နေဟမိ 8:12 - Common Language Bible12 သို့ဖြစ်၍လူအပေါင်းတို့သည်ကြားခဲ့ရ သောကျမ်းစကားကိုနားလည်သဘော ပေါက်သဖြင့် မိမိတို့အိမ်သို့ပြန်၍ပျော်ရွှင် စွာစားသောက်လျက် အစားအစာကိုသူ တစ်ပါးအားဝေမျှကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible12 လူ ပ ရိ သတ် တို့ လည်း၊ ဟော ပြော ချက် ကို နား လည် သော ကြောင့်၊ အား ရ ဝမ်း မြောက် စွာ စား သောက် ခြင်း၊ ဝေ ငှ ခြင်း များ ကို ပြု ရန် သွား ကြ ကုန် ၏။ အခန်းကိုကြည့်ပါ။Judson Bible12 လူအပေါင်းတို့သည် ဟောပြောသော စကားများကို နားလည်သောကြောင့်၊ စားသောက်ခြင်း၊ သူတစ်ပါးတို့အား ဝေမျှခြင်း၊ အလွန်ပျော်မွေ့ခြင်းကို ပြုအံ့သောငှာ သွားကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 လူအပေါင်းတို့သည်လည်း သူတို့အား ရှင်းပြသောစကားများကို ကောင်းစွာနားလည်သဖြင့် စားသောက်ရန်၊ အစားအစာဝေငှရန်နှင့် ပျော်ပွဲရွှင်ပွဲကြီးကျင်းပရန် ထွက်သွားကြ၏။ အခန်းကိုကြည့်ပါ။ |
ယခုအိမ်သို့ပြန်၍ပျော်ရွှင်စွာစားသောက် ကြလော့။ သင်တို့၏အစားအစာနှင့်စပျစ် ရည်ကို မရှိဆင်းရဲသူတို့အားဝေငှကြ လော့။ ဤနေ့သည်ငါတို့ထာဝရဘုရား ၏နေ့မြတ်ဖြစ်သဖြင့် ဝမ်းမနည်းကြနှင့်။ ထာဝရဘုရားထံတော်မှရသောဝမ်း မြောက်ခြင်းသည် သင်တို့ကိုခွန်အားပြည့် ဝလာစေလိမ့်မည်'' ဟုပြောကြားကြ၏။
ထိုနေ့ရက်များသည်ရန်သူတို့အားယုဒ အမျိုးသားတို့သုတ်သင်ပယ်ရှင်းသည့်နေ့ များဖြစ်သည်။ ထိုလသည်သူတို့စိတ်ပျက် ဝမ်းနည်းခြင်းမှဝမ်းမြောက်ရွှင်မြူးခြင်းသို့ ကူးပြောင်းရာလဖြစ်၏။ သို့ဖြစ်၍သူတို့ သည်ထိုနေ့ရက်တို့တွင်ပျော်ရွှင်ပွဲများ ကျင်းပကာ မိမိတို့အချင်းချင်းအား လည်းကောင်း၊ ဆင်းရဲသူများအားလည်း ကောင်းအစားအစာလက်ဆောင်များ ပေးကမ်းကြရန်ဖြစ်ပေသည်။-
သို့ဖြစ်၍ထိုနေ့၌သူတို့သည်ထာဝရ ဘုရား၏ရှေ့တော်တွင်စားသောက်ကာ အလွန်ရွှင်လန်းဝမ်းမြောက်ကြကုန်၏။ သူတို့သည်ရှောလမုန်အားဘုရင်အဖြစ် ဖြင့်ဒုတိယအကြိမ်ကြေညာလေသည်။ သူ့အားမိမိတို့၏ဘုရင်အဖြစ်ဖြင့် လည်းကောင်း၊ ဇာဒုတ်အားယဇ်ပုရောဟိတ် အဖြစ်ဖြင့်လည်းကောင်း၊ ထာဝရဘုရား ၏နာမတော်ကိုအမှီပြု၍ဘိသိက် ပေးကြ၏။-