Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မြည်​တမ်း​စ​ကား 1:1 - Common Language Bible

1 အ​ခါ​တစ်​ပါး​က​လူ​စည်​ကား​ခဲ့​သည့် ယေ​ရု​ရှ​လင်​မြို့​သည်​အ​ထီး​ကျန်​ဖြစ်​လျက် နေ​၏။ အ​ခါ​တစ်​ပါး​က​ကမ္ဘာ​၏​ဂုဏ်​ပြု​ချီး​မြှင့်​ခြင်း​ကို ခံ​ခဲ့​ရ​ဖူး​သော်​လည်း ယ​ခု​အ​ခါ​သူ​သည်​မု​ဆိုး​မ​နှင့်​တူ​တော့​၏။ မြို့​တ​ကာ​တွင်​ဂုဏ်​ကြက်​သ​ရေ​အ​ရှိ​ဆုံး​မြို့​သည် ကျွန်​ဘ​ဝ​သို့​သက်​ဆင်း​ရ​လေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 စည် ပင် ခဲ့ သော မြို့ တော် သည်၊ ဆိတ် ညံ စွာ နေ လျက်၊ လူ မျိုး ခြား တို့ တွင် ပြန့် ပြော ခဲ့ သော မြို့ သည်၊ မု ဆိုး မ သ ဖွယ် ဖြစ် လျက်၊ ပြည် ထောင် တ ကာ အ ထွဋ် တင် ခဲ့ သော မြို့ သည်၊ လ မိုင်း အ ဖြစ် ရောက် လေ စွ တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 စည်​ပင်​ခဲ့​သော​မြို့​သည် လူ​ဆိတ်​ညံ​လျက် ထိုင်​လေ​သည်​တ​ကား၊ လူ​မျိုး​တို့​တွင် ကြီး​မြတ်​ဖူး​သော သ​တို့​သ​မီး​သည် မု​ဆိုး​မ​ကဲ့​သို့​ဖြစ်၏။ အ​ပြည်​ပြည်​တို့၏​သ​ခင်​မ​သည် အ​ခွန်​ပေး​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 လူ​စည်ကား​ခဲ့​သော​မြို့​ကြီး အထီးကျန်​နေ​ပါ​ပြီ​တကား​။ တိုင်းနိုင်ငံ​တို့​၏ အထွတ်​ရောက်​ခဲ့​ဖူး​သော​မြို့​ကြီး မုဆိုးမ​ဘဝ​သို့​ရောက်​ရ​ပါ​ပြီ​တကား​။ ပြည်တကာ​တို့​၏​ဘုရင်မကြီး အစေခံ​ဘဝ​သို့​ရောက်​ရ​ပါ​ပြီ​တကား​။

အခန်းကိုကြည့်ပါ။ ကော်ပီ




မြည်​တမ်း​စ​ကား 1:1
38 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​သည်​ဥ​ဖ​ရတ်​မြစ်​မှ​ဖိ​လိတ္တိ​ပြည် နှင့်​အီ​ဂျစ်​ပြည်​နယ်​စပ်​တိုင်​အောင် ရှိ​သ​မျှ သော​တိုင်း​နိုင်​ငံ​တို့​ကို​အ​စိုး​ရ​တော်​မူ​၏။ ထို​နိုင်​ငံ​တို့​သည်​မင်း​ကြီး​အား​အ​ခွန် ပဏ္ဏာ​ဆက်​သ​ကြ​၍ မင်း​ကြီး​အ​သက်​ရှင် သ​မျှ​ကာ​လ​ပတ်​လုံး​သူ​၏​လက်​အောက် ခံ​နိုင်​ငံ​များ​ဖြစ်​ကြ​၏။


အီ​ဂျစ်​ဘု​ရင်​နေ​ခေါ​သည်​သူ့​အား​ဟာ​မတ် ပြည်​ရိ​ဗ​လ​မြို့​၌​အ​ကျဉ်း​ချ​ထား​ပြီး​လျှင် ယု​ဒ​ပြည်​မှ​ငွေ​အ​လေး​ချိန်​ပေါင်​ခု​နစ်​ထောင့် ငါး​ရာ​နှင့်​ရွှေ​အ​လေး​ချိန်​ခု​နစ်​ဆယ့်​ငါး​ပေါင် ကို အ​ခွန်​ဘဏ္ဍာ​အ​ဖြစ်​တောင်း​လေ​၏။ ထို​အ​ခါ မှ​စ​၍​ယော​ခတ်​၏​နန်း​သက်​မှာ​ကုန်​ဆုံး​သွား တော့​၏။-


ယော​ယ​ကိမ်​မင်း​သည်​အီ​ဂျစ်​ဘု​ရင်​တောင်း​ခံ သည့်​အ​ခွန်​ဘဏ္ဍာ​ကို​ဆက်​သ​နိုင်​ရန် ပြည်​သူ တို့​ထံ​မှ​ဋ္ဌ​န​အင်​အား​အ​လိုက်​အ​ချိုး​ကျ အ​ခွန်​တော်​ကို​ကောက်​ခံ​လေ​သည်။


ရှော​လ​မုန်​သည်​ဥ​ဖ​ရတ်​မြစ်​မှ​သည်​ဖိ​လိတ္တိ ပြည်​နှင့်​အီ​ဂျစ်​ပြည်​နယ်​စပ်​တိုင်​အောင် အ​ရပ် ရပ်​ရှိ​ဘု​ရင်​တို့​ကို​အုပ်​စိုး​ရ​၏။-


တန်​ခိုး​ကြီး​သော​ဘု​ရင်​များ​သည်​ထို​မြို့​တွင်​စိုး​စံ​ကာ ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက်​ပြည်​နယ်​တစ်​ခု​လုံး​မှ​အ​ခွန်​ဘဏ္ဍာ​တော်​များ​ကို​ကောက်​ခံ​ခဲ့​ကြ​၏။-


အ​ခြား​သူ​တို့​က``ငါ​တို့​သည်​လယ်​ခွန်​နှင့် စ​ပျစ်​ဥ​ယျာဉ်​ခွန်​ပေး​ဆောင်​နိုင်​ရန်​ငွေ​ကို ချေး​ယူ​ထား​ကြ​ရ​ပါ​သည်။-


အ​ကျွန်ုပ်​တို့​သည်​အ​ပြစ်​များ​ကူး​လွန်​သော​ကြောင့် ဤ​ပြည်​မှ​ရ​သော​ကောက်​ပဲ​သီး​နှံ​များ​ကို အ​ကျွန်ုပ်​တို့​အား​ကိုယ်​တော်​အုပ်​စိုး​စေ​သည့် မင်း​တို့​က​ခံ​စား​ရကြ​ပါ​၏။ ထို​မင်း​တို့​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့​၏ ကျွဲ​နွား​များ​ကို​မိ​မိ​တို့​ထင်​သ​လို​ခိုင်း​စေ ကြ​ပါ​၏။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့​သည်​လွန်​စွာ ဆင်း​ရဲ​ရ​ကြ​ပါ​၏။''


ဤ​မြို့​သည်​ဘု​ရား​သ​ခင်​အ​မိန့်​တော်​ရှိ​သည့် အ​တိုင်း ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရန် ဣ​သ​ရေ​လ​အ​နွယ်​တို့​စု​ရုံး​ရာ​အ​ရပ် ဖြစ်​၏။


အို နံ​နက်​အ​ရုဏ်​၏​သား၊ ဗာ​ဗု​လုန်​ဘု​ရင်၊ ထွန်း လင်း​တောက်​ပ​သည့်​မိုး​သောက်​ကြယ်၊ သင်​သည် မိုး​ကောင်း​ကင်​မှ​ပြုတ်​ကျ​ရ​လေ​ပြီ။ အ​တိတ် ကာ​လ​က​သင်​သည်​လူ​မျိုး​တ​ကာ​ကို​နှိမ် နင်း​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​မြေ ပေါ်​သို့​ပစ်​ချ​ခြင်း​ကို​ခံ​ရ​လေ​ပြီ။-


တစ်​မြို့​လုံး​ပင်​အုတ်​အုတ်​ကျက်​ကျက်​ဖြစ် လျက် လူ​တို့​စိတ်​လှုပ်​ရှား​အော်​ဟစ်​သံ​များ နှင့်​ပြည့်​နှက်​၍​နေ​၏။ သင်​၏​လူ​တို့​သည်​ဤ​စစ်​ပွဲ​တွင်​တိုက်​ခိုက် ရင်း​ကျ​ဆုံး​ရ​ကြ​သည်​မ​ဟုတ်။-


မြို့​တံ​ခါး​များ​သည်​ငို​ကြွေး​မြည်​တမ်း​လျက် မြို့​ကြီး​သည်​လည်း အ​ဝတ်​အ​ချည်း​စည်း​နှင့် မြေ​ပေါ်​တွင်​ထိုင်​လျက်​နေ​သည့်​မိန်း​မ​နှင့် တူ​လိမ့်​မည်။


ထို​အ​ခါ​သင်​သည်​မိ​မိ​ကိုယ်​ကို​ပြန်​၍၊ `ငါ​သည်​ဤ​သား​သ​မီး​များ​ကို​အ​ဘယ်​သူ​နှင့် ရ​ရှိ​ပါ​သ​နည်း။ ငါ​၏​သား​သ​မီး​များ​သည်​သေ​ဆုံး​သွား​ပြီ​ဖြစ်​၍ ငါ့​မှာ​သား​သ​မီး​မ​ရှိ​နိုင်​တော့​ပါ။ ငါ​သည်​ရပ်​ဝေး​သို့​ပြည်​နှင်​ဒဏ်​သင့်​၍ နှင်​ထုတ်​ခံ​ခဲ့​ရ​သ​ဖြင့် ဤ​သား​သ​မီး​တို့​ကို​အ​ဘယ်​သူ​ကျွေး​မွေး​ပြု​စု ခဲ့​ပါ​သ​နည်း။ ငါ​သည်​တစ်​ကိုယ်​တည်း​သာ​လျှင်​ကျန်​ရှိ​ခဲ့​၏။ ဤ​သား​သ​မီး​များ​ကား၊အ​ဘယ်​အ​ရပ်​မှ ရောက်​ရှိ​လာ​ကြ​ပါ​သ​နည်း'' ဟု​မေး​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​နား​လည်​နိုင်​သော သ​ဘော​ကို​ပေး​တော်​မူ​ပြီ​ဖြစ်​၍၊ ငါ​သည်​ကိုယ်​တော်​ကို​မ​ပုန်​ကန်။ အ​ထံ​တော်​မှ​လည်း​သွေ​ရှောင်​၍​မ​သွား​ပါ။


အို ယေ​ရု​ရှ​လင်​မြို့၊သင်​၏​ကိုယ်​ကို​ရုန်း​ခါ​၍ လွတ်​မြောက်​အောင်​ပြု​လော့။ မြေ​မှုန့်​ထဲ​မှ​ထ​၍​သင်​၏​ပလ္လင်​ပေါ်​တွင်​ထိုင်​လော့။ အို သုံ့​ပန်း​ဇိ​အုန်​မြို့​သူ​မြို့​သား​တို့၊သင်​တို့​အား ချည်​နှောင်​ထား​သည့်​သံ​ကြိုး​များ​ကို​ဖြေ​ကြ​လော့။


ငြိမ်း​ချမ်း​ရေး​တည်း​ဟူ​သော​သ​တင်း​ကောင်း​ကို ယူ​ဆောင်​လာ​သူ၊စေ​တ​မန်​တစ်​ဦး တောင်​ရိုး​ကို​ဖြတ်​ကျော်​နေ​သည်​ကို​တွေ့​မြင်​ရ​ပုံ​မှာ ကျက်​သ​ရေ​ရှိ​လှ​ပါ​သည်​တ​ကား။ ထို​စေ​တ​မန်​သည်​ကယ်​တင်​ခြင်း​သ​တင်း​ကို ကြေ​ညာ​လျက်၊ ဇိ​အုန်​မြို့​အား``သင်​၏​ဘု​ရား​သ​ခင်​သည် ဘု​ရင်​ဖြစ်​တော်​မူ​၏'' ဟု​ဆို​၏။


မ​ကြောက်​နှင့်၊သင်​သည်​နောက်​တစ်​ဖန် အ​သ​ရေ​ပျက်​ရ​တော့​မည်​မ​ဟုတ်။ ရှုတ်​ချ​ခြင်း​ကို​လည်း​ခံ​ရ​လိမ့်​မည်​မ​ဟုတ်။ သင်​သည်​ငယ်​ရွယ်​စဉ်​အ​ခါ​က​သစ္စာ​မဲ့​သည့် ဇ​နီး ဖြစ်​ခဲ့​မှု​ကို​လည်း​ကောင်း၊ မု​ဆိုး​မ​အ​ဖြစ်​ဖြင့်​မ​ကြံ​တတ်​အောင်​ပင် ကိုယ်​တိုင်​ကြုံ​ခဲ့​ရ​သည်​ကို​လည်း​ကောင်း၊ မေ့​လျော့​သွား​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​က၊ ``လူ​မျိုး​တ​ကာ​တို့​တွင်​အ​ထွတ်​အ​ထိပ် ဖြစ်​သည့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​ဝမ်း​မြောက် စွာ ကြွေး​ကြော်​ကြ​လော့။ `ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား ကယ်​တင်​တော်​မူ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​မှ​ကြွင်း​ကျန်​သူ​အ​ပေါင်း တို့​အား ကယ်​ဆယ်​တော်​မူ​ပြီ' ဟူ​သော ထော​မ​နာ​သီ​ချင်း​ကို​သီ​ဆို​ကြ​လော့။


ထို​အ​ခါ​ဂေ​ဒ​လိ​က``သင်​တို့​သည်​ဗာ​ဗု​လုန် အ​မျိုး​သား​တို့​အား လက်​နက်​ချ​ရန်​ကြောက်​လန့် နေ​စ​ရာ​မ​လို​ကြောင်း​သင်​တို့​အား​ငါ​က​တိ ပေး​ပါ​၏။ ဤ​ပြည်​တွင်​အ​တည်​တ​ကျ​နေ​ထိုင် ၍​ဗာ​ဗု​လုန်​ဘု​ရင်​၏​အ​မှု​တော်​ကို​ထမ်း​ဆောင် ကြ​လော့။ သင်​တို့​အ​ဖို့​အ​စ​စ​အ​ရာ​ရာ​အ​ဆင် ပြေ​ပါ​လိမ့်​မည်။-


ငါ့​အား``အ​ကျွန်ုပ်​တို့​ပန်​ကြား​သည့်​အ​မှု ကို​ပြု​ပါ​လော့။ အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​အ​ကျွန်ုပ်​တို့ အ​ဖို့​ဆု​တောင်း​ပတ္ထနာ​ပြု​ပါ​လော့။ ကျန်​ရှိ နေ​သ​မျှ​သော​အ​ကျွန်ုပ်​တို့​အ​တွက်​ဆု တောင်း​ပတ္ထ​နာ​ပြု​ပါ​လော့။ အ​ခါ​တစ်​ပါး က​အ​ကျွန်ုပ်​တို့​သည်​အ​ရေ​အ​တွက်​အား ဖြင့်​များ​ပါ​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌ အ​ရှင်​သိ​ရှိ​သည့်​အ​တိုင်း​အ​ကျွန်ုပ်​တို့ တွင်​လူ​အ​နည်း​ငယ်​သာ​ကျန်​ရှိ​ပါ​တော့ သည်။-


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာဝ​ရ​ဘု​ရား​က``ယေ​ရု ရှ​လင်​မြို့​နှင့်​အ​ခြား​ယု​ဒ​မြို့​တို့​အား​ငါ အ​ဘယ်​သို့​ကပ်​သင့်​စေ​သည်​ကို သင်​တို့​ကိုယ် တိုင်​တွေ့​မြင်​ခဲ့​ရ​လေ​ပြီ။ ထို​မြို့​များ​သည် ယ​ခု​တိုင်​အောင်​ပင်​ယို​ယွင်း​ပျက်​စီး​ကာ လူ​သူ​ဆိတ်​ငြိမ်​လျက်​ရှိ​ကြ​၏။-


သို့​ဖြစ်​၍​ငါ​သည်​ယု​ဒ​မြို့​များ​နှင့်​ယေ​ရု ရှ​လင်​လမ်း​များ​အ​ပေါ်​သို့ ငါ​၏​ဒေါ​သ အ​မျက်​တော်​ကို​သွန်း​လောင်း​၍ ထို​မြို့​တို့​ကို မီး​လောင်​စေ​တော်​မူ​၏။ ထို​မြို့​များ​သည်​ယို ယွင်း​ပျက်​စီး​လျက်​ကျန်​ရစ်​ပြီး​လျှင် ယ​နေ့ တွေ့​မြင်​နေ​ရ​သည့်​အ​တိုင်း​လူ​တို့​ရှေ့​တွင် စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်​၍​နေ​၏။


ဗာ​ဗု​လုန်​မြို့​သည်​တစ်​ကမ္ဘာ​လုံး​ကို​သံ​တူ နှင့်​ရိုက်​နှက်​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ​ထို သံ​တူ​သည်​အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ကျိုး​ပဲ့​၍ သွား​လေ​ပြီ​တ​ကား။ လူ​မျိုး​တ​ကာ​တို့​သည် ဗာ​ဗု​လုန်​မြို့​ကြုံ​တွေ့​ရ​သည့်​အ​ဖြစ်​အ​ပျက် ကို​မြင်​၍​လန့်​ဖျပ်​တုန်​လှုပ်​ကြ​ကုန်​၏။-


ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ယေ​ရု​ရှ​လင် မြို့​ကို တော​ခွေး​များ​ခို​အောင်း​ရာ၊ အ​ဆောက်​အ​အုံ​ပျက်​များ​စု​ဝေး​ရာ​အ​ရပ် ဖြစ်​စေ​မည်။ ယု​ဒ​မြို့​တို့​သည်​လည်း​လူ​သူ​ဆိတ်​ညံ​ရာ သဲ​ကန္တာရ ဖြစ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


``ငါ​သည်​မိ​မိ​မ​ဟာ​မိတ်​များ​ထံ​တွင်​အ​ကူ​အ​ညီ တောင်း​ခံ​ပါ​သော်​လည်း​သူ​တို့​က​ငြင်း​ဆန်​ခဲ့​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ခေါင်း​ဆောင်​များ​သည် အ​သက်​ဆက်​လက်​ရှင်​သန်​နိုင်​ရေး​အ​တွက် အ​စား​အ​စာ​ရှာ​ဖွေ​လျက်​နေ​စဉ်​လမ်း​များ​ပေါ်​၌ သေ​ဆုံး​ရ​ကြ​ပါ​၏။''


ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​ထွက်​တော်​မူ​၍ ဇိ​အုန်​မြို့​ကို​အ​မှောင်​ဖုံး​စေ​တော်​မူ​လေ​ပြီ။ ထို​မြို့​၏​ခမ်း​နား​ကြီး​ကျယ်​မှု​သည် ကောင်း​ကင်​မှ​မြေ​ကြီး​သို့​ကျ​ဆင်း​ယို​ယွင်း​လေ​ပြီ။ ကိုယ်​တော်​သည်​အ​မျက်​ထွက်​တော်​မူ​သော​ကာ​လ​၌ မိ​မိ​၏​ဗိ​မာန်​တော်​ကို​ပင်​စွန့်​ပစ်​တော်​မူ​၏။


ယေ​ရု​ရှ​လင်​မြို့​၏​အ​သက်​ကြီး​သူ​တို့​သည် လျှော်​တေ​ကို​ဝတ်​၍ မိ​မိ​တို့​ဦး​ခေါင်း​ပေါ်​သို့​မြေ​မှုန့်​များ​တင် ပြီး​လျှင် မြေ​ပေါ်​၌​ဆိတ်​ငြိမ်​စွာ​ထိုင်​နေ​ကြ​၏။ မြို့​သူ​က​ညာ​များ​သည်​လည်း​ခေါင်း​ကို ငိုက်​စိုက်​ညွှတ်​လျက်​နေ​ကြ​လေ​သည်။


ပြောင်​လက်​သည့်​ရွှေ​တို့​သည်​မှေး​မှိန်​၍ သွား​လေ​ပြီ။ ဗိ​မာန်​တော်​ကျောက်​တို့​သည်​လည်း လမ်း​များ​ပေါ်​တွင်​ပြန့်​ကျဲ​လျက်​နေ​၏။


ကျွန်​တော်​မျိုး​တို့​တွင်​ဂုဏ်​ယူ​ဝါ​ကြွား​စ​ရာ တစ်​ခု​မျှ​မ​ကျန်​ရှိ​တော့​ပါ။ ကျွန်​တော်​မျိုး​တို့​သည်​အ​ပြစ်​ကူး​ကြ​သ​ဖြင့် အ​မင်္ဂ​လာ​ရှိ​ကြ​ပါ​၏။


ပင်​လယ်​ရေ​ကြောင်း​ခ​ရီး​သွား​လာ​သော နိုင်​ငံ​တို့​၏​ဘုရင်​အ​ပေါင်း​သည်​ရာ​ဇ​ပလ္လင် များ​ပေါ်​မှ​ဆင်း​ကြ​ကာ မိ​မိ​တို့​၏​ဝတ်​လုံ များ​နှင့်​ပန်း​ထိုး​ထည်​များ​ကို​ချွတ်​၍ မြေ ပေါ်​တွင်​တုန်​လှုပ်​လျက်​ထိုင်​ကြ​လိမ့်​မည်။ သင် တွေ့​ကြုံ​ရ​သည့်​ကံ​ကြမ္မာ​ကို​မြင်​၍ သူ​တို့ သည်​အံ့​အား​သင့်​လျက်​အ​ဆက်​မ​ပြတ် တုန်​လှုပ်​နေ​ကြ​လိမ့်​မည်။


ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ တု​ရု​မြို့​သား တို့​က`ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​သည်​ပျက်​ပြုန်း လေ​ပြီ။ ထို​မြို့​၌​တံ​ခါး​များ​ပွင့်​လျက်​ရှိ​၏။ ထို​မြို့​သည်​ငါ​တို့​နှင့်​ပြိုင်​ဘက်​မ​ဖြစ်​တော့ ပြီ' ဟု​ဝမ်း​မြောက်​စွာ​ဟစ်​အော်​ကြွေး​ကြော် လျက်​နေ​ကြ​၏။


အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရု​ရှ​လင် မြို့​ကို​ကြည့်​လော့။ ငါ​သည်​ထို​မြို့​ကို​နိုင်​ငံ အ​ပေါင်း​ခြံ​ရံ​စေ​ကာ​ကမ္ဘာ​၏​အ​လယ် ဗ​ဟို​တွင်​ထား​ရှိ​၏။-


သင်​တို့​၏​မြို့​များ​ကို​ဖြို​ဖျက်​၍ သင်​တို့​ဝတ်​ပြု ကိုး​ကွယ်​ရာ​ဌာန​များ​ကို​ပျက်​စီး​စေ​မည်။ သင် တို့​၏​ယဇ်​ပူ​ဇော်​ခြင်း​ကို​ငါ​လက်​မ​ခံ။-


ငါ​သည်​သင်​တို့​ကို​စစ်​ဘေး​စစ်​ဒဏ်​သင့်​စေ​ပြီး လျှင် သင်​တို့​အား​အ​ခြား​နိုင်​ငံ​များ​သို့​ပြန့်​နှံ့ နေ​ထိုင်​စေ​မည်။ သင်​တို့​၏​ပြည်​သည်​လူ​သူ ကင်း​မဲ့​၍ သင်​တို့​၏​မြို့​များ​သည်​လည်း​ပျက်​စီး ယို​ယွင်း​လိမ့်​မည်။-


ဤ​သည်​လျှင်​မိ​မိ​ကိုယ်​ကို​တန်​ခိုး​ကြီး​လှ ပြီ​ဟူ​၍​လည်း​ကောင်း၊ လုံ​ခြုံ​မှု​ရှိ​လှ​ပြီ ဟူ​၍​လည်း​ကောင်း​ထင်​မှတ်​သည့်​မြို့​ကြုံ တွေ့​ရ​မည့်​ကံ​ကြမ္မာ​ပင်​ဖြစ်​တော့​၏။ ထို မြို့​၏​မြို့​သူ​မြို့​သား​တို့​က​မိ​မိ​တို့​မြို့ ကို​ကမ္ဘာ​ပေါ်​တွင်​အ​ကြီး​ဆုံး​ဟု​ထင်​မှတ် ကြ​ပေ​သည်။ ထို​မြို့​သည်​တော​တိ​ရစ္ဆာန် များ​နား​နေ​ရာ​ဖြစ်​လျက်​အ​ဘယ်​မျှ​လူ သူ​ဆိတ်​ညံ​၍​နေ​ပါ​လိမ့်​မည်​နည်း။ ယင်း အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​သူ​အ​ပေါင်း တို့​သည်​ထိတ်​လန့်​လျက် နောက်​သို့​တွန့်​ဆုတ် သွား​ကြ​လိမ့်​မည်။


သူ​သည်​မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​၍​ကာ​မ​ဂုဏ် စည်း​စိမ်​ခံ​စား​သည်​နှင့်​အ​မျှ သူ့​အား​ဝမ်း​နည်း​ကြေ​ကွဲ​ဆင်း​ရဲ ဒုက္ခ​ရောက်​စေ​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​က``ငါ​သည် မိ​ဖု​ရား​ဖြစ်​၏။ မု​ဆိုး​မ​မ​ဟုတ်။ ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ဝမ်း​နည်း​ကြေ​ကွဲ ရ​လိမ့်​မည်​မ​ဟုတ်'' ဟု မိ​မိ​ကိုယ်​ကို​ပြော​ဆို​နေ​တတ်​သော​ကြောင့်​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ