ဖိလိပ္ပိ 1:21 - Common Language Bible21 အသက်ရှင်ခြင်းဟူသည်မှာအဘယ်နည်း။ ငါ ၏အဖို့မှာအသက်ရှင်ခြင်းသည်ခရစ်တော်ပင် ဖြစ်၏။ သေလျှင်မူကားပို၍အကျိုးရှိ၏။- အခန်းကိုကြည့်ပါ။Garrad Bible21 ငါ အ သက် ရှင် သည့် အ ရာ မှာ ခ ရစ် တော် ဖြစ်၏။ သေ သည့် အ ရာ မှာ အ မြတ် အ စွန်း ဖြစ် ၏။ အခန်းကိုကြည့်ပါ။Judson Bible21 ငါအသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား၊ သာ၍အကျိုးရှိ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 အကြောင်းမူကား ငါ့အနေဖြင့် အသက်ရှင်ခြင်းသည် ခရစ်တော်ဖြစ်၏။ သေခြင်းသည်လည်း အကျိုးကျေးဇူးဖြစ်၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း21 ကျွန်ုပ်အတွက်ဆိုရလျှင် အသက်ရှင်ခြင်းသည် ခရစ်တော်အတွက်ဖြစ်၏။ သေခြင်းဖြစ်လျှင် ပို၍ အကျိုးရှိ၏။ အခန်းကိုကြည့်ပါ။ |
ငါသည်အဘယ်အခါ၌မျှမိမိ၏တာဝန် မပျက်မကွက်ဘဲအခါခပ်သိမ်း၌လည်း ကောင်း၊ အထူးသဖြင့်ယခုအခါ၌လည်းကောင်း ရဲစွမ်းသတ္တိနှင့်ပြည့်စုံလျက်ငါသည်အသက်ရှင် သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့အစွမ်းရှိသမျှ နှင့်ခရစ်တော်၏ဘုန်းအသရေတော်ထင်ရှား လာနိုင်စေရန်မျှော်လင့်တောင့်တ၏။-
ထိုနောက်ကောင်းကင်မှ``ရေးမှတ်လော့။ ယခုအချိန် မှစ၍သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက် လျက် သေဆုံးသူတို့သည်မင်္ဂလာရှိကြ၏'' ဟုဆို သောအသံကိုငါကြားရ၏။ ဝိညာဉ်တော်ကလည်း ``ဤအတိုင်းမှန်ပေ၏။ သူတို့သည်ဆင်းရဲပင်ပန်း စွာလုပ်ဆောင်ခြင်းမှ ရပ်နားခွင့်ကိုရရှိကြလိမ့် မည်။ အဘယ်ကြောင့်ဆိုသော်သူတို့၏လုပ်ဆောင် ချက်အကျိုးသည် သူတို့နှင့်အတူလိုက်ပါ လျက်ရှိသောကြောင့်ဖြစ်၏'' ဟုမိန့်တော်မူ၏။
ငါမူကားငါတို့သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်မှတစ်ပါး အခြား အဘယ်အရာအတွက်မျှဂုဏ်ယူဝါကြွား လိမ့်မည်မဟုတ်။ ကိုယ်တော်၏လက်ဝါးကပ် တိုင်တော်ကြောင့် ဤလောကနှင့်သက်ဆိုင်သည့် အရာရှိသမျှသည် ငါနှင့်လည်းကောင်း၊ ငါ သည်လည်းဤလောကနှင့်သက်ဆိုင်သည့် အရာရှိသမျှနှင့်လည်းကောင်း အဆက် ပြတ်လျက်ရှိ၏။-
ဘုရားသခင်သည်သင်တို့အားခရစ်တော် ယေရှုနှင့်တစ်လုံးတစ်ဝတည်းဖြစ်စေတော် မူ၏။ ခရစ်တော်အားငါတို့၏ဉာဏ်ပညာ ဖြစ်စေတော်မူ၏။ ကိုယ်တော်အားဖြင့်ဘုရား သခင်သည် ငါတို့ကိုမိမိနှင့်မှန်ကန်စွာဆက် သွယ်စေတော်မူ၍ ငါတို့သည်ဘုရားသခင်၏ လူစုတော်ဖြစ်လျက်လွတ်မြောက်ခွင့်ကိုရရှိ ကြ၏။-