မြောက်၍မသေဘဲကျန်ခဲ့ကြလေပြီ။ အာဗြဟံ၊ ဣဇာက်နှင့်ယာကုပ်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်သို့ပြန်လာ ကြလော့။ ကိုယ်တော်သည်လည်းသင်တို့ထံ သို့ပြန်လည်ကြွလာတော်မူလိမ့်မည်။
သင်တို့သည်ထာဝရဘုရား၏ထံတော်သို့ ပြန်လာကြလျှင် သင်တို့၏ဆွေမျိုးသား ချင်းများကိုသုံ့ပန်းအဖြစ်ဖြင့် ဖမ်းဆီး ခေါ်ဆောင်သွားသူတို့သည်သူတို့အား သနား၍နေရင်းပြည်သို့ပြန်ခွင့်ပြုကြ လိမ့်မည်။ သင်တို့ဘုရားသခင်ထာဝရဘုရား သည်သနားကြင်နာ၍ ကရုဏာထား တော်မူတတ်၏။ သင်တို့သည်အထံတော် သို့ပြန်လာကြလျှင်ကိုယ်တော်သည်သင် တို့အားလက်ခံတော်မူပေအံ့'' ဟုရေး သားဖော်ပြထားသတည်း။