ဖိလိပ္ပိ 3:6 - Common Language Bible6 ဘာသာရေးစိတ်အားထက်သန်မှုဘက်၌ဆိုသော် အသင်းတော်ကိုညှဉ်းပန်းနှိပ်စက်ခဲ့သူဖြစ်၏။ ပညတ်တရားကိုလိုက်နာကျင့်သုံးမှုအရ ဆိုသော်ငါသည်အပြစ်ဆိုဖွယ်မရှိသူဖြစ်သည်။- အခန်းကိုကြည့်ပါ။Garrad Bible6 စိတ် စေ တ နာ ထက် သန် ခြင်း ကို ဆို သော် အ သင်း တော် အား ညှဉ်း ပန်း သူ၊ ပ ညတ် တ ရား အ လိုက် ဖြောင့် မတ် ခြင်း ကို ဆို သော် အ ပြစ် မဲ့ ရာ ရောက် သူ ငါ သည် သာ၍ အ ခွင့် ရှိ ၏။ အခန်းကိုကြည့်ပါ။Judson Bible6 စိတ်အားကြီးခြင်းကို မေးသော်၊ ငါသည် အသင်းတော်ကို ညှဥ်းဆဲသောသူဖြစ်၏။ ပညတ်တရားအားဖြင့်ရသော ဖြောင့်မတ်ခြင်းကို မေးပြန်သော်၊ ငါသည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူဖြစ်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 စိတ်အားထက်သန်မှုအရဆိုလျှင် အသင်းတော်ကိုညှဉ်းဆဲသောသူ၊ ပညတ်တရားအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းအရဆိုလျှင် အပြစ်တင်စရာမရှိသောသူဖြစ်၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း6 အသင်းတော်ကို စိတ်အားထက်သန်စွာ ညှဉ်းဆဲခဲ့သောသူ ဖြစ်၏။ ပညတ်တရားကို လိုက်နာ၍ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရမည်ဆိုလျှင် ကျွန်ုပ်သည် အပြစ်ဆိုဖွယ်မရှိသူ ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
(ဂိဗောင်မြို့မှလူတို့သည်ကားဣသရေလ အမျိုးသားများမဟုတ်။ သူတို့သည်အာ မောရိအမျိုးသားလူနည်းစုဖြစ်၍ သူတို့ အားဣသရေလအမျိုးသားတို့ကကာ ကွယ်စောင့်ရှောက်မည်ဟုကတိထားခဲ့၏။ သို့ ရာတွင်ရှောလုသည်ဣသရေလနှင့်ယုဒ ပြည်သူတို့အတွက် စိတ်ထက်သန်မှုကြောင့် ဂိဗောင်မြို့မှလူတို့အားသုတ်သင်ရန် ကြိုးစားခဲ့သတည်း။-)
အကျွန်ုပ်ပြောဆိုသည်အတိုင်းမှန်ကန်ကြောင်း ကို ယဇ်ပုရောဟိတ်မင်းနှင့်တကွယုဒတရား လွှတ်တော်အဖွဲ့ဝင်အပေါင်းတို့ကသက်သေ ခံနိုင်ကြပါ၏။ အကျွန်ုပ်သည်ထိုသူတို့ထံ မှဒမာသက်မြို့နေ ယုဒညီအစ်ကိုထံသို့ ရေးပေးလိုက်သည့်အမှာစာများကိုရယူ ၏။ ထိုနောက်ထိုလမ်းစဉ်တော်ကိုလိုက်လျှောက် သူတို့အား အပြစ်ဒဏ်စီရင်ခြင်းငှာဖမ်းဆီး ချည်နှောင်လျက် ယေရုရှလင်မြို့သို့ခေါ်ဆောင် လာရန်ဒမာသက်မြို့သို့ထွက်ခွာသွားပါ ၏။
သို့မှသာလျှင်သင်တို့သည်ဖောက်ပြန်၍အပြစ် ကူးလွန်သူများရှိရာကမ္ဘာတွင် ဘုရားသခင် ၏အပြစ်ဆိုဖွယ်မရှိသောသားသမီးများ အနေဖြင့် စိတ်နှလုံးဖြူစင်သန့်ရှင်းလျက်အပြစ် ကင်းသူများဖြစ်ကြလိမ့်မည်။ သင်တို့သည် ထာဝရအသက်နှင့်ဆိုင်သောတရားတော် ကိုဟောပြောကာ ထိုသူတို့အလယ်တွင်ကြယ် တာရာများသဖွယ်ထွန်းလင်းတောက်ပရကြ မည်။ ဤသို့ပြုကြမည်ဆိုပါကငါအားထုတ် လုပ်ဆောင်ခဲ့သမျှသည် အချည်းနှီးမဖြစ် သဖြင့်ခရစ်တော်၏နေ့ရက်၌ငါ့မှာဂုဏ် ယူဝါကြွားစရာအကြောင်းရှိလိမ့်မည်။