Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နေ​ဟ​မိ 4:23 - Common Language Bible

23 ငါ​သည်​ညဥ့်​အ​ခါ​၌​ငါ​၏​အ​ဝတ်​များ​ကို မ​ချွတ်။ ငါ​၏​အ​ပေါင်း​အ​ဖော်​များ၊အ​စေ​ခံ များ​နှင့်​ကိုယ်​ရံ​များ​သည်​လည်း​သူ​တို့​၏ အဝတ်​များ​ကို​မ​ချွတ်​ရ​ကြ။ ငါ​တို့​အား​လုံး ပင်​မိ​မိ​တို့​၏​လက်​နက်​များ​ကို​အ​နီး​တွင် ထား​ရှိ​ရ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ငါ နှင့် တ ကွ၊ ညီ အစ် ကို များ၊ ငယ် သား များ၊ လိုက် ပါ သူ ကိုယ် ရံ များ တို့ သည်၊ အ ဝတ် မြဲ လျက်၊ လက် နက် စွဲ လျက်၊ နေ ရ ကြ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ထို​သို့ ငါ​နှင့်​ငါ့​ညီ၊ ငါ့​ကျွန်၊ ငါ့​နောက်၌​လိုက်​သော တပ်​သား​တို့​သည်၊ ကိုယ်​အ​ဝတ်​ကို မ​ချွတ်​ဘဲ နေ​ရ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ငါ​မှစ၍ ငါ့​ညီအစ်ကို​များ​၊ ငါ့​ငယ်သား​များ​၊ ငါ့​နောက်လိုက်​အစောင့်​များ​အားလုံး​သည် ဝတ်စုံ​ကို​မ​ချွတ်​၊ ရေသောက်​သွား​လျှင်ပင် လက်နက်​ကိုင်​သွား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 4:23
8 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​၌​ငါ​က``ငါ​တို့​သည်​ညဥ့်​အ​ခါ မြို့​ကို​ကင်း​စောင့်​၍​နေ့​အ​ခါ​အ​လုပ်​လုပ် နိုင်​ကြ​စေ​ရန် သင်​တို့​နှင့်​သင်​တို့​အား​ကူ​ညီ သူ​ရှိ​သ​မျှ​တို့​သည်​ညဥ့်​အ​ခါ​ယေ​ရု ရှ​လင်​မြို့​တွင်​အိပ်​ရ​မည်'' ဟု​တာ​ဝန် ရှိ​သူ​တို့​အား​ဆို​၏။-


ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ယု​ဒ အ​မျိုး​သား​နှင့်​အ​မျိုး​သ​မီး​အ​မြောက် အ​မြား​တို့​သည် အ​ချင်း​ချင်း​အား​အ​ပြစ် တင်​၍​ညဉ်း​ညူ​ကြ​ကုန်​၏။-


ငါ့​မှာ​ရှိ​သ​မျှ​သော​စွမ်း​ရည်​ခွန်​အား​ကို​မြို့ ရိုး​တည်​ဆောက်​ရာ​တွင်​အ​သုံး​ပြု​၏။ ငါ​သည် အ​ဘယ်​လယ်​မြေ​ကို​မျှ​လည်း​မ​ဝယ်။ ငါ​၏ အ​လုပ်​သ​မား​ရှိ​သ​မျှ​သည်​လည်း​မြို့​ရိုး တည်​ဆောက်​မှု​တွင်​ပါ​ဝင်​လုပ်​ကိုင်​ကြ​သည်။-


ထို​နောက်​ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​အုပ်​ချုပ်​ရန် ငါ့​ညီ​ဟာ​နန်​နှင့်​ရဲ​တိုက်​မှူး​ဟာ​န​နိ​တို့​ကို​တာ​ဝန်​ပေး​အပ်​၏။ ဟာ​န​နိ​သည်​စိတ်​ချ​ယုံ​ကြည်​ရ​သူ၊ ဘု​ရား​သ​ခင်​ကို​အ​ထူး​ကြောက်​ရွံ့​ရို​သေ​သူ​ဖြစ်​၏။-


အ​ချင်း​ချင်း​တစ်​ကောင်​နှင့်​တစ်​ကောင် အ​နှောင့်​အ​ယှက်​လည်း​မ​ဖြစ်​စေ​ကြ။ သူ​တို့​ခံ​တပ်​များ​ကို​ဖြတ်​၍​ပျံ​သန်း ကြ​သော်​လည်း၊ သူ​တို့​အား​အ​ဘယ်​သူ​မျှ​မ​ဆီး​မ​တား​နိုင် ကြ။


သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့် ငါ​သည်​ယ​ခု​အ​ခြေ​အ​နေ​သို့​ရောက်​ရှိ​၏။ ငါ့ အား​ကိုယ်​တော်​ပေး​သ​နား​တော်​မူ​သော​ကျေး​ဇူး တော်​သည်​လည်း​အ​ကျိုး​မဲ့​မ​ဖြစ်။ ငါ​သည်​အ​ခြား တ​မန်​တော်​တို့​ထက်​ပို​၍​ကြိုး​စား​လုပ်​ဆောင်​၏။ ဤ​သို့​လုပ်​ဆောင်​နိုင်​ခြင်း​မှာ​ငါ​၏​စွမ်း​ရည်​ကြောင့် မ​ဟုတ်။ ငါ​နှင့်​အ​တူ​လုပ်​ဆောင်​သော​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကြောင့်​ဖြစ်​၏။-


နား​ထောင်​ကြ​လော့။ ရေ​တွင်း​များ​ပတ်​လည်​တွင်​ဆူ​ညံ​နေ​သော လူ​အုပ်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အောင်​ပွဲ​တော် အ​ကြောင်း​ကို​လည်း​ကောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အောင်​ပွဲ​များ အ​ကြောင်း​ကို​လည်း​ကောင်း​ပြော​ကြား​လျက်​နေ ကြ​၏။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် မိ​မိ​တို့​မြို့​များ​မှ​ချီ​တက်​လာ​ကြ​၏။


မိ​မိ​၏​လူ​တို့​နှင့်​အ​တူ​ဇာ​လ​မုန်​တောင်​သို့ တက်​ပြီး​နောက် ပု​ဆိန်​ဖြင့်​သစ်​ကိုင်း​တစ်​ခု​ကို ခုတ်​၍​ထမ်း​၏။ မိ​မိ​၏​လူ​တို့​အား​လည်း​ထို နည်း​တူ​အ​လျင်​အ​မြန်​ပြု​ရန်​ပြော​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ