ဗျာဒိတ် 18:14 - Common Language Bible14 ကုန်သည်ကြီးများကထိုမြို့အား``သင်လိုချင် တောင့်တသည့်အရာများသည်မရှိတော့ပြီ။ စည်း စိမ်ချမ်းသာဂုဏ်ကျက်သရေတို့သည်လည်းကွယ် ပျောက်သွားလေပြီ။ ထိုအရာများကိုသင်သည် နောက်တစ်ဖန်ရရှိတော့မည်မဟုတ်'' ဟုဆို ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible14 နှစ် ခြိုက် သော အ သီး မြတ် ပ ပျောက် လျက် မြိန် ရှက် သော ခဲ ဖွယ် နှင့် ကျက် သ ရေ ပျက် စီး ပြီ ဖြစ်၍ နောင် တွေ့ ရှိ တော့ မည် မ ဟုတ်။ အခန်းကိုကြည့်ပါ။Judson Bible14 သင်သည် အလွန်တပ်မတ်သော သစ်သီးမျိုးလည်း ပျောက်ကုန်ပြီ။ ဆူဖြိုးသောအရာ၊ တင့်တယ်သော အရာရှိသမျှတို့လည်း ပျောက်ကုန်ပြီ။ နောက်တစ်ဖန် မတွေ့ရ။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 သင်၏စိတ်နှလုံးတပ်မက်သောအသီးအပွင့်သည် သင့်ထံမှ ပျောက်ကွယ်သွားလေပြီ။ သင့်ကို အဆီယစ်စေသောအရာများနှင့် တင့်တယ်စေသောအရာတို့သည်လည်း သင့်ထံမှ ပျောက်ဆုံးသွားလေပြီ။ ထိုအရာများကို မည်သည့်အခါမျှတွေ့ရကြတော့မည်မဟုတ်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း14 “သင်တပ်မက်သော အရာများသည် သင့်ထံမှ ပျောက်ကွယ်သွားပြီ။ သင်၏ ဇိမ်ခံပစ္စည်းများနှင့် တောက်ပြောင်သောအရာများသည်လည်း ပျောက်ဆုံးသွားကြပြီ။ မည်သည့်အခါမျှ တွေ့ရတော့မည်မဟုတ်။” အခန်းကိုကြည့်ပါ။ |
ဤသာဋ္ဌကကားဆိုးညစ်မှုများကိုထိုသူတို့ ပြုလုပ်လိုသကဲ့သို့ ငါတို့မပြုလုပ်ကြစေရန် လည်းကောင်း၊ ကျမ်းစာတော်တွင် ``လူတို့သည်ထိုင် ၍စားသောက်ကြပြီးနောက်အသောက်ကြူးလျက် မြူးတူးပျော်ပါးကြ၏'' ဟုပါရှိသည်နှင့် အညီ၊ အချို့တို့သည်ရုပ်တုကိုပူဇော်ပသ ကြသကဲ့သို့ ငါတို့မပူဇော်မပသကြ စေရန်လည်းကောင်းသတိပေးခြင်းပင်ဖြစ်၏။-
သင်တို့သည်မိမိတို့အလိုရှိသောအရာ များကိုမရနိုင်သဖြင့်လူ့အသက်ကိုသတ် ရန်အသင့်ရှိကြ၏။ မိမိတို့လွန်စွာလိုလား တောင့်တသည့်အရာများကိုမရနိုင်သဖြင့် အငြင်းပွားကြ၏။ ရန်ဖြစ်ကြ၏။ သင်တို့လို လားသောအရာကိုမရရှိကြသည့်အကြောင်း မှာဘုရားသခင်ထံတော်သို့မတောင်းမလျှောက် ကြသောကြောင့်ဖြစ်၏။-