မြည်တမ်းစကား 1:22 - Common Language Bible22 ``သူတို့အားမိမိတို့ယုတ်မာမှုအပေါင်းအတွက် အပြစ်ဒဏ်စီရင်တော်မူပါ။ ကျွန်တော်မျိုးအားမိမိ၏အပြစ်များအတွက် ဆုံးမတော်မူသကဲ့သို့သူတို့ကိုလည်း ဆုံးမတော်မူပါ။ ကျွန်တော်မျိုးသည်စိတ်ဆင်းရဲ၍ညည်းတွားပါ၏။ ကျွန်တော်မျိုး၏စိတ်နှလုံးသည်လည်း ညှိုးငယ်လျက်ရှိပါ၏'' ဟူ၍တည်း။ အခန်းကိုကြည့်ပါ။Garrad Bible22 သူ တို့ ဆိုး သွမ်း မှု ခပ် သိမ်း ကို၊ မျက် မှောက် ထား တော် မူ၍၊ ညည်း တွား ခြင်း အ မြောက် အ မြား နှင့် စိတ် မူး မော် ခြင်း ရှိ သော အ ကျွန်ုပ်၏ လွန် ကျူး မှု ခပ် သိမ်း အ တွက်၊ စီ ရင် တော် မူ သည့် နည်း တူ၊ ထို သူ တို့၌ စီ ရင် တော် မူ ပါ ဦး။ အခန်းကိုကြည့်ပါ။Judson Bible22 သူတို့၏ ဒုစရိုက်အလုံးစုံတို့ကို စစ်ကြောတော်မူပါ။ အကျွန်ုပ် ပြစ်မှားမိသမျှသောအပြစ်တို့ကြောင့်၊ အကျွန်ုပ်၌ ပြုတော်မူသကဲ့သို့ သူတို့၌ ပြုတော်မူပါ။ အကျွန်ုပ်သည် ညည်းတွားခြင်းများပြား၍ စိတ်ပျက်လျက်ရှိပါ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 သူတို့ပြုသောမကောင်းမှုအလုံးစုံတို့သည် ကိုယ်တော်၏ရှေ့တော်သို့ ရောက်ပါစေ။ အကျွန်ုပ်ကျူးလွန်မိသောအပြစ်အလုံးစုံအတွက် အကျွန်ုပ်ခံရသကဲ့သို့ သူတို့ကိုလည်း ခံရစေပါ။ အကျွန်ုပ်အလွန်ညည်းတွားရသည်ဖြစ်၍ စိတ်နှလုံးညှိုးနွမ်းလျက်ရှိပါ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင် အို ထာဝရဘုရား၊ ကျွန်တော်မျိုး အားသတ်ဖြတ်ရန် ရန်သူတို့ပြုသည့်လျှို့ဝှက် သောအကြံအစည်များကိုကိုယ်တော်ရှင် သိတော်မူပါ၏။ သူတို့၏ဆိုးညစ်မှုကို ခွင့်လွှတ်တော်မမူပါနှင့်။ သူတို့အားမိမိ တို့၏အပြစ်များမှလွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မမူပါနှင့်။ သူတို့အားအရေးရှုံး နိမ့်စေတော်မူပါ။ အမျက်တော်ထွက်ချိန်၌ သူတို့အားဆုံးမစီရင်တော်မူပါ'' ဟု လျှောက်၏။
ကိုယ်တော်ရှင်၏နာမတော်ကိုအသိအမှတ် မပြုသူ၊ ကိုယ်တော်ရှင်အားပစ်ပယ်သူတို့အပေါ် အမျက်တော်ကိုသွန်းလောင်းတော်မူပါ။ သူတို့သည်ယာကုပ်အမျိုးအားသတ်ဖြတ်ကြ ပါပြီ။ ကျွန်တော်မျိုးတို့အားအကုန်အစင်သုတ်သင် ပယ်ရှင်း၍ ကျွန်တော်မျိုးတို့ပြည်ကိုလည်းယိုယွင်းပျက်စီး စေကြပါပြီ။
အို ထာဝရဘုရား၊ ယခုပင်လျှင်ကျွန်တော်မျိုးပန်ကြား လျှောက်ထားချက်ကိုနားညောင်းတော်မူပါ။ ကျွန်တော်မျိုးသည်လုံးဝမျှော်လင့်ရာမဲ့လျက် နေပါပြီ။ ကျွန်တော်မျိုးအားမျက်နှာလွှဲတော်မမူပါနှင့်။ ယင်းသို့ပြုတော်မူပါလျှင်ကျွန်တော်မျိုးသည် မရဏာနိုင်ငံသို့သွားရသူကဲ့သို့ဖြစ်ပါလိမ့်မည်။
ယခုမှာမူသင်တို့အားဝါးမျိုသူအပေါင်း တို့သည် ဝါးမျိုခြင်းကိုခံရ၍ သင်တို့၏ရန်သူအပေါင်းသည်ဖမ်းဆီး ခေါ်ဆောင်ခြင်းကိုခံရကြလိမ့်မည်။ သင်တို့အားနှိပ်စက်ညှဉ်းပန်းသူအပေါင်းသည် နှိပ်စက်ညှဉ်းပန်းခြင်းကိုခံရ၍၊ သင်တို့အားတိုက်ခိုက်လုယက်သူအပေါင်းသည် တိုက်ခိုက်လုယက်ခြင်းကိုခံရကြလိမ့်မည်။