Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မိက္ခာ 2:6 - Common Language Bible

6 လူ​တို့​က``အ​ကျွန်ုပ်​တို့​အား​တ​ရား​မ​ဟော ပါ​နှင့်၊ ထို​အ​ကြောင်း​အ​ရာ​တို့​ကို​မ​ပြော ပါ​နှင့်၊ ဘု​ရား​သ​ခင်​သည်​အ​ကျွန်ုပ်​တို့​အား အ​ရှက်​ကွဲ​အ​ကျိုး​နည်း​ဖြစ်​စေ​တော်​မူ မည်​မ​ဟုတ်​ပါ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 မ ဟော ကြ လင့်။ ထို အ ခြင်း အ ရာ များ ကို ဟော ပြော သူ မ ရှိ စေ လင့်။ အ ပြစ် တင် စ ကား ပြတ် စဲ ရ မည် မ ဟုတ် လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ပ​ရော​ဖက်​ပြု​သော သူ​တို့၊ ပ​ရော​ဖက်​မ​ပြု​ကြ​နှင့်။ သူ​တို့​သည် ရှက်​ကြောက်​မည်​အ​ကြောင်း ပ​ရော​ဖက် မ​ပြု​ရ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 သူ​တို့​က “သင်​တို့ မ​ဟောပြော​ကြ​နှင့်”​ဟု ဟောပြော​ကြ​၏​။ ဤ​အကြောင်း​နှင့်​ပတ်သက်၍ မည်သူ​မျှ မ​ဟောပြော​ကြ​နှင့်​။ ငါ​တို့ အသရေပျက်​ရ​လိမ့်မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




မိက္ခာ 2:6
21 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မျိုး​တို့​၏​ဘာ​သာ​တ​ရား​ဆိုင်​ရာ အ​မှတ်​အ​သား​များ​အား​လုံး​ပင်​မ​ရှိ​တော့​ပါ။ ပ​ရော​ဖက်​များ​လည်း​မ​ရှိ​တော့​ပါ။ အ​ဘယ်​မျှ​ကြာ​အောင်​ဤ​သို့​ဖြစ်​နေ​မည်​ကို အ​ဘယ်​သူ​မျှ​မ​သိ​ပါ။


ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​အ​လွယ် တ​ကူ​အိပ်​မော​ကျ​၍​သွား​စေ​တော်​မူ​လိမ့် မည်။ ပ​ရော​ဖက်​များ​သည်​လူ​တို့​၏​မျက်​စိ များ​ဖြစ်​သင့်​သော်​လည်း​ဘု​ရား​သ​ခင်​သည် သူ​တို့​၏​မျက်​စိ​များ​ကို​ဖုံး​ပိတ်​၍​ထား တော်​မူ​၏။-


ပ​ရော​ဖက်​များ​ကို​လည်း​ဆိတ်​ဆိတ်​နေ​ရန် ပြော​ဆို​ကြ​၏။ သူ​တို့​က``ငါ​တို့​အား​အ​မှန် တ​ရား​ကို​မ​ပြော​ကြ​နှင့်။ ငါ​တို့​ကြား​လို သော​စကား​ကို​ပြော​ကြ​လော့။ ငါ​တို့​အား မိ​မိ​တို့​၏​လွဲ​မှား​သော​အ​ထင်​အ​မြင် အ​ယူ​အ​ဆ​များ​နှင့်​ပင်​ရှိ​နေ​စေ​ကြ လော့။-


ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ တောင်​အ​ရပ် သို့​မျှော်​ကြည့်​၍ ထို​အ​ရပ်​နှင့်​ထို​အ​ရပ်​ရှိ သစ်​တော​အား​ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို​လော့။-


ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ယေ​ရု​ရှ​လင် မြို့​ဘက်​သို့​လှည့်​၍​ထို​မြို့​ကို​ရှုတ်​ချ​လော့။ လူ တို့​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​ရှုတ် ချ​လော့။ ဣ​သ​ရေ​လ​ပြည်​ကို​ပ​ရော​ဖက်​ပြု ၍​သ​တိ​ပေး​လော့။-


ဤ​ပုန်​ကန်​တတ်​သူ​တို့​အား​သ​တိ​မ​ပေး နိုင်​စေ​ရန် ငါ​သည်​သင်​၏​လျှာ​ကို​အာ​ခေါင် တွင်​ကပ်​၍​နေ​စေ​မည်။-


သို့​ရာ​တွင်​သင်​သည်​နာ​ဇ​ရိ​လူ​တို့​အား စ​ပျစ်​ရည်​ကို​သောက်​စေ​၍​ပ​ရော​ဖက်​တို့ အား​ငါ​၏​သ​တင်း​စ​ကား​ကို​ကြား​ပြော ခြင်း​မ​ပြု​ရန်​တား​မြစ်​ခဲ့​ကြ​လေ​ပြီ။-


ဗေ​သ​လ​မြို့​သို့​နောက်​တစ်​ဖန်​လာ​၍​မ​ဟော လေ​နှင့်၊ ဤ​နေ​ရာ​သည်​ဘု​ရင်​မင်း​ကိုယ်​တော် တိုင်​ကိုး​ကွယ်​ဝတ်​ပြု​ရာ အ​မျိုး​သား​ဗိ​မာန် တော်​ဖြစ်​သည်'' ဟု​ဆို​လိုက်​၏။


သို့​ဖြစ်​သော​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​နား​ထောင်​လော့။ သင်​က​ငါ့ အား၊ ဣသ​ရေ​လ​ပြည်​သား​တို့​တစ်​ဖက်​မှ ဆန့်​ကျင်​ပြီး​ပ​ရော​ဖက်​မ​ပြု​နှင့်​မ​ဟော နှင့်​ဟု​ဆို​၏။-


``ပ​ရော​ဖက်​တို့၊ သင်​တို့​အ​တွက်​နေ့​အ​ချိန် ကုန်​လု​ပြီ၊ နေ​ဝင်​ချိန်​ရောက်​လာ​ပြီ။ သင်​တို့ သည်​ရူ​ပါ​ရုံ​မြင်​ရ​တော့​မည်​မ​ဟုတ်။ အ​နာ ဂတ်​ကို​ဟော​နိုင်​သော​အ​စွမ်း​ရှိ​လိမ့်​မည်​မ ဟုတ်'' ဟု​မိန့်​တော်​မူ​၏။-


သင်​တို့​သည်​သြ​မ​ရိ​ဘု​ရင်​နှင့်​သူ​၏​သား အာ​ဟပ်​မင်း​တို့​၏ ဆိုး​ညစ်​သည့်​စ​ရိုက်​ကို လိုက်​၍​ကျင့်​ကြ​သ​ဖြင့် ထို​ပျက်​စီး​ဆုံး​ရှုံး ခြင်း​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်။ လူ​တိုင်း​က သင်​တို့​ကို​ကဲ့​ရဲ့​ကြ​လိမ့်​မည်။ လူ​မျိုး တ​ကာ​တို့​သည်​သင်​တို့​ကို​သ​ရော်​ကြ လိမ့်​မည်။''


သို့​သော်​လူ​တို့​အ​ထဲ​တွင်​ဤ​သ​တင်း​ပို​၍ ပျံ့​မ​သွား​စေ​ရန် ထို​သူ​နှစ်​ဦး​အား​ယေ​ရှု​၏ နာ​မ​ကို​အ​မှီ​ပြု​၍ နောက်​တစ်​ဖန်​မည်​သူ​ကို မျှ​မ​ဟော​မ​ပြော​ရန်​ကျပ်​တည်း​စွာ​သ​တိ ပေး​ကြ​ကုန်​အံ့။''


သူ​က``ထို​နာ​မ​ကို​အ​မှီ​ပြု​၍​ဟော​ပြော​သွန် သင်​ခြင်း​မ​ပြု​ရန် သင်​တို့​အား​ငါ​တို့​ကျပ်​တည်း စွာ​အ​မိန့်​ပေး​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​သင်​တို့ သည်​ယေ​ရု​ရှ​လင်​မြို့​တစ်​မြို့​လုံး​တွင် အ​နှံ့ အ​ပြား​ဟော​ပြော​သွန်​သင်​ကြ​လေ​ပြီ။ ထို သူ​သေ​ရ​သည်​မှာ​ငါ​တို့​ကြောင့်​ဖြစ်​သည်​ဟူ ၍ သင်​တို့​အ​ပြစ်​တင်​လို​ကြ​သည်​တ​ကား'' ဟု​တ​မန်​တော်​တို့​အား​ပြော​ကြား​ကြ ၏။


တ​မန်​တော်​တို့​ကို​ခေါ်​ယူ​ကြ​၏။ ထို​နောက်​သူ တို့​အား​ကြိမ်​ဒဏ်​ခတ်​ကာ``ယေ​ရှု​၏​နာ​မ​ကို အ​မှီ​ပြု​၍ ဟော​ပြော​သွန်​သင်​ခြင်း​ကို​နောက် တစ်​ဖန်​မ​ပြု​ရ'' ဟု​အ​မိန့်​ပေး​ပြီး​နောက် လွှတ်​လိုက်​ကြ​၏။-


``သင်​တို့​သည်​လွန်​စွာ​ခေါင်း​မာ​ကြ​သည် တ​ကား။ သင်​တို့​စိတ်​နှ​လုံး​သည်​ဘု​ရား​သ​ခင် ၏​ဗျာ​ဒိတ်​စ​ကား​ကို​ကြား​နာ​ရန်​နား​ပင်း ကြ​သည်​တ​ကား။ သင်​တို့​သည်​မိ​မိ​တို့​ဘိုး ဘေး​များ​ကဲ့​သို့​ပင် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ကို​အ​စဉ်​အ​မြဲ​ဆန့်​ကျင်​ဘက်​ပြု​ကြ​သည် တ​ကား။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ