Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နေ​ဟ​မိ 8:16 - Common Language Bible

16 သို့​ဖြစ်​၍​လူ​တို့​သည်​သစ်​ခက်​များ​ကို​ခုတ် ၍ မိ​မိ​တို့​အိမ်​မိုး​ပေါ်၊ အိမ်​ဝင်း၊ ဗိ​မာန်​တော် ဝင်း၊ ရေ​တံ​ခါး​နှင့်​ဧ​ဖ​ရိမ်​တံ​ခါး​အ​နီး ကွက်​လပ်​များ​တွင်​တဲ​များ​ထိုး​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ကိုယ့် တိုက် မိုး ပေါ်၊ ကိုယ့် ဝင်း အ တွင်း၊ ဗိ မာန် တော် တံ တိုင်း တွင်၊ ရေ တံ ခါး နှင့် ဧ ဖ ရိမ် တံ ခါး အ နီး၊ ကျယ် ဝန်း ရာ များ တွင် တဲ ထိုး ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 လူ​များ​တို့​သည် ထွက်​သွား၍၊ သစ်​ခက်​တို့​ကို ဆောင်​ခဲ့​ပြီး​လျှင် အိမ်​မိုး​ပေါ်​မှာ​လည်း​ကောင်း၊ မိ​မိ​ဝင်း​ထဲ၊ ဗိ​မာန်​တော် တံ​တိုင်း​ထဲ​မှာ​လည်း​ကောင်း၊ ရေ​တံ​ခါး​လမ်း​နှင့် ဧ​ဖ​ရိမ်​တံ​ခါး​လမ်း​မှာ​လည်း​ကောင်း သစ်​ခက်​တဲ​များ​ကို လုပ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ထို့ကြောင့် လူ​တို့​သည် ထွက်သွား​၍ သစ်ခက်​များ​ကို​ယူဆောင်​လာ​ကြ​ပြီး မိမိ​တို့​အိမ်ခေါင်မိုးပြင်​၊ အိမ်ဝင်း​အတွင်း​၊ ဘုရားသခင်​၏​အိမ်​တော်​ဝင်း​အတွင်း​၊ ရေ​တံခါး​ရှေ့​ကွင်းပြင်​၊ ဧဖရိမ်​တံခါး​ရှေ့​ကွင်းပြင် စသည်​တို့​၌ ယာယီတဲ​ကို ဆောက်လုပ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 8:16
12 ပူးပေါင်းရင်းမြစ်များ  

တစ်​နေ့​သ​၌​ည​နေ​ခင်း​အ​ချိန်​တွင်​ဒါ​ဝိဒ် သည်​အိပ်​စက်​နား​နေ​ရာ​မှ​နိုး​ထ​၍ နန်း​တော် အ​မိုး​ပေါ်​သို့​တက်​ပြီး​လျှင်​စင်္ကြံ​လျှောက်​နေ စဉ် ရှု​ချင်​ဖွယ်​အ​ဆင်း​လှ​သော​အ​မျိုး​သ​မီး တစ်​ယောက်​ရေ​ချိုး​နေ​သည်​ကို​မြင်​တော်​မူ​၏။-


ယ​ဟော​ရှ​သည်​အာ​မ​ဇိ​ကို​ဖမ်း​ဆီး​ကာ ယေ​ရု ရှ​လင်​မြို့​သို့​ချီ​တက်​၍​မြို့​ရိုး​ပေ​ခြောက်​ရာ ကို​ဧ​ဖ​ရိမ်​တံ​ခါး​မှ​ထောင့်​တံ​ခါး​တိုင်​အောင် ဖြို​ချ​လိုက်​၏။-


ထို​နောက်​သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့ သား​များ​နှင့်​အ​တူ ဗိ​မာန်​တော်​တံ​တိုင်း​သစ် တွင်​စု​ဝေး​ကြ​၏။ ယော​ရှ​ဖတ်​မင်း​သည်​သူ တို့​၏​ရှေ့​သို့​လာ​၍​ရပ်​ပြီး​လျှင်၊-


ဗိ​မာန်​တော်​တံ​တိုင်း​နှစ်​ထပ်​တွင်​ကြယ်​နက္ခတ် များ​ကို​ပူ​ဇော်​ရန်​ယဇ်​ပလ္လင်​များ​ကို​ဆောက် လုပ်​၏။-


စမ်း​ရေ​တွင်း​တံ​ခါး​သို့​ရောက်​သော​အ​ခါ​သူ​တို့​သည် ဒါ​ဝိဒ်​မြို့​သို့​သွား​ရာ​လှေ​ကား​ထစ်​များ​ကို​တက်​၍ ဒါ​ဝိဒ်​နန်း​တော်​ကို​ဖြတ်​ကျော်​ကာ​မြို့​အ​ရှေ့​ဘက်၊ ရေ​တံ​ခါး​အ​နီး​ရှိ​မြို့​ရိုး​သို့​ပြန်​လည်​ရောက်​ရှိ​လာ​ကြ​၏။


ဧ​ဖ​ရိမ်​တံ​ခါး၊ မြို့​ဟောင်း​တံ​ခါး၊ ငါး​တံ​ခါး၊ ဟာ​န​နေ​လ​ပြ​အိုး​နှင့်​ရာပြည့်​ပြ​အိုး​တို့​ကို​ဖြတ်​၍ သိုး​တံ​ခါး​သို့​သွား​ပြီး​နောက်​ဗိ​မာန်​တော်​အ​နီး​ရှိ​တံ​ခါး​တွင်​ရပ်​နေ​ကြ​၏။


သတ္တ​မ​လ​ရောက်​ချိန်​၌​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် မိ​မိ​တို့​မြို့​ရွာ​များ​တွင်​အ​တည် တ​ကျ​နေ​ထိုင်​လျက်​ရှိ​ကြ​၏။ ထို​လ​ပ​ထ​မ ရက်​နေ့​၌​သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​ရေ တံ​ခါး​အ​တွင်း​ကွက်​လပ်​တွင်​စု​ဝေး​ကြ​၏။ သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​ပေး​အပ် တော်​မူ​ခဲ့​သော​ပ​ညတ်​တ​ရား​တော်​ကို ကျွမ်း​ကျင်​သူ ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​အား ပ​ညတ်​ကျမ်း​ကို​ဆောင်​ခဲ့​ရန်​တောင်း​ပန် ကြ​၏။-


တံ​ခါး​အ​နီး​ကွပ်​လပ်​တွင်​မိုး​လင်း​ခါ​စ​မှ မွန်း​တည့်​ချိန်​တိုင်​အောင်​ဖတ်​ပြ​၏။ လူ​အ​ပေါင်း တို့​သည်​အာ​ရုံ​စိုက်​၍​နား​ထောင်​ကြ​၏။


``ယေ​ရု​ရှ​လင်​မြို့​ရှိ​အိမ်​များ​နှင့်​ယု​ဒ​ဘု​ရင် တို့​၏​နန်း​တော်​များ မိ​မိ​တို့​အ​မိုး​ပေါ်​တွင် ကြယ်​နက္ခတ်​များ​အား​နံ့​သာ​ပေါင်း​ဖြင့်​မီး​ရှို့ ပူ​ဇော်​ရာ​အိမ်​များ​နှင့်​အ​ခြား​ဘု​ရား​များ အား စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​သွန်း​လောင်း ကြ​သည့်​အိမ်​မှန်​သ​မျှ​တို့​သည်​တော​ဖက်​မြို့ ကဲ့​သို့ မ​သန့်​စင်​သည့်​အ​ရပ်​များ​ဖြစ်​ရ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


ဤ​မြို့​ကို​တိုက်​ခိုက်​သူ​ဗာ​ဗု​လုန်​အ​မျိုး​သား တို့​သည်​လာ​၍​မီး​ရှို့​ကြ​လိမ့်​မည်။ အိမ်​ခေါင်​မိုး များ​အ​ထက်​တွင်​ဗာ​လ​ဘု​ရား​အား​နံ့​သာ ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​ခြင်း​အား​ဖြင့်​လည်း ကောင်း၊ အ​ခြား​ဘု​ရား​များ​အ​တွက်​စပျစ် ရည်​ပူ​ဇော်​သကာ​ကို​သွန်း​လောင်း​ခြင်း​အား ဖြင့်​လည်း​ကောင်း ငါ​၏​အ​မျက်​တော်​ကို​လူ တို့​လှုံ့​ဆော်​ရာ​အိမ်​များ​နှင့်​အ​တူ ဤ​မြို့ တစ်​မြို့​လုံး​သည်​လောင်​ကျွမ်း​၍​သွား​လိမ့် မည်။-


``သင်​သည်​အိမ်​သစ်​တစ်​ဆောင်​ကို​ဆောက်​သည့် အ​ခါ အ​မိုး​စွန်း​ပတ်​လည်​တွင်​အ​ကာ​အ​ရံ ရှိ​စေ​ရ​မည်။ ထို​သို့​ကာ​ရံ​ထား​လျှင်​တစ်​စုံ တစ်​ယောက်​သော​သူ​သည် အ​မိုး​ပေါ်​မှ​လိမ့် ကျ​သေ​ဆုံး​ခဲ့​သော်​သင်​၏​တာ​ဝန်​မ​ဟုတ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ